မြိတ်ဖောင်ဒေးရှင်း စတင်ဖွဲ့စည်း

0
596

မြိတ်မြို့နယ်အတွင်းရှိ နာရေးကူညီမှု အသင်း သုံးသင်းပေါင်းပြီး မတ်လ ပထမပတ်မှစပြီး မြိတ်ဖောင်ဒေးရှင်းကို စတင်ဖွဲ့စည်းခဲ့ကြောင်း ယင်းနာရေး ကူညီမှုအသင်းတို့ထံမှ သိရသည်။

မြန်မာနိုင်ငံအတွင်း ဒေသတစ်ခုခု တွင် သဘာဝဘေး အန္တရာယ်တစ်ခုခု ဖြင့် ရင်ဆိုင်ကြုံတွေ့သည့်အခါ တစ် ဖက်တစ်လမ်းမှ ပါဝင်လှူဒါန်း နိုင်ရန် အတွက် ဖွဲ့စည်းထားရခြင်းဖြစ်ကြောင်း ချမ်းမြေ့ ကျန်းမာရေးဝန်ဆောင်မှုအသင်း ဒုဥက္ကဋ္ဌ ဦးနိုင်ဦးက ပြောသည်။မြိတ်မြို့နယ်အတွင်းရှိ ချမ်းမြေ့ ကျန်းမာရေး ဝန်ဆောင်မှုအသင်း၊ ကရုဏာ နာ ရေးကူညီမှုအသင်းနှင့် ၀ဋံသကနာရေး ကူညီမှုအသင်း သုံးသင်းပေါင်းပြီး မြိတ် ဖောင်ဒေးရှင်းကို ဖွဲ့စည်းထားခြင်းဖြစ် ကြောင်း ယင်းအသင်းတို့ထံမှ သိရသည်။

” အသင်းတစ်သင်းစီက တစ်လ ငွေငါးသောင်းကျပ်နှုန်း လစဉ် ထည့်ဝင် သွားမယ်” ဟု ကရုဏာ နာရေးကူညီမှု အသင်း ဥက္ကဋ္ဌဦးစိုးဦးက ပြောသည်။
လက်ရှိတွင် အသင်းတစ်သင်းကို ကနဦး မတည်ငွေ ကျပ် ၁၀ သိန်းနှုန်းစီ၊ လုပ်ငန်းရှင်တစ်ဦးမှ ငွေ ကျပ် ၅၀ သိန်း နှင့် စေတနာရှင်တစ်ဦးမှ ကျပ် ၁၀ သိန်း စုစုပေါင်း မတည်ငွေ ကျပ် ၉၀ သိန်းဖြင့် ဖွဲ့စည်း ထားသည်ဟု ကရုဏာနာရေး ကူညီမှု အသင်း မှ သိရသည်။
အဆိုပါ နာရေးကူညီမှုအသင်း များသည် အရေးပေါ်လူနာများနှင့် ဆေးရုံ အတက်အဆင်းပြုလုပ်ကြသည့် လူနာ များအတွက် ကားများဖြင့် ၂၄ နာရီ အခမဲ့ ကြိုပို့ ဝန်ဆောင်မှုပေးလျက် ရှိသည်။