ထားဝယ်တွင် သင်္ကြန်မဏ္ဍပ်၃ခုသာ ဆောက်ရန်လျာထား

0
463

လာမည့်သင်္ကြန်ကာလအတွက် ထားဝယ်တွင် သင်္ကြန်မဏ္ဍပ် ၃ ခုသာ ဆောက်လုပ်ရန် လျာထားကြောင်း ၂၀၁၆ ခုနစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာ  သင်္ကြန်ပွဲတော် ကျင်းပရေးဦးစီး ကော်မတီ ထံမှ သိရသည်။


ယမန်နှစ်ကထားဝယ်တွင် မဏ္ဍပ် ၆ ခု ရှိခဲ့ပြီး ယခုနှစ်တွင် ရေသုံးစွဲမှုကို လျှော့ချနိုင်ရန်နှင့် အကုန်အကျမများ စေရန်အတွက် မဏ္ဍပ်အရေအတွက်ကို လျှော့ထားခြင်းဖြစ်ကြောင်း တိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီးဦးအောင်ကျော်ကျော်ဦးက ပြော ကြားသည်။

2016_thingyan
“ရေသုံးစွဲတာကိုလျှော့ရင်း အပူချိန် ကိုလည်း ထိန်းရင်းနဲ့ ရေကစားချိန် ကိုလည်း ကန့်သတ်ထားတယ် ”  ဟု ဝန်ကြီး ဦးအောင်ကျော်ကျော်ဦးက ဆိုသည်။ယခင်က အချိန်ကန့်သတ်ခဲ့ဖူးခြင်း မရှိသည့် သင်္ကြန်မဏ္ဍပ်များကို ယခုနှစ် တွင်နံနက် ၆ နာရီမှ ၁၀ နာရီအထိ နှင့် နေ့လယ် ၃ နာရီမှ ည ၆ နာရီအထိ သာကစားခွင့်ကန့်သတ်ထားကြောင်း ၎င်းက ပြောသည်။
လာမည့် သင်္ကြန်ပွဲတော်အတွက် ဌာနဆိုင်ရာ ယိမ်းအဖွဲ့များ၊ မြို့နယ်/ ရပ်ကွက် ယိမ်းအဖွဲ့များ ပြိုင်ပွဲကျင်းပရန် ပြင်ဆင်လျက်ရှိကြောင်း မဟာသင်္ကြန် ဖွင့်ပွဲ အခမ်းအနားနှင့် ဆုချီးမြှင့်ရေး အခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းအောင်က ပြောကြားသည်။