မော်လမြိုင်-ရေး ဓာတ်အားလိုင်း သွယ်တန်းရန် နစ်နာကြေး ငွေပေးချေရေး ကော်မတီဖွဲ့စည်း

0
591

၂၃၀ ကေဗွီမော်လမြိုင်-ရေးဓာတ် အားလိုင်းနှင့် ၆၆ ကေဗွီမော်လမြိုင် –            သံဖြူဇရပ်ဓာတ်အားလိုင်းသွယ်တန်းရာတွင် မလွတ်ကင်းသည့်ရော်ဘာပင်၊ သီး နှံပင်နှင့် နှစ်ရှည်ပင်များအတွက် ပေးချေ ရန်လျော်ကြေးငွေ၊ နစ်နာကြေးငွေပေး ချေရေးကော်မတီတစ်ရပ်ကို မတ်လဆန်း ပိုင်းက ဖွဲ့စည်းခဲ့ကြောင်း မွန်ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး နိုင်လဝီ အောင်က ပြောကြားသည်။


ဓာတ်အားလိုင်းသွယ်တန်းရန် လမ်း အူကြောင်းရှာခြင်းများ ပြီးစီးနေပြီဖြစ်ပြီး တာဝါတိုင်သွားရာ လမ်းတလျှောက်ရှိ နှစ်ရှည်၊ နှစ်တိုသီးနှံများအတွက်လျှပ် စစ်စွမ်းအားဝန်ကြီးဌာနမှ ပညာရှင်များ၊ လမ်းအူကြောင်းအဖွဲ့နှင့် မြို့နယ်အလိုက် ဖွဲ့စည်းထားသည့်ကော်မတီများ ပေါင်း စပ်ကာ လမ်းအူကြောင်းတစ်လျှောက်ရှိမြေပိုင်ရှင်များနှင့်တွေ့ဆုံ၍ လျော်ကြေး သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်ဟု ဝန်ကြီးက ပြောဆိုသည်။
လျော်ကြေးကိစ္စ ပြီးပြတ်သည်နှင့် ဓာတ်အား စတင်သွယ်တန်းမည်ဖြစ်ပြီးငါးနှစ်အတွင်း ပြီးမြောက်နိုင်ကြောင်း ၎င်းက ဆိုသည်။
”  ရေးမြို့ပြီးတာနဲ့ ဒီလမ်းကြောင်း ကထားဝယ်ကို ဆက်သွားမယ်။ လျော် ကြေးငွေပေးအပ်တဲ့ကော်မတီအနေနဲ့ ဒီအစိုးရလက်ထက်မှာတော့ ကော်မတီဖွဲ့ ထားပြီးပြီပေါ့၊ နောက်အစိုးရသစ် လက်ထက် လျှပ်စစ်ဝန်ကြီးဖြစ်တဲ့သူကဆက်လုပ်ရမှာပေါ့ ” ဟု နိုင်လဝီအောင်က ပြောသည်။
ဓါတ်အားသွယ်တန်းမည့် လမ်းတလျှောက်ရှိမြို့နယ်များဖြစ်သည့် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့အတွက် ကော်မတီတွင် ပြည်နယ်လျှပ်စစ် အင်ဂျင် နီယာကအဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင် ပြီး သက်ဆိုင်သော ကျေးရွာအုပ်ချုပ်ရေးမှူး များအပါအဝင် ဌာနဆိုင်ရာများက အဖွဲ့ဝင်အဖြစ် ပါဝင်သည်။
” လက်ရှိအချိန်အထိတော့အဖွဲ့ဖွဲ့ပြီးတာလောက်ပဲ ရှိပါသေးတယ်၊ ကွင်း ဆင်းတဲ့လုပ်ငန်းတော့ မစသေးပါဘူး” ဟု ရေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးနေမျိုးအောင်က ဆိုသည်။
ယင်းအဖွဲ့များအနေဖြင့် ဓာတ်အား လိုင်း သွယ်တန်းရာလမ်းကြောင်းတစ် လျှောက်ရှိ ဒေသခံပြည်သူများမှဓာတ် အားလိုင်း ဖြတ်သန်းတည်ဆောက်ခြင်းကိုခွင့်ပြုပေးနိုင်ရေးအတွက်လည်း အမြန် ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် ဆောင်ရွက် မှု အခြေအနေကို ပြန်လည်တင်ပြရန် ပြည်နယ်အစိုးရက မတ်လ ၁ ရက်နေ့က စာဖြင့် ထုတ်ပြန်ဖြန့်ဝေထားပြီးလည်း ဖြစ်သည်။