ဟိုက်ဂျက်ကားများအား သီးသန့်ယာဉ်ငယ်လိုင်း ဖွင့်ပေးရန်စီစဉ်

0
469

ထားဝယ်မြို့မှ လောင်းလုံးမြို့နယ် အတွင်းရှိ ဒေသများသို့ တရားမဝင် ခရီး သည်ပို့ဆောင်နေသည့် ဟိုက်ဂျက်ကား များကို ယာဉ်ငယ်လိုင်းဖွင့်ပေးရန် စီစဉ် လျက်ရှိကြောင်း လောင်းလုံးမြို့နယ် ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ(ယ.က.က) ထံမှ သိရသည်။


လုပ်ငန်းလိုင်စင်မရှိသည့် အိမ်သုံး ကား(နံပါတ်အနက်)ကားများဖြစ်သည့် အပြင် နယ်မဝင်ထားသည့် (ဒေသလိုင်စင် မပြောင်းထားသည့်) ဟိုက်ဂျက်ကားများ ဖြင့် ခရီးသည်ပို့ဆောင်နေခြင်းက တရား ဝင်လိုင်းဖြင့် ပြေးဆွဲနေသည့် ကားများ အတွက် ထိခိုက်မှုရှိနိုင်ပြီး ယင်းသို့ယာဉ် ငယ်လိုင်းဖွင့်ပေးရန်စီစဉ်ခြင်းဖြစ် ကြောင်း လောင်းလုံးမြို့နယ် ယ.က.က ဥက္ကဋ္ဌက ပြောသည်။
သီးသန့်ယာဉ်ငယ်လိုင်းများ ဖွင့် မည်ဆိုပါက အနည်းဆုံး ကား ၅ စီး ဖြင့် စတင်ရမည်ဖြစ်ကာ ထိုကားများတွင် နံပါတ်အနီ (လုပ်ငန်းလိုင်စင်) အပြင် သတ်မှတ်ဝင်ကြေး ထည့်သွင်းရန် လို အပ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ လျှောက်ထားနိုင်ကြောင်း မြို့နယ် ယ.က.က ထံမှ သိရသည်။
ယာဉ်လိုင်းများပြေးဆွဲ ရန် မှန်လုံ ယာဉ်ကြီး၊ ကုန်တင်ယာဉ်ကြီး(၇ တန် အထက်) များကို သတ်မှတ်ဝင်ကြေး ကျပ် ၅ သိန်းနှင့် မှတ်ပုံတင်ကြေး  ကျပ် ကျပ် ၃၀၀၀၊ ယာဉ်လတ် (မှန်လုံတင် ယာဉ်လတ်)ကို ဝင်ကြေး ကျပ် ၃ သိန်း နှင့် မှတ်ပုံတင်ကြေး ကျပ် ၂၅၀၀၊ ယာဉ်ငယ် (ဟိုက်လတ်၊ ဒိုင် နာ၊ထော်လာဂျီ)များကို ဝင်ကြေး ကျပ် ၂ သိန်းနှင့် မှတ်ပုံတင်ကြေး ကျပ်၂၀၀၀ ရှိပြီး ဟိုက်ဂျက်ကားကို ဝင်ကြေး ကျပ် ၁ သိန်းနှင့်မှတ်ပုံတင်ကြေး ကျပ် ၂၀၀၀ အသီးသီး သတ်မှတ်ထား ကြောင်း သိရသည်။