အစိုးရသစ်အတွက် ခေါင်းလောင်းသံ

0
433

အစိုးရအဖွဲ့ဟောင်း မဆင်းခင် ရက်ပိုင်း အလိုလေးမှာပဲ မျက်နှာပျက် စရာဖြစ်စဉ်တစ်ခု ထားဝယ်မှာ ဖြစ်ခဲ့တာ သတင်းစိတ်ဝင်စားသူများ သိကြ မှာပါ။
ထားဝယ်မြို့ ညောင်ရမ်းတောင် ရပ်မှာရှိတဲ့ အအေးခန်း စက်ရုံအလုပ် သမားနဲ့ အလုပ်ရှင်ကိစ္စမှာ ထားဝယ် ရဲကိုကိုတွေ စည်းလွတ်ဘောင်လွတ် ဝင်ထိန်းရာက ဖြစ်သွားတဲ့ ဖြစ်စဉ်ပါဗျ။

ဒီဖြစ်စဉ်ဟာ အစိုးရအဖွဲ့ဟောင်း အတွက် ထားဝယ်ရဲကိုကိုတွေရဲ့ နှုတ်ဆက်လက်ဆောင် ဖြစ်သလို အစိုး ရ အဖွဲ့သစ်အတွက် သတိပေး ခေါင်း လောင်းထိုးသံလည်း ဖြစ်ပါသဗျ။ ဖြစ် စဉ်ကတော့ သတင်းစာဂျာနယ်တွေမှာ ပါနေပြီးသားမို့ ဗြတ်စာ ထပ်မပြော တော့ပါဘူး။
ပဋိပက္ခဖြစ်စဉ်တွေကို ဘယ်လို ကိုင်တွယ်မလဲဆိုပြီး သင်တန်းပေး ပေး နေတာကလည်း ပေးကား ပေး၏ မရ၊ ဟောရင်းသာ ပျံလွန်တော်မူရ ဆိုတဲ့ ကိန်း ဆိုက်နေပါပြီ။

ခုဖြစ်စဉ်ကြောင့် ဗြတ်စာ ခေါင်းထဲ ရောက်လာတာက ဒီလိုအပြုအမူ အကျင့် စရိုက်တွေ၊ ခြစားမှုတွေနဲ့ ပြည့်နေ၊ အသားကျ နေပြီဖြစ်တဲ့ အဖွဲ့အစည်းမျိုးနဲ့ ဘယ်လို ရှေ့ဆက်ခရီးသွားကြမလဲ ဆို တာပါပဲ။
မြန်မာတစ်နိုင်ငံလုံးက ရဲတပ်ဖွဲ့ တွေကို အသာထား။ ဗြတ်စာတို့ ဒေသ တွင်း ရဲတပ်ဖွဲ့ကိုပဲ ကွက်ပြီး တင်ပြချင်ပါ သဗျ။
” ငါးခုံးမတစ်ကောင်ကြောင့် တစ် လှေလုံး ပုပ်နေရတယ်” လို့ ပြောလာနိုင် စရာရှိပေမယ့် ပုပ်နေတဲ့ ငါးခုံးမက တစ်ကောင်မကတာမို့ ဒေသတွင်း တရား ဥပဒေစိုးမိုးဖို့အတွက် အခက်သား ရယ်။

ဒေသတွင်း ဥပဒေ စိုးမိုးရေးအတွက် “ပြည်သူတွေ ပူးပေါင်းပါဝင်ပါ။ ပြည်သူ က ပူးပေါင်းပါဝင်ပါ ” လို့ ဓာတ်ပြား ဟောင်း အပ်ကြောင်း ထပ်လောက်အောင် အော်နေပေမယ့်လည်း ဘယ်ပြည်သူက ဒီလိုလက်ရဲဇက်ရဲ သမားတွေ၊ ဥပဒေနဲ့ အညီ ထိန်းသိမ်းကိုင်တွယ်ရမှန်း မသိ သူတွေနဲ့ ဘယ် ပူးပေါင်းချင်ပါ့မလဲဗျာ။

