ထားဝယ်ဆေးရုံကြီးတွင် အပူရှပ် လူနာများအတွက် ကြိုပြင်

0
455

ယခုနှစ်နွေရာသီသည် အယ်နီညို နှစ်ဖြစ်သဖြင့် အပူချိန်မြင့်တက်လာရာမှ ဖြစ်ပေါ်လာနိုင်သည့် အပူရှပ် လူနာ များအား ကုသနိုင်ရန်အတွက် ကြိုတင် ပြင်ဆင်ထားကြောင်း ထားဝယ် အထွေ ထွေရောဂါကု ပြည်သူ့ဆေးရုံ ကြီးထံမှ သိရသည်။

အယ်နီညိုနှစ်တွင် အပူရှိန်မြင့်မား ခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကော်မတီဖွဲ့ခြင်း၊ အသိပညာပေး ဆွေး နွေးခြင်း ဆောင်ရွက်လျက်ရှိပြီး ဆေးရုံ ကြီးသို့ အပူရှပ်လူနာများ ရောက်ရှိလာ ပါက ပြင်ပလူနာဌာနတွင် ကုတင် ၁၀ လုံး ထားရှိထားသည့်အပြင် အတွင်း လူနာအဖြစ် တက်ရောက်ကုသရမည့် လူနာများအတွက် အဲယားကွန်း တပ်ဆင် ထားသည့် အခန်းနှစ်ခန်းတွင် လူနာ ခြောက်ဦး ထားရှိနိုင်ရန် စီစဉ်ထားပြီး ဆေးဝါးမှအစ အခမဲ့ကုသပေး သွား မည်ဟု ထားဝယ်ဆေးရုံကြီးမှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။

“အခုချိန်ထိတော့ အပူရှပ်လူနာ ရောက်မလာသေးပါဘူး” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
အပူရှပ်ခြင်းမဖြစ်စေရန် ပြည်သူ့ ကျန်းမာရေးမှ ထုတ်ပြန်ထားသည့် အပူ ဒဏ်အန္တရာယ် ကာကွယ်ရေး လမ်း ညွှန်ချက်အတိုင်း လိုက်နာရန် လိုအပ် ကြောင်း အဆိုပါ တာဝန်ရှိသူက အကြံပြုပြောကြားသည်။

အပူရှပ်ခြင်းကြောင့် သတိလစ် မေ့မြောခြင်း၊ ကြွက်တက်ခြင်းတို့မှ တဆင့် အသက်သေဆုံးသည်အထိ ဖြစ် ပွားနိုင်သည်။
၂၀၁၆ ခုနှစ်သည် အယ်နီညို ရာသီဖြစ်သဖြင့် မြန်မာပြည်တစ်ဝန်း ယခင်နှစ်ထက် အပူချိန်မြင့်တက်နိုင်ပြီး အပူချိန် ၄၅ဒီဂရီခန့်အထိ ရောက်ရှိနိုင် ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောကြားထားသည်။