မြိတ်တွင် နှစ်ချို့ ကုက္ကိုပင် မခုတ်ရန် ကန့်ကွက်

0
463

မြိတ်မြို့နယ် ထားဝယ်စုရပ်ကွက် D လမ်း(ယာယီဈေးလမ်း)ရှိ နှစ်ချို့ ကုက္ကိုပင်ကို မခုတ်ရန် မတ်လ ၂၃ ရက် နံနက်ပိုင်းတွင် သစ်ပင်တွင် ကန့်ကွက် စာများ လာရောက်ချိန်ဆွဲ ထားကြောင်း ယင်းလမ်းနေသူ တချို့ ထံမှ သိရသည်။


“နှစ် ၁၀၀ သစ်ပင်ကြီး ရှားပါးပင် ဘယ်မှာမြင်တွေ့ရပါတော့မလဲ မြင်သမျှ အံ့ဩ၊ သစ်ပင်ကြီး မပျောက်ပျက်အောင် ထိန်းသိမ်းကြပါစို့၊ အပင်ထားပြီး လမ်း လုပ်လို့ရတယ်စဉ်းစားပေးကြပါ ” ” သစ်  တစ်ပင် တန်ဖိုးနားလည်ပါ၊ သစ်ပင်တစ် ပင်ဖြစ်ရန် နှစ်ပေါင်းများစွာ စောင့်ရပါ သည်၊ သစ်ပင်တန်ဖိုး နားလည်ပါသစ် ပင်ခုတ်ရန် ကန့်ကွက်ပါသည်”  စသည့် စာသားများနှင့် ကန့်ကွက်စာတစ်ချို့ တို့ကို ကုက္ကိုပင်တွင် လာရောက် ချိတ်ဆွဲ ထားသည်။

myeik_tree
လာကပ်သူများနေရာတွင် ထားဝယ် စု ရပ်ကွက်သူ ရပ်ကွက်သားများ၊ သစ် ပင်ချစ်များ၊ သစ်ပင်ခုတ်ရန် ကန့်ကွက် သူ၊ ကန့်ကွက်သူတစ်ယောက် စသဖြင့် ရေးသားထားသည်။ အဆိုပါ ယာယီဈေးလမ်း အရှည် ပေ ၃၇၀ အကျယ် ၁၅ ပေရှိ ကိုယ်ထူ ကိုယ်ထ ကတ္တရာလမ်းခင်းရန်အတွက် ဆောင်ရွက်နေစဉ် ယင်းကဲ့သို့ ကန့်ကွက် စာများကို လာရောက်ချိတ်ဆွဲထားခြင်း ဖြစ်ကြောင်း ယင်းလမ်းဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌဦးအင်ဘိုထံမှ သိရ သည်။
“ဈေးက စွန့်ပစ်အမှိုက်တွေကြောင့် ကျန်းမာရေး ဆိုးကျိုးတွေရှိတယ်။ ဒီ ထက်ဆိုးတာက မီးဘေးဖြစ်လာခဲ့ရင် မီးသတ်ကား ဝင်လို့ မရဘူး။ ဒါကြောင့် အပင်ကိုရှင်းရတာ အပင်ရှင်းပြီးမှ လမ်း ခင်းလို့ရမယ် ”  ဟု ဥက္ကဋ္ဌ ဦးအင်ဘိုက ပြောသည်။
ယင်းကဲ့သို့ နှစ်ချို့သစ်ပင်တွင် ကန့်ကွက်စာများ လာရောက်ချိတ်ဆွဲ ထားခဲ့သော်လည်း တရားဝင်ကန့်ကွက် စာများပေးပို့ခြင်း မရှိကြောင်း ယင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ခိုင်ဦး နှင့် မြို့နယ်စည်ပင်မှ တာဝန်ရှိသူတစ်ဦး တို့ကပြောပြသည်။
” ကန့်ကွက်ချင်ရင် ရုံးမှာ လာပြော လို့ရပါတယ်” ဟု အုပ်ချုပ်ရေးမှူး ဦးအောင်ခိုင်ဦးက ပြောသည်။
အဆိုပါ ကုက္ကိုပင်သည် နှစ် ပေါင်း ၁၀၀ ကျော်ခန့် သက်တမ်းရှိ မည်ဖြစ်ပြီး ၎င်းတို့ငယ်စဉ်ကတည်းကပင် အတော် ကြီးနေပြီဟု ထားဝယ်စုရပ်နေ  ၇၈ နှစ် အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ လမ်းခင်းကျင်းရန်အတွက် လမ်းသူလမ်းသားများမှ စုပေါင်းထည့် ဝင်ငွေ ကျပ်သိန်း ၄၀ ခန့်နှင့် မြို့နယ် စည်ပင်မှ လိုအပ်သည့် ကတ္တရာများကို ချထားပေးမည်ဖြစ်ကြောင်း လမ်းဖြစ် မြောက်ရေးကော်မတီမှ သိရသည်။