ပုလောတွင် ၇ တန်း ကျောင်းသားတစ်ဦး ကြိုးဆွဲချ

0
555

ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာတွင် မတ်လ ၁၃ရက်က ၇ တန်းကျောင်းသား တစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ပုလောမြို့နယ် ရဲစခန်းမှ သိရသည်။

ရှပ်ပုံကျေးရွာ တံမျှားရပ်ကွက် အမက (မူလွန်) ဝါးတန်းကျောင်းတွင် ပညာသင် ကြားနေသည့် ၇ တန်းကျောင်းသား မောင်နိုင်နိုင်စိုးသည်။ မတ်လ ၁၃ရက် နံနက်ပိုင်းတွင် နေအိမ်မှ ပျောက်ဆုံးခဲ့ပြီး ညနေ ၄ နာရီခွဲတွင် ဝါးတန်းဘုန်းတော် ကြီးကျောင်းဝင်းအတွင်းရှိ သီဟိုဠ်ပင်တွင် ကြိုးဆွဲချ သေဆုံးနေကြောင်း ရှပ်ပုံ ကျေးရွာ ဒေသခံများထံမှ သိရသည်။

၎င်းငယ်စဉ်ကပင် မိခင်ဖြစ် သူသည် သေဆုံးခဲ့ပြီး အဖေဖြစ်သူမှာ ကော့သောင်း မြို့တွင် သွားရောက်အလုပ် လုပ်ကိုင်နေ ၍ လက်ရှိမှာ အဖွားဖြစ်သူနှင့် နေထိုင် ကြောင်း ပုလောမြို့နယ်ရဲစခန်းမှ သိရ သည်။
လက်ရှိတွင် ပုလောမြို့နယ်ရဲစခန်းမှ သေမှုသေခင်း နှစ်စဉ်အမှတ်(၁ / ၂၀၁၆) အရ အမှုဖွင့် အရေးယူဆောင်ရွက် နေကြောင်း ဒုရဲမှူးစောနိုင်က ပြောသည်။