” (စည်းကမ်းမဲ့) အမှိုက်ပစ်ဖို့ ရှက်တတ်လာတဲ့ တစ်နေ့ကျရင် ပညာရေးဘက်ကို လှည့်မယ်။”

0
836

လမ်းစအဖွဲ့ တာဝန်ခံ ၂ ၊ ကိုမိုးသူနှင့် တွေ့ဆုံ မေးမြန်းခြင်း

သန့်ရှင်းလှပပြီး စည်းကမ်းပြည့်ဝသော လူအဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာစေရန် ရည်ရွယ်ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က လူငယ်များဖြင့် စတင်ဖွဲ့စည်းခဲ့သည့် မြိတ်မြို့အခြေစိုက် လမ်းစအဖွဲ့၏ လှုပ်ရှားမှုများ ယခုလပိုင်း အတွင်း ခပ်စိပ်စိပ်တွေ့လာရသည်။


ထို့ကြောင့် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အမှိုက်ကောက်ခြင်း၊ လူစည်ကားရာနေရာများတွင် အမှိုက်ပုံးများထားရှိခြင်း၊ ဆေးလိပ်ပြာ အိတ်များဝေငှခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာ အသိပညာမျှဝေခြင်းတို့အပြင် အခြားသော ပရဟိတ လုပ်ငန်းများကို ဆောက်ရွက်လျက်ရှိသည့် လမ်းစပရဟိတလူငယ်များအဖွဲ့နှင့် ပတ်သက်ပြီး တနင်္သာရီ ပရိသတ်များ သိရှိနိုင်ရန် အဖွဲ့၏ တာဝန်ခံ ၂ ကိုမိုးသူရနှင့် တွေ့ဆုံမေးမြန်းချက်များကို ဖော်ပြပေးလိုက်ပါသည်။ko_moe_thu

တနင်္သာရီ။    ။ လမ်းစအဖွဲ့ကို လူသိများသွားတဲ့ လှုပ်ရှားမှုက ဘာဖြစ် မလဲ။
ကိုမိုးသူရ။    ။ အမှိုက်ကောက် တာနဲ့ အမှိုက်ပုံး စထားတဲ့အချိန်မှာ လူသိများလာပါတယ်။

တနင်္သာရီ။    ။ မြိတ်မြို့ အမှိုက် ပြဿနာရဲ့ အဖြေက ဘာဖြစ်မလဲ။
ကိုမိုးသူရ။    ။ အမှိုက်ပြဿနာ ရဲ့အဖြေက အမှိုက်ကားရယ်၊ အမှိုက်ပစ် တဲ့နေရာတွေ လိုနေသေးတယ်။ စည်ပင် ကလည်း အမှိုက်ပစ်ရမယ့်နေရာကို အတိ အကျ သတ်မှတ်မပေးနိုင်ဘူး။ အခု သတ်မှတ် ပေးထားတဲ့နေရာက ဝေးတယ်။ ဘယ်သူမှ သွားမပစ်နိုင်ကြဘူး။ အမှိုက် ကားတွေက လုံလောက်မှု မရှိဘူး။ အနိမ့် ဆုံး တစ်ရပ်ကွက်ကို အမှိုက်ကား တစ်စီး နှုန်း လိုအပ်ပါတယ်။

