မြိတ်တွင် နှစ်လအတွင်း ယာဉ် တိုက်မှုကြောင့် ရှစ်ဦးသေဆုံး

0
501

မြိတ်မြို့တွင် ၂၀၁၆ ခုနှစ်၊ ဇန်န ဝါရီလနှင့် ဖေဖော်ဝါရီလအထိ ယာဉ် တိုက်မှုကြောင့် သေဆုံးသူ ၈ ဦးရှိ ကြောင်း မြိတ် အမှတ် (၇၆) ယာဉ်ထိန်းတပ်ဖွဲ့ စုမှူးရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။

၂ လအတွင်း အမှုပေါင်း ၂၄ မှု၊ ဒဏ်ရာရသူ ၄၉ဦး၊ သေဆုံးသူ ၈ဦးအထိ ရှိကြောင်း အထက်ပါ ရုံးမှ သိရသည်။
ထို့အပြင် ပုလောမြို့အမှုပေါင်း ၁၁ မှု၊ ဒဏ်ရာရသူ ၁၉ ဦးနှင့် သေဆုံးသူ ၃ ဦး ရှိပြီး တနင်္သာရီမြို့တွင် အမှုပေါင်း ၃မှု၊ ဒဏ်ရာရသူ ၁၂ ဦး၊ သေဆုံးသူ ၂ ဦး ရှိခဲ့ကြောင်း သိရသည်။

မြိတ်မြို့နယ်တွင် နေ့စဉ်နီးပါး ယာဉ် တိုက်မှု ဖြစ်ပွားနေသည့်အတွက် လူမှု ရေးအဖွဲ့များနှင့် သက်ဆိုင်ရာ အဖွဲ့များ က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးမှုများကို ဆောင်ရွက်လျက် ရှိ သော်လည်း လိုက်နာမှု အားနည်း သည့် အတွက် ယာဉ်မတော်တဆမှုများ ဆက် လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။မြိတ်မြို့တွင် ၂၀၁၆ ခုနှစ်၊ ဇန်န ဝါရီလနှင့် ဖေဖော်ဝါရီလအထိ ယာဉ် တိုက်မှုကြောင့် သေဆုံးသူ ၈ ဦးရှိ ကြောင်း မြိတ် အမှတ် (၇၆) ယာဉ်ထိန်းတပ်ဖွဲ့ စုမှူးရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။

၂ လအတွင်း အမှုပေါင်း ၂၄ မှု၊ ဒဏ်ရာရသူ ၄၉ဦး၊ သေဆုံးသူ ၈ဦးအထိ ရှိကြောင်း အထက်ပါ ရုံးမှ သိရသည်။
ထို့အပြင် ပုလောမြို့အမှုပေါင်း ၁၁ မှု၊ ဒဏ်ရာရသူ ၁၉ ဦးနှင့် သေဆုံးသူ ၃ ဦး ရှိပြီး တနင်္သာရီမြို့တွင် အမှုပေါင်း ၃မှု၊ ဒဏ်ရာရသူ ၁၂ ဦး၊ သေဆုံးသူ ၂ ဦး ရှိခဲ့ကြောင်း သိရသည်။

မြိတ်မြို့နယ်တွင် နေ့စဉ်နီးပါး ယာဉ် တိုက်မှု ဖြစ်ပွားနေသည့်အတွက် လူမှု ရေးအဖွဲ့များနှင့် သက်ဆိုင်ရာ အဖွဲ့များ က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးမှုများကို ဆောင်ရွက်လျက် ရှိ သော်လည်း လိုက်နာမှု အားနည်း သည့် အတွက် ယာဉ်မတော်တဆမှုများ ဆက် လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။