တိုင်းအတွင်း ခရမ်းလွန်ရောင်ခြည် လွန်ကဲအဆင့်ရောက်

0
391

တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရမ်းလွန်ရောင်ခြည်ကျရောက်မှု လွန်ကဲ သည့် အဆင့် ကျရောက်နေသဖြင့် နေပူ ချိန် အကာအကွယ်မဲ့ သွားလာခြင်းကို ရှောင်ကြဉ် သင့်ကြောင်း ထားဝယ် အထွေထွေ ရောဂါကု ဆေးရုံကြီးမှ တာဝန် ရှိသူတစ်ဦးက အကြံပြု ပြောကြားသည်။

ခရမ်းလွန်ရောင်ခြည် မြင့်မားစွာ ကျရောက်နေသည့် နေရောင်ခြည်တွင် အကာအကွယ်မဲ့ အချိန်ကြာမြင့်စွာ နေထိုင် ပါက အရေပြားအပါအဝင် အခြား ကျန်းမာရေး ပြဿနာများ ကြုံတွေ့ရလာ နိုင်ကြောင်း ထားဝယ် ပြည်သူ့ဆေးရုံကြီးမှ အဆိုပါ တာဝန်ရှိသူ ကဆိုသည်။

” အမိုးအကာမဲ့နေရာတွေမှာ အဝတ် အစား အကာအကွယ်မဲ့ လုပ်ဆောင်တာ မျိုး ရှောင်ကြဉ်သင့်တယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
နေပူထဲ မဖြစ်မနေ သွားလာရမည် ဆိုပါက ဦးထုပ်ဆောင်းခြင်း၊ အင်္ကျီလက် ရှည် ဝတ်ဆင်ခြင်း၊ နေကာ မျက်မှန်တပ် ဆင် ခြင်းနှင့် နေရောင်ခြည် ဒဏ်ကို ကာကွယ်နိုင်မည့် ခရမ်လိမ်းပြီးမှ သွား လာသင့်ကြောင်း ၎င်းက ပြောကြားသည်။

မတ်လ ၁၀ ရက်တွင် တိုင်း အတွင်း ရှိ ကောသောင်းမြို့နှင့် ထားဝယ်မြို့တို့ တွင် ခရမ်းလွန်ရောင်ခြည် ကျရောက်မှု မှာ လွန်ကဲသည့်အဆင့် ရောက်ရှိနေကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင် က ပြောကြားထားသည်။