ပြည်တော်အေးစေတီ တပေါင်းလပြည့်နေ့ စိန်ဖူးတော်တင်မည်

0
541

ပြည်တော်အေးစေတီတော် စိန်ဖူး တော်တင်ပွဲနှင့် ရွှေသင်္ကန်း ကပ်လှူ ပူဇော်ပွဲအား တပေါင်းလပြည့်နေ့ ( မတ်လ ၂၃ ရက်) တွင် တပြိုင်နက် တည်း ကျင်းပမည်ဖြစ်ကြောင်း ပြည်တော် အေး ဂေါပကအဖွဲ့ထံမှ သိရသည်။ကျပ်သိန်းပေါင်း ၅၇၀ ကုန်ကျ မည်ဖြစ်ပြီး ယခုအကြိမ်သည် တတိယ အကြိမ်မြောက် ဖြစ်ကြောင်း အဆိုပါ ဂေါပကအဖွဲ့မှ ဆိုသည်။

” ၂၀၀၈ ခုနှစ်ကတည်းက ဆိုတော့ ၈ နှစ်လောက်ရှိပြီ၊ ဒါကြောင့်ဒီနှစ်မှာ ရွှေသင်္ကန်းအသစ်ပြန်လည်ကပ်လှူ ပူဇော်ဖို့၊ ၇ ရက်သားသမီးအလှူငွေ တွေနဲ့ အကောင်ထည် ဖော်ဖြစ်သွား တာပါ” ဟု ပြည်တော်အေးစေတီ ဂေါပ က ဥက္ကဋ္ဌ ဦးချစ်ဆွေက ဆိုသည်။
ပြည်တော်အေးစေတီသည် ကော့သောင်းမြို့၏ အထင်ကရ စေတီ တစ်ဆူဖြစ်ပြီး ခရီးသွား ဧည့်သည်များ အား လေ့လာရေး ပို့ဆောင်သည့် အစီ အစဉ်တွင် အဓိက ပါဝင်သော စေတီ တစ်ဆူ ဖြစ်သည်။