ရေနက်ဆိပ်ကမ်းသွားရာလမ်းတွင် နိုင်ငံခြားသား ၄ ဦး ဆိုင်ကယ်မှောက်

0
478

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘု လယ်ဒေသရှိ ထားဝယ်ရေနက်ဆိပ်ကမ်း သွားရာလမ်းရှိ မူးတူးကျေးရွာအနီးတွင် မတ်လ ၂၅ ရက်နေ့က နိုင်ငံခြားသား ၄ ဦး ဆိုင်ကယ်တိမ်းမှောက်ခဲ့ကြောင်း အမှတ် (၁၈) ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့ထံမှ သိရသည်။


အမေရိကန်နိုင်ငံသား ၃ ဦးနှင့် ဒိန်း မတ် နိုင်ငံသား ၁ ဦးတို့ မောင်းနှင်လာသောဆိုင်ကယ်သုံးစီးသည်နေ့လယ် ၁၂ နာရီခန့်က သဲဖြင့်ဘီးချော်ကာ သုံးစီး စလုံး ဆက်တိုက်တိမ်းမှောက်ခဲ့ခြင်းဖြစ် ကြောင်း အထက်ပါရဲတပ်ဖွဲ့ထံမှ သိရ သည်။
ယင်းနိုင်ငံခြားသား ၄ ဦးတွင် ၃ ဦး မှာ ပေါက်ပြဲဒဏ်ရာများ၊ မေးစေ့ကွဲဒဏ် ရာနှင့် နှာခေါင်းသွေးလျှံခြင်း တို့ကြောင့် အရေးပေါ်လူနာတင်ယာဉ်များဖြင့် ထားဝယ် အထွေထွေရောဂါကုဆေးရုံကြီး ထံ ပို့ဆောင်ပေးခဲ့ပြီး မစိုးရိမ်ရကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။