မြိတ် ကမ်းနားတွင် လူအင်အား ၁၅၀၀ ကျော်ဖြင့် အမှိုက်ကောက်

0
388

မြိတ်မြို့တွင် စည်ပင်သာယာ ရေးအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကုမ္ပဏီများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူများ ဘက်ပေါင်းစုံမှ လူအင်အား ၁၅၀၀ ကျော်ဖြင့် ကမ်းနားလမ်းတစ် လျှောက်တွင် မတ်လ ၉ ရက်၊ နံနက်က အမှိုက်ကောက်ခဲ့ကြသည်။

rabbish_in_myeik
ကမ်းနားလမ်းတစ်လျှောက်တွင် စည်းကမ်းမဲ့ အမှိုက်များအား လာရောက် စွန့်ပစ်မှုကြောင့် သန့်ရှင်းသာယာ လှပ ရေးအတွက် စည်ပင်သာယာရေး အဖွဲ့၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၊ လမ်းစ ပရဟိတလူငယ်အဖွဲ့၊ ပြည်ဖြိုးထွန်းကုမ္ပဏီ၊ MFD ကုမ္ပဏီ နှင့် AMP ကုမ္ပဏီတို့နှင့် မြို့ခံများ စုပေါင်းအမှိုက်ကောက်ခဲ့ကြောင်း လမ်းစ ပရဟိတအဖွဲ့ထံမှ သိရသည်။

” တချို့အမှိုက်ပုံတွေက လူအင် အားနဲ့ ကောက်လို့မရဘူး။ ဘာလို့ လဲ ဆိုတော့ ပုလင်းကွဲနဲ့ ငါးဖမ်းပိုက်စုတ် တွေရှိနေတော့ ကောက်ရ ခက်တယ်။ ဒါတွေကို လာမယ့် ရှေ့အပတ်ထဲမှာ စက်ယန္တရားတွေသုံးပြီး ကမ်းနားလမ်း အမှိုက်လုံးဝ ရှင်းအောင် လုပ်ဖို့ရှိတယ်” ဟု လမ်းစ ပရဟိတ လူငယ်အဖွဲ့မှ ကိုမျိုးသူရက ပြောသည်။

ကမ်းနားလမ်းတစ်လျှောက်တွင် နံနက် ၇ နာရီမှ ၉ နာရီအထိ စုပေါင်း အမှိုက်ကောက်ခဲ့ပြီး၊ ပြည့်ဖြိုးထွန်း ကုမ္ပဏီမှ လှူဒါန်းထားသည့် အစိမ်း ရောင် အမှိုက်ပုံးများကို ချထားမည်ဖြစ် ကြောင်း လမ်းစ ပရဟိတ အဖွဲ့ထံမှ သိရသည်။