လျှပ်စစ်ကဏ္ဍအတွက် ဘတ်ဂျက် ၆ ဆနီးပါး ပိုတောင်း

0
530

တနင်္သာရီတိုင်းဒေသကြီးအတွင်း လာမည့်နှစ်တွင် လျှပ်စစ်ကဏ္ဍအတွက် ဘတ်ဂျက်ကို ယခင်နှစ်ထက် ၆ ဆ နီးပါး ပိုမိုတောင်းထားကြောင်း တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဝင်းဆွေက ပြောသည်။


လျှပ်စစ်ကဏ္ဍအတွက် ပြီးခဲ့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်က ကျပ် ၄.၆ ဘီလီယံ တောင်းခံခဲ့ပြီး လာမည့် ၂၀၁၆-၂၀၁၇ ခုနစ်အတွက် ကျပ် ၂၅ ဘီလီယံ တောင်းခံထားကြောင်း ဝန်ကြီး ဦးဝင်းဆွေက ပြောသည်။
” အဲဒါကို တိုင်းလွှတ်တော်မှာလည်း အတည်ပြုပြီးပြီ။ အဲဒါကို တောင်းပေးခဲ့ တာပေါ့နော်။ နောက်တက်မယ့်အစိုးရက သက်ဆိုင်ရာဌာနနဲ့ ဆက်လုပ်ရမှာပေါ့ ”  ဟု ဦးဝင်းဆွေက ပြောသည်။
လျှပ်စစ်ဖြန့်ဖြူးနိုင်မည့် ကွန်ရက် များ၊ ထရန်စဖော်မာများကို အဓိက ဖြန့်ကျက်မည်ဖြစ်ပြီး တိုင်းအတွင်းရှိ နေရာအနှံ့ အပြားသို့ လျှပ်စစ်ကွန်ရက် များဖြန့်ကျက်နိုင်မည်ဖြစ်သည်ဟု ၎င်း က ဆိုသည်။
” တို့တိုင်းက သူများတိုင်းတွေနဲ့ ပြောင်းပြန်။ သူများ တိုင်းတွေက National Grid(မဟာဓာတ်အားလိုင်း) ရောက်ပြီး ကွန်ရက်မရှိတာတွေ ကြုံ ရတယ်။ ဒီမှာက National Grid  မရောက်ခင် ကွန်ရက်တွေကြိုပြင် ထား တယ် ”  ဟု ၎င်းက ဆိုသည်။
မဟာဓာတ်အားလိုင်းသို့မဟုတ် အခြားဓာတ်အားလိုင်းတစ်ခုခုဖြင့် တိုင်းအတွင်း လျှပ်စစ်ပေးမည့်အချိန်တွင် တတိုင်းလုံး ဖြန့်ကျက်နိုင်မည့် ကွန် ရက်ကို ပြင်ဆင်နေခြင်းဖြစ်ကြောင်း ဦးဝင်းဆွေက ပြောသည်။
မော်လမြိုင်မှ ရေး-ထားဝယ် မဟာ ဓာတ်အားလိုင်းစီမံကိန်းကို လာမည့် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် စတင်လိမ့်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဝင်းဆွေက ပြောသည်။