ဟုတ်ကဲ့ ပူးပေါင်းပါလိမ့်မယ်။ ရပ်ကွက်ထဲက အချောင်ရ အချောင် နှိုက်မယ့် လူဆိုးလေးတွေ၊ သတင်း ပေးတွေကတော့ ပူးပေါင်း ပါဝင်လိမ့် မပေါ့ဗျာ။
နောက်ကြုံတုန်း ဒီနေရာမှာ ဗြတ်စာ တစ်ခုတော့ မေတ္တာရပ်ခံချင်ပါသဗျ။ ဒီလို ပြဿနာဖြစ်စဉ်တွေထဲမှာ ရပ်ကွက် မီးသတ်တွေကို ဆွဲဆွဲမထည့်ဖို့ပါ။ ဒါလည်း အစဉ်အဆက် အစိုးရတွေက ကြားခံအဖြစ် ခုတုံးလုပ်ခဲ့တဲ့ နည်းနာ တွေဗျ။ ပြည်သူတွေ မီးဘေး အန္တရာယ် ကင်းဝေးဖို့အတွက် အဓိက တာဝန်ရှိတဲ့ အရန်အင်အားအဖြစ်ထားတဲ့ ရပ်ကွက်မီး သတ်တွေကို ရပ်ရွာ လုံခြုံရေး အကြောင်း ပြပြီး ဒီလိုဖြစ်စဉ်မျိုးတွေမှာ ရှေ့ထွက် မင်းသား လုပ်ခိုင်းတာဟာလည်း မသင့် တော်ဘူးလို့ ဗြတ်စာထင်ပါတယ်။ မီးသတ်တွေအပေါ်မှာ ပြည်သူတွေက အမြင်စောင်းလာသလို ယူနီဖောင်း ဝတ်မြင်ရင်တောင် ကန့်လန့် လုပ်ချင် စိတ်ပေါ် လာတဲ့အထိ အရိုးစွဲနေပြီဆိုတာ သတိချပ် သင့်ပါသဗျ။ ဒါကြောင့်မို့ နောင်တက်တော်မူကြမယ့် အစိုးရမင်း များအနေနဲ့ မီးသတ် တပ်ဖွဲ့ဝင်တွေကို ကြားခံ တစ်ခုအဖြစ် အသုံးမချဘဲ မူလပင်ရင်း တာဝန်ဖြစ်တဲ့ ရပ်ရွာ မီးဘေးနဲ့ အခြား ဘေးအန္တရာယ်ကာ ကွယ်တားဆီးရေး ကိစ္စတွေမှာသာ တာဝန်ကျေပွန်အောင် အားပေး တိုက် တွန်းသင့်ကြောင်း အကြံပြုလိုပါသဗျာ။

ဆိုလိုတာက ဘယ်အဖွဲ့ အစည်း မဆို ကိုယ့်တာဝန် ကိုယ်ကျေပွန် ကြဖို့ ပါ။ ကိုယ့်တာ ကိုယ်လုံကြဖို့ပါ။
ကိုယ့်တာဝန်ကိုယ်ကျေပွန်ကြပြီး ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ကြရင် အလုပ်လုပ်ရတာလည်း အဆင်ပြေမှာ ခင်ဗျ။
ပြီးခဲ့တဲ့ တစ်ပတ်တုန်းကတင် တိုင်း ဒေသကြီး ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စား သုံးသူရေးရာ ဦးစီးဌာနက စားသောက် ကုန်တွေနဲ့ ပတ်သက်ပြီး ကျောင်းတွေ ရပ်ကွက်တွေ ဆိုင်တွေမှာ ဘယ်လောက် ပညာပေးဟောဟော..ကုန်ပစ္စည်း ဝင်ပေါက်တွေကို အဓိက စစ်ဆေး ရာဖြစ်တဲ့ အကောက်ခွန် ဦးစီးဌာနက ထိထိရောက်ရောက် စစ်ဆေးနိုင်ခြင်း မရှိရင် စားသုံးသူရေးရာ ကိစ္စတွေမှာ ထိရောက်မှု မရှိနိုင်ကြောင်း ပြောလိုက် တာ ဖတ်လိုက်ရပါတယ်။
ဗြတ်စာတို့ တနင်္သာရီတိုင်း ဒေသ ကြီးဟာ နယ်စပ်ဒေသ လည်းဖြစ်တာမို့ ဒီနယ်စပ်ကနေ ဝင်လာတဲ့ ကုန်ပစ္စည်း တွေကို အဓိက ထိန်းသိမ်းစောင့်ကြပ်ကြည့် ရှုရမယ့် ဌာနတစ်ခုက တာဝန်မဲ့ နေမယ်ဆိုရင်လည်း နိုင်ငံတော်ရဲ့ အခွန်ငွေ ထိခိုက်နိုင်သလို ဒေသတွင်း ပြည်သူတွေအတွက် ကျန်းမာရေး ကိစ္စတွေ ပါထိခိုက်နိုင်တယ်ဆိုတာ သတိပေး ခေါင်းလောင်းသံထိုးလိုက် သလိုပါပဲ ခင်ဗျ။

ဒီအချက်တွေကတော့ ဒီတစ်ပတ် နှစ်ပတ်အတွင်း ဒေသတွင်း ဖြစ်ပျက်ခဲ့ တာတွေနဲ့ ပတ်သက်ပြီး ဗြတ်စာ တွေးမိတာလေး တွေပါခင်ဗျ။
တကယ်တော့ မကြာခင် ရက် ပိုင်းအတွင်း တာဝန်လွှဲပြောင်း လက်ခံ ရတော့မယ့် အစိုးရအဖွဲ့သစ်အနေနဲ့ အမှိုက်ပုံကြီးကို စိတ်ရှည်ရှည် နဲ့ရှင်းရ မယ့် အနေအထားဗျ။

ပြဿနာ ခေါင်းစဉ် ပေါင်းများစွာ၊ မြေမြှုပ်မိုင်း ပေါင်းများစွာကို ပညာသား ပါပါထားခဲ့တာတွေကို အောင်မြင်စွာ ဖြေရှင်း နိုင်ပါစေကြောင်းနဲ့ အခြားသော ခေါင်းလောင်းသံများကိုလည်း နားစွင့် ထားစေလိုပါကြောင်း ဆရာကြီး လုပ် လိုက်ပါရစေဗျာ။ ။