ထားဝယ်စီမံကိန်းတွင် တရုတ်ပါဝင်လာရန် ထိုင်းကြိုးပမ်း

0
385

အလျင်အမြန် ရင်းနှီးမြှုပ်နှံခြင်း မပြုဘဲ သတိကြီးစွာစောင့်ကြည့်နေဆဲ ဖြစ်သော ဂျပန်ရင်းနှီးမြှုပ်နှံသူများအစား ထားဝယ်စီမံကိန်းအစောပိုင်းအဆင့် များတွင် တရုတ်ရင်နှီးမြှုပ်နှံသူများ ပါဝင်လာရန် စီမံကိန်းအတွင်းရှိ စက်မှု ဇုန်တည်ဆောက်ရေး လုပ်ပိုင်ခွင့်ရထိုင်း ကုမ္ပဏီက ကြိုးပမ်းလျက်ရှိကြောင်း ထိုင်းနိုင်ငံမှ လာသောသတင်းများအရ သိရသည်။


ထားဝယ်စီမံကိန်း၏ ကနဦးအစိတ် အပိုင်းတစ်ရပ်ဖြစ်သော ၂၇ စတုရန်းကီ လိုမီတာအကျယ်ရှိ စက်မှုဇုန်တည် ထောင်ရန် အီတာလျံ-ထိုင်းနှင့် ရိုဂျာနာ ကုမ္ပဏီတို့ ယမန်နှစ်ဩဂုတ်လ ၅ ရက် နေ့က လုပ်ပိုင်ခွင့်ရရှိပြီးနောက် မြန် ထားဝယ်စက်မှုမြို့တော် ( Myan- DaweiIndustrial Estate – MIE) အမည်ရ ကုမ္ပဏီဖြင့်လုပ်ငန်းလုပ်ကိုင်လျက်ရှိသည်။

ယင်းကုမ္ပဏီသည် ထိုကနဦး စက်မှု ဇုန်တွင် လုပ်ငန်းလာရောက်လုပ်ကိုင် ရန် ဂျပန်ကုမ္ပဏီတို့ကို ဖိတ်ခေါ်နေသော် လည်း နှောင့်နေးနေသဖြင့် တရုတ်လုပ် ငန်းများ ပါဝင်လာရန် စတင်အားထုတ် လျက်ရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက်သတင်းဌာနများတွင် ဖော်ပြကြသည်။
ITD ၏အမှုဆောင်အရာရှိချုပ် ဖြစ် သော ပရီချိုင်းသည် မတ်လဆန်းက တရုတ်ရင်းနှီးမြှုပ်နှံ သူ၁၄ဦးကို နေပြည် တော်သို့ခေါ်ဆောင်လာပြီး ထားဝယ် အထူးစီးပွားရေးဇုန်ဥက္ကဋ္ဌနှင့် အခြားဆက် စပ်သောအစိုးရဌာနများနှင့် တွေ့ဆုံခဲ့ ကြောင်း  MIE  ၏အမှုဆောင် ဒါရိုက်တာ ဆုံချက်သီနာပွန်က ပြောဆို သည်။
” တရုတ်တွေက အခြေခံအားဖြင့် တော့ လမ်းအဆင့်မြှင့်တင်တဲ့နေရာမှာ ဝင်လုပ်ပါမယ်။ ထားဝယ်စီမံကိန်းကနေ ဖူနမ်ရွန်ကို လေးလမ်းသွားအဖြစ် ချဲ့ဖို့ ရောပေါ့ ” ဟုဆုံချက်သီနာပွန်က ဆို သည်။

ထားဝယ်စီမံကိန်းတွင် ပါဝင်လာ နိုင်မည့် တရုတ်လုပ်ငန်းများမှာ နိုင်ငံပိုင် နှင့် ပုဂ္ဂလိကနှစ်ရပ်စလုံးမှ ဖြစ်ကြောင်း ၎င်းကဆိုပြီး King Trillian Company? China Railways Engineering Corporation Comapny (CREC) တို့အပြင်အာရှနှင့် ဥရောပကိုလွှမ်းခြုံအခြေပြုကာစီးပွားရေး ဖွံဖြိုးလာရေး တရုတ်အစိုးရက ရည်မှန်းချက်ထား လုပ် ဆောင်နေသော  Silk Road Fund အမည်ရနိုင်ငံပိုင်ရင်းနှီး မြှုပ်နှံမှုရန်ပုံ ငွေအဖွဲ့လည်း ပါဝင်လာဖွယ်ရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ယင်းတရုတ်လုပ်ငန်းများသည် ထားဝယ် စီမံကိန်းတွင် ပါဝင်ရင်းနှီးမြှုပ် နှံရန် အစိုးရသစ်ထံ အဆိုပြုလွှာတင် ရန် လိုအပ်မည်ဖြစ်သည်။” လာမယ့် အစိုးရသစ်အနေနဲ့ လည်းစီမံကိန်းအပေါ် အကောင်းမြင်လိမ့် မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဆုံချက်က ဆိုသည်။MID  သည် ကနဦးစက်မှုဇုန် ဧရိယာအတွင်း စက်မှုဇုန်၊ လူနေအိမ်ခြေ တို့အတွက်အခြေခံအဆောက်အဦများတည်ဆောက်ရေးမြေပြင်လုပ်ငန်းများ ဆောက်ရွက်နေပြီး ယခုနှစ်ကုန်တွင် ယင်း လုပ်ငန်းများ အပြီးသတ်ရန် မျှော်လင့် ထားသည်။

လတ်တလောတွင်ယင်းစက်မှုဇုန်တွင်လာရောက်လုပ်ကိုင်ရန်လက်မှတ်ရေးထိုးထားသောထိုင်းကုမ္ပဏီမှာ VSI Union ဖြစ်ပြီး အအေးခန်းစက်ရုံတစ်ခု တစ်ဖြစ်သည်။

ယင်းစက်ရုံသည် စက်မှုဇုန်အတွင်း မြေဧရိယာ ၄ ဧက ပေါ်တွင် စက်ရုံတည်ဆောက်မည်ဖြစ်ပြီးပင်လယ်စာထွက် ပစ္စည်းများကို ထုပ်ပိုးပြင်ဆင်ကာထိုင်းနိုင် မှ တဆင့် ပြည်ပတင်ပို့ရန် မှန်းထား သည်။ ထားဝယ်စီမံကိန်းကိုမြန်မာ-ထိုင်း-ဂျပန်အစိုးရတို့ သုံးပွင့်ဆိုင်လုပ်ကိုင်သော စီမံကိန်းအဖြစ် အသွင်ပြောင်းလိုက် သော်လည်း ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရန် အခက်အခဲတွေ့နေ ဆဲဖြစ်သည်။

Sources:
– Than Settakij Weekly 10-12
March 2016
– Infoquest 7 March 2016