ထားဝယ်မြို့ပေါ် လမ်းများတွင် ခုံတုံးဖယ်ရန် စည်ပင်စာထုတ်

0
415

ထားဝယ်မြို့၊ အဓိက လမ်းမကြီး များတလျှောက်ရှိ နေအိမ်များအရှေ့တွင် လမ်းနှင့် ပလက်ဖောင်းအကြား ခုံတုံးများ ဖယ်ရှားပေးရန် အတွက် ထားဝယ်မြို့ နယ်စည်ပင်သာယာရေးအဖွဲ့မှ မတ်လ ၁၀ ရက်က နေအိမ်မျာသို့ စာထုတ် အကြောင်းကြားခဲ့သည်။

နေအိမ်အရှေ့ လမ်းနှင့် ပလက် ဖောင်းကြားတွင် ကွန်ကရစ်ခုံ၊ သံခုံ၊ သစ်သားချောင်းနှင့် အုတ်ခဲများ ထားကာ ယာဉ်အတက်အဆင်းပြုလုပ်နေခြင်းက မြို့အင်္ဂါရပ်မညီညွတ်ဘဲ ရေစီးရေလာကောင်းမွန်ရေးအဟန့်အတားဖြစ်နိုင်ခြင်း နှင့် ယာဉ်အန္တရာယ်ဖြစ်စေနိုင်ခြင်းတို့ ကြောင့် မတ်လ ၁၂ ရက်နေ့ နောက်ဆုံး ထားဖယ်ရှားပေးရမည်ဖြစ်ကြောင်း စည်ပင်ကအကြောင်းကြားသည့် စာအရ သိရသည်။

” အဲဒါတွေကို ဖယ်ပေးဖို့ဆိုရင် ပလက်ဖောင်းကို နှိမ့်ချပေးစေချင်တယ်။ အိမ်ထဲ ဆိုင်ကယ်၊ ကားဝင်လို့ရအောင် ပြေပြေပြစ်ပြစ်လုပ်ပေးစေချင်တယ်” ဟု ထားဝယ်မြို့ မြိတ်လမ်းမနံဘေးတွင် နေထိုင်သည့် အသက် ၆၀ အရွယ် အမျိုးသားကြီးတစ်ဦးက ပြောသည်။မြိတ်လမ်းပေါ်ရှိ ပလက်ဖောင်း များမှာ အခြားလမ်းများရှိ ပလက်ဖောင်း များထက် ပိုမြင့်တက်နေခြင်းကြောင့် ဆိုင်ကယ်၊ ကားများဝင်ရောက်ရန် ခက်ခဲ နေပြီး သက်ကြီးရွယ်အိုများ အတက် အဆင်းခက်ခဲခြင်းတို့ကြောင့် လတ်တ လော သွားလာရ လွယ်ကူစေရန် ပလက် ဖောင်းနှင့် လမ်းမအကြား သစ်သားပြား များခင်းထားရသည်ဟု ယင်းလမ်းတစ် လျှောက်နေထိုင်သူများက ပြောသည်။

“ကောင်းအောင်ဆောင်ရွက်ပေးတာ ကိုတော့ နားလည်ပါတယ်။ ဒေသခံပြည် သူတွေရဲ့ အခက်အခဲကိုလည်း ပြေလည် အောင် ဖြေရှင်းပေးစေချင်တယ်”ဟုမြို့ခံ တစ်ဦးက ဆိုသည်။

မတ်လ ၁၂ ရက်နေ့ နောက်ဆုံး ထား၍ ဖယ်ရှားပေးခြင်းမရှိပါက တနင်္သာရီ တိုင်းဒေသကြီး၊ စည်ပင်သာယာရေး ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၏အကြောင်းကြားစာအရ သိရသည်။