ရဲတပ်ဖွဲ့ဝင်ကြောင့် အလုပ်သမား သေဆုံးခဲ့သည့် ထားဝယ် ငါးအအေးခန်းစက်ရုံ၌ အလုပ်သမားများ အနိမ့်ဆုံးလစာ မရရှိဟုဆို

0
393

မတ်လ ၇ရက်နေ့က ရဲတပ်ဖွဲ့၏ ရိုက်နှက်မှုကြောင့် အလုပ်သမား သေဆုံး ခဲ့ရသည့် (ဟိုင်ယွမ်)ငါးအအေးခန်း စက်ရုံတွင် အလုပ်သမားများ နိုင်ငံတော်မှ သတ်မှတ်ထားသည့် အခြေခံ အနိမ့်ဆုံး လစာ တစ်ရက် ၃၆၀၀ ကျပ်နှုန်း မရရှိ သည့်အပြင် အလုပ်သမား အခွင့်အရေး အပြည့်အဝမရခဲ့ကြောင်း ယင်းစက်ရုံ အလုပ်သမားများထံမှ သိရသည်။

ငါးအအေးခန်းစက်ရုံတွင် အလုပ်ဝင် ချိန် နံနက် ၈ နာရီအဖြစ် သတ်မှတ်ထားပြီး နေ့လယ် ထမင်းစားနားချိန်မှာ ပုံမှန်သီး သန့် သတ်မှတ်ပေးထားခြင်းမရှိဘဲ ကုန်ကြမ်းဝင်သည့်အပေါ် မူတည်ကာ နေ့လယ် ၁ နာရီခန့်အထိ အလုပ်လုပ်ကြ ရပြီး ထမင်းစား နားချိန်မှာလည်း မိနစ် သုံးဆယ်ခန့်သာရှိကြောင်း အလုပ်သမား ခေါင်းဆောင် ကိုဝေဖြိုးသူက ဆိုသည်။” အလုပ် ဝင်ချိန်ထွက်ချိန်ကို တိတိ ကျကျ သတ်မှတ်ပေးစေချင်တယ်” ဟု အလုပ်သမားခေါင်းဆောင် ကိုဝေဖြိုးသူ က ပြောသည်။

အလုပ်သမား ၉၀ ဝန်းကျင်ရှိသော ယင်းစက်ရုံတွင် ညနေပိုင်း အလုပ် ဆင်းရာတွင်လည်း တစ်ပတ်လျှင် ၅ ရက်ခန့်မှာ ည ၁၁ နာရီ ခန့် အထိ အလုပ် ဆင်းရပြီး အချိန်ပိုကြေးမရရှိဘဲ ငါးကုန် ကြမ်းဝင်သည့်အပေါ်မူတည်ကာ တစ်ကီလို လျှင် ၁၅ ကျပ်နှုန်းဖြင့် အလုပ်ဆင်းသည့် အလုပ်သမားများ ညီတူညီမျှ ခွဲဝေကြ သည်ဟု ကိုဝေဖြိုးသူက ဆက်ပြောသည်။ယင်းစက်ရုံမှာ အလုပ်ပိတ်ရက် မရှိဘဲ ရက်မှန်ကြေးအဖြစ် တစ်လလျှင် ငွေ ၈၀၀၀ ကျပ် ထပ်ဆောင်းပေးကာ နေ့တစ်ဝက်အလုပ်မဆင်းပါက တစ်ရက် စာ လုပ်အားခ ဖြတ်တောက် ခဲ့သည့်အပြင် ရက်မှန်ကြေးမှ ၃၀၀၀ ကျပ် ထပ်မံဖြတ် တောက်ခံခဲ့ရပြီး ရက်မှန်ကြေး ကုန်ပါက မူရင်းလစာထဲမှ ပြန်ဖြတ်သည်ဟု အဆိုပါ စက်ရုံ၏ စာရေးဖြစ်သူ ကိုမျိုးဇော်အောင် ကဆိုသည်။
” အလုပ်ရှင် အလုပ်သမား ဥပဒေပါ အတိုင်း ခံစားခွင့်ရချင်တယ်” ဟု စာရေး ဖြစ်သူ ကိုမျိုးဇော်အောင်က ပြောသည်။

