မွန်တွင် မြို့နယ် ၃ ခု သောက်သုံးရေ စတင်ပြတ်လပ်

0
448

မွန်ပြည်နယ်ရှိ မြို့နယ် ၃ ခုတွင် သောက်သုံးရေ စတင်ပြတ်လပ်နေပြီ ဖြစ်ကြောင်း ပြည်နယ်မီးသတ် ဦးစီး ဌာနထံမှ သိရသည်။
ပေါင်၊ ဘီးလင်းနှင့် ကျိုက်မရော မြို့နယ်တို့တွင် စတင်ကြုံတွေ့နေရပြီး သက်ဆိုင်ရာ မြို့နယ် မီးသတ် တပ်ဖွဲ့ များက သောက်သုံးရေများ လှူဒါန်း လျက်ရှိကြောင်း အထက်ပါဌာနမှ သိရ သည်။
mon_water
တစ်ပြည်နယ်လုံးရှိ မီးသတ်ကား ၁၁၆ စီးအနက် သောက်သုံးရေ လှူ ဒါန်းရန် မီးသတ်ကား သုံးပုံတစ်ပုံ အသုံး ပြုထားကြောင်း မွန်ပြည်နယ် မီးသတ် ဦးစီးမှူး ဒုတိယညွန်ကြားရေးမှူး ဦးသောင်းထိုက်က ပြောသည်။” ရပ်ကွက်တချို့တွေမှာဆိုရင် ရေ တွင်းအားလုံး ရေခမ်းနေပြီ။ လက်ရှိ မှာတော့ စည်ပင်က တူးထားတဲ့ အဝီစိ တွင်းမှာ သွားခပ်နေရတယ်” ဟု ကျိုက် မရော မြို့ခံတစ်ဦးက ပြောသည်။

မွန်ပြည်နယ်အတွင်း ဖြစ်ပေါ်လာ နိုင်သည့် ရေခန်းခြောက်မှုပြဿနာနှင့် ပတ်သက်ပြီး ကူညီရန် အဆင်သင့် ရှိသော်လည်း အကူအညီ တောင်းခံ လာခြင်း မရှိသေးကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ တိုးတိုးအောင်က ပြောသည်။

ယခုနှစ်သည် အယ်နီညိုကြောင့် သောက်သုံးရေ ပြတ်လပ်နိုင်၍ ရေအခက်အခဲ ဖြစ်လာပါက သက် ဆိုင်ရာ မြို့နယ်မီး သတ်တပ်ဖွဲ့များထံသို့ အကူညီတောင်းခံနိုင်ပြီး မီးသတ်အနေ ဖြင့် သောက်သုံးရေ လှူဒါန်းရန် ကြို တင် ပြင်ဆင်ထားကြောင်း ပြည်နယ် မီးသတ်က ထုတ်ပြန်ထားသည်။
ထို့အတူ သောက်သုံးရေပြတ်လပ် ပါက ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီး ဌာနသို့လည်း အကူအညီတောင်းခံ နိုင် ကြောင်း ထုတ်ပြန်ထားပြီး လူမှုအဖွဲ့ အစည်းများ၊ ပရဟိတအဖွဲ့အစည်းများ ကလည်း ရေအခက်အခဲကို ကူညီဖြေရှင်း ပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထားကြောင်း သိရသည်။