တနင်္သာရီတိုင်းတွင် ကမ္ဘာ့သစ်တောများနေ့အခမ်းအနား ပထမဆုံးကျင်းပ

0
453

တနင်္သာရီတိုင်းဒေသကြီးအတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့သစ်တော များနေ့ အခမ်းအနားကို ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ခမောင်းသွယ်ဒေသရှိ အထက် ဆိတ်ဖြုံးရွာတွင် မတ်လ ၂၁ ရက်နေ့က ကျင်းပခဲ့သည်။


အထက်ဆိတ်ဖြုံးရွာအနီးရှိ တော အုပ်အတွင်း ရေတံခွန်နေရာတွင် ကမ္ဘာ့ သစ်တောများနေ့( World Forest Day ) အခမ်းအနားကို ကျင်းပခဲ့ပြီး ကမ္ဘာတွင် အရေးကြီးဆုံးအရာဖြစ်သည့် ရေရရှိ ရေးအတွက် သစ်တောထိန်းသိမ်းနိုင် ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြာင်း အခမ်းအနားကို ဦးဆောင်ကျင်းပသူများ က ပြောသည်။
” အခုလို ရေရှိတဲ့နေရာမှာ ကျင်းပ ဖို့ရွေးရတာက ရေရဖို့အတွက် ဒီသစ် တောတွေရှိနေဖို့ လိုအပ်တယ်ဆိုတာကို ပြချင်လို့ပါ ” ဟု ဦးဆောင်စီစဉ်သူတစ်ဦး က ဆိုသည်။
ဒေသခံများနှင့် အရပ်ဖက်လူမှုအဖွဲ့ အစည်းအချို့က စုပေါင်းကျင်းပခြင်း ဖြစ်ပြီး အခမ်းအနားကို သံဃာတော် တစ်ပါးနှင့် ခရစ်ယာန်ဘာသာရေးခေါင်း ဆောင်များ၊ မေတ္တာမြို့အုပ်ချုပ်ရေးမှူး၊ KNU တပ်မဟာ ၄ စစ်ဘက်ရေးရာ ဗိုလ်မှူးကြီးနှင့် ခမောင်းသွယ်ဒေသခံ များ၊ မြိတ်ခရိုင်မှ ဒေသခံများ၊ NGO များမှ တာဝန်ရှိသူများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများမှ လူ ၃၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
” ဒီနှစ် ပထမဆုံးကျင်းပဖြစ်တာပါ။ နောက်နှစ်တွေကတော့ အခြေ အနေအရ ပဲ ”  ဟု ဦးဆောင်စီစဉ်ရာတွင်ပါဝင်သည့် ဦးစောခိုက ပြောသည်။
မတ်လ ၂၁ ရက်နေ့တွင် ကျရောက် သည့် သစ်တောများနေ့တွင် အထက် ဆိတ်ဖြုံးကျေးရွာအပြင် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ကလုံးထာကျေးရွာတွင် လည်း ကျင်းပခဲ့ကြောင်း သိရသည်။