အလုပ်သမားများမှာ အနိမ့်ဆုံး လစာ ၄၅၀၀၀ ကျပ်မှ အများဆုံးလစာမှာ ၁ သိန်းခန့်သာရရှိခဲ့ပြီး လုပ်သက်တစ်နှစ် ပြည့်ပါက တစ်သောင်းကျပ်သာ တိုးပေး ကြောင်း လုပ်သက် ၁၀ နှစ်ရှိပြီဖြစ်သည့် အလုပ်သမား ကိုငွေတိုးဦးက ဆိုသည်။ကုန်ကြမ်းအဝင်များသည့်ရက်များ တွင် ပိတ်ရက်မရှိ ဆက်တိုက် လုပ်ဆောင် စေပြီး ကုန်ကြမ်းရှားပါးသည့် အချိန်များ တွင် ၇ရက်ခန့်အထိ အလုပ်နားရသည် များလည်း ရှိကြောင်း အဆိုပါ ငါးအအေး ခန်းစက်ရုံမှ မန်နေဂျာဖြစ်သူ ဦးအောင် စိုးနိုင် ကဆိုသည်။

” အချိန်ပိုကြေးကို ပုံမှန် ပေးတာ တော့ မရှိဘူး၊ ကီလိုကြေး ပေးတာတော့ ရှိတယ်” ဟု မန်နေဂျာ ကိုအောင်စိုးနိုင် ကပြောသည်။
အလုပ်စဝင်သည့် အလုပ်သင် အလုပ် သမားများအားပေးသည့်လစာမှာ သတ်မှတ် ထားသည့် နှုန်းဖြစ်သည့် တစ်ရက် ၃၆၀၀ ကျပ် မပြည့်သော်လည်း လုပ်ငန်း ကျွမ်း ကျင်လာသည့် အချိန်အတိုင်းအတာ တစ်ခု ရောက်ရှိပါက သတ်မှတ်နှုန်းထား အတိုင်း ပေးဆောင်နေကြောင်း တုံ့ပြန် ပြောဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ စက်ရုံအလုပ် သမားများမှ မတ်လ ၈ ရက်နေ့တွင် သက်ဆိုင်ရာ အလုပ်သမား ရုံးသို့ သွား ရောက်တင်ပြ တိုင်ကြားခဲ့ကြောင်း အလုပ် သမားများထံမှ သိရသည်။

အလုပ်သမား သေဆုံးမှု ကိစ္စရှင်း ပြီးပါက အလုပ်ရှင် အလုပ်သမား စာချုပ် ပါအတိုင်း ဖြစ်စေရန် အမြန်ဆုံးဆောင် ရွက် စိစစ်ဆောင် ရွက်ပေးသွားမည်ဟု ထားဝယ်မြို့နယ် အလုပ်သမား ညွှန်ကြား ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။”ဆိုင်ရာဥပဒေပါအတိုင်း ဆောင် ကြဉ်းပေးသွားမယ်” ဟု အဆိုပါ တာဝန် ရှိသူ ဦးသန်းဦးက ပြောသည်။အလုပ်ရှင်ဖက်မှ စည်းကမ်း မလိုက် နာခြင်းမျိုး ရှိနိုင်သလို အလုပ်သမားဖက် မှလည်း စည်းကမ်း မလိုက်နာခြင်းရှိနိုင် သည့်အတွက် သွားရောက်စည်းကြပ်သွား မည်ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

အဆိုပါစက်ရုံမှာ မတ်လ ၇ ရက်နေ့ ညပိုင်းတွင် အလုပ်ရှင်နှင့် အလုပ်သမား အချို့ စကားများ ရန်ဖြစ်ကြ သည့်အပေါ် ရပ်ကွက် တာဝန်ရှိသူများမှ အကူအညီ တောင်းသဖြင့် ရဲတပ်ဖွဲ့မှ ဝင်ရောက် ဖြန်ဖြေစဉ် ရုန်းရင်ဆန်ခတ်ဖြစ်ပွားခဲ့ပြီး ယင်းစက်ရုံမှ အလုပ်သမားတစ်ဦးမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့သည်။