စင်္ကာပူ-မြန်မာချစ်ကြည်ရေး အလှမယ်ရွေးပွဲ မောင်းမကန်သူ ယုဇနထွန်း သွားပြိုင်မည်

0
934

စင်္ကာပူ-မြန်မာချစ်ကြည်ရေး အလှမယ်ရွေးပွဲတွင် Miss Universe Dawei 2015 ၂၀၁၅ အလှမယ် မောင်းမကန်သူ ယုဇနထွန်း သွားရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။


ဇွန်လ ၅ ရက်တွင်ကျင်းပမည့် ယင်းပြိုင်ပွဲတွင်မြန်မာနိုင်ငံမှ အလှမယ် ၁၆ ဦး သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး စင်္ကာပူရောက် မြန်မာအလှမယ်ငါးဦးလည်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း မယုဇနထွန်းကပြောသည်။
“နိုင်ငံတကာစင်မြင့်မှာ လျှောက်ရမယ့်ပထမဆုံးအတွေ့အကြုံဖြစ်လို့ ရင်ခုန် တယ် ”  ဟု မယုဇနထွန်းက ဆိုသည်။
ယင်းပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ရန်အတွက် ရန်ကုန်တွင် လေ့ကျင့်နေကြောင်း ၎င်းက ပြောသည်။