တနင်္သာရီ။    ။ အမှိုက်ကောက် တာက ကုသတယ်လို့ပြောလို့ရမှာပါ။ကာကွယ်ခြင်းက အကောင်းဆုံးလို့ ပြောကြတယ်။ အမှိုက်များကို စည်းစနစ် တကျ ပစ်ကြရေး ဘာတွေလုပ်ဖို့ရှိပါလဲ။
ကိုမိုးသူရ။    ။ အမှိုက်ကို ခွဲပစ် တတ်အောင် လုပ်ရမယ်။ ခွဲပစ်တတ် အောင်လုပ်ဖို့အတွက် အချိန်တစ်ခုအထိ စောင့်ရမယ်။ ဒီကြားထဲမှာ ပညာပေးတဲ့ အနေနဲ့ လက်ကမ်းစာစောင်တွေ၊ ဆိုင်း ဘုတ်ထောင်တာတွေနှင့် စာပေဟော ပြောပွဲ ပုံစံမျိုး လုပ်သွားမယ်။ အခုအမှိုက် ပစ်တာတွေက သစ်ကိုင်းခြောက်တွေရော မီးဖိုချောင်သုံးပစ္စည်းတွေ Recycle လုပ်မယ့် ပစ္စည်းတွေကို ရောပြီး ပစ်နေ ကြတုန်းပဲ။
တနင်္သာရီ။    ။ ပြီးခဲ့တဲ့တစ်ပတ် က လူတစ်ထောင်ကျော်နဲ့ အမှိုက်ကောက် လှုပ်ရှားမှုဆို အားရကျေနပ်စရာ ကောင်း ပါတယ်။ အဲဒါရဲ့ သက်ရောက်မှုက လူထု ကြားထဲမှာ ဘာတွေ ဖြစ်လာမယ် ထင်လဲ။
ကိုမိုးသူရ။    ။ (စည်းကမ်းမဲ့) အမှိုက်ပစ်ဖို့ ရှက်တတ်လာတဲ့ အသိ တရားတစ်ခုတော့ ရနိုင်မယ်လို့ ထင်ပါ တယ်။
တနင်္သာရီ။    ။ လမ်းစဆိုတဲ့ နာမည်ကို ဘာကြောင့်ရွေးဖြစ်သလဲ။
ကိုမိုးသူရ။    ။ ပထမဦးဆုံး ဗိုလ်ချုပ်ကြေးရုပ်နဲ့ ကန်ဖျားမြေနီလမ်း တစ်လျှောက်မှာ အမှိုက်ကောက်ခဲ့ပြီး နောက်တစ်ပတ်မှာ လမ်းစလို့ နာမည်ပေး ခဲ့တယ်။ အားလုံးကို ရှေ့ကဦးဆောင် လမ်း ပြမှာဖြစ်တဲ့အတွက် ရွေးဖြစ်ခဲ့တာပါ။
တနင်္သာရီ။    ။ ဘယ်လို စိတ်ကူး နဲ့ စုစည်းခဲ့ကြသလဲ။
ကိုမိုးသူရ။    ။ ပြီးခဲ့တဲ့နှစ် ကလေးမြို့ ရေဘေးတုန်းက လူငယ်တွေ စုစည်းပြီး ရေဘေးအလှူခံတာကို စလုပ် တယ်။ အဲဒီအချိန်ကစပြီး ပရဟိတအဖွဲ့ တစ်ဖွဲ့ဖွဲ့မယ်လို့ ရည်ရွယ်ချက်နဲ့ စဖွဲ့ခဲ့ တယ်။ ပရဟိတအနေနဲ့ ဘာလုပ်သင့် လဲ ဆွေးနွေးကြတော့ အမှိုက်ကောက် တာကို စလုပ်ဖြစ်တာပါ။ တစ်သက် လုံးတော့ အမှိုက်မကောက်ပါဘူး။ (စည်း ကမ်းမဲ့) အမှိုက်ပစ်ဖို့ ရှက်တတ်လာတဲ့ တစ်နေ့ကျရင် ပညာရေးဘက်ကို လှည့်မယ်။
တနင်္သာရီ။    ။ အဖွဲ့ရပ်တည်ဖို့ ရန်ပုံငွေကိစ္စ ဘယ်လိုစဉ်းစားထားလဲ။
ကိုမိုးသူရ။    ။ အဖွဲ့ဝင် ၃၅ ဦး ရှိတယ်။ အဖွဲ့ဝင် နြာဘနမ ကြေး ၂၀၀၀ ကျပ်နဲ့ အဖွဲ့ဝင်တစ်ဦးအတွက် တစ်လ လျှင် လစဉ်ကြေး ၁၀၀၀ ကျပ်နှုန်းနဲ့ ရပ်တည်နေတာပါ။ ပြင်ပက အလှူရှင် တွေလည်း ရှိပါတယ်။
တနင်္သာရီ။    ။ လမ်းစအဖွဲ့က မြင်ချင်တဲ့ မြိတ်မြို့က ဘယ်လိုမျိုးလဲ။
ကိုမိုးသူရ။    ။ စင်္ကာပူလိုမျိုး ဖြစ်လာဖို့ မျှော်လင့်ပါတယ်။ အမှိုက် နဲ့ ပတ်သက်ပြီး မြိတ်မြို့သန့်ရှင်းသာယာ လှပရေး ကော်မတီတစ်ခု ဖွဲ့ထားပြီးပြီ။ ကော်မတီက ဆုပေးဒဏ်ပေးစနစ်တွေနဲ့ လုပ်ဖို့အတွက် စဉ်းစားထားတယ်။
တနင်္သာရီ။    ။ စင်္ကာပူလိုမျိုးရော တကယ်ဖြစ်လာမှာလား။
ကိုမိုးသူရ။    ။ ဗီယက်နမ်ဆို နှစ်ပေါင်း ၂၀၊ ထိုင်းက ၁၀ နှစ် ကြာပြီးမှ တကယ်ဖြစ်လာတာတွေ ရှိတယ်။ အမှိုက် နဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့ ပညာ ရှင်တွေက ဘာနဲ့ပညာပေးလဲဆိုရင် မျိုးဆက်တစ်ခု စောင့်ရမယ်။ လူကြီး တွေက အရိုးစွဲအကျင့်စွဲနေပြီ ဖျောက်လို့ မရဘူးဆိုတော့ ကျွန်တော်တို့လည်း လာမယ့် ၆ လပိုင်းကစပြီး စာသင်ကျောင်း က မူလတန်းတွေကို ပညာပေးမယ်။ ဒီ ကလေးငယ်ကစပြီး လုပ်နိုင်တယ်။ ဗီယက်နမ်မှာ ဒီလိုပုံစံနဲ့ပြောင်းလာတာ။
တနင်္သာရီ။    ။အခုလက်ရှိ အချိန်ထိ လမ်းစအဖွဲ့ကလုပ်ဆောင်တဲ့ အမှိုက်ကိစ္စက ဘယ်အတိုင်းအတာထိ အောင်မြင်မှုရနေပြီလဲ။
ကိုမိုးသူရ။    ။တစ်ဆင့်တော့ အောင်မြင်တယ်လို့ပြောလို့ရတယ်။ ကမ်းနားလမ်း(မြစ်ထဲ)မှာ အမှိုက်ပစ် ချတာ သိပ်မတွေ့ရတော့ဘူး။
တနင်္သာရီ။    ။ မြိတ်လူထုကို ဘာပြောချင်ပါသလဲ။
ကိုမိုးသူရ။    ။ ကမ်းနားလမ်း ဘက်မှာ အမှိုက်ပုံးပျောက်တာ၊ အမှိုက် ပုံးတွေကို ပြောင်းပြန် လုပ်ထားတာတွေ ရှိနေတယ်ဆိုတော့ လက်နဲ့လုပ်နေတာ ခြေနဲ့လာဖျက်နေတယ် ဒီလိုမဖြစ်အောင် ဝိုင်းဝန်းပူးပေါင်းပါဝင်ပြီး အမှိုက်ကအစ အား လုံးပြောင်းလဲ ကြပါလို့ ပြောချင်ပါတယ်။