ငါးအအေးခန်းစက်ရုံ အလုပ်သမား သေဆုံးမှု တိုင်းရဲမှူးကြီး တောင်းပန်

0
477

ထားဝယ်မြို့ ညောင်ရမ်းတောင်ရပ် ကွက်ရှိ (ဟိုင်ယွမ်) ငါးအအေးခန်းစက်ရုံ တွင် မတ်လ ၇ ရက်နေ့ ညပိုင်းက ရဲတပ် ဖွဲ့၏ရိုက်နှက်မှုကြောင့် သေဆုံးသွား ခဲ့သည့် ဖြစ်ရပ်အပေါ် တနင်္သာရီတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက စက်ရုံသို့ သွားရောက် တောင်းပန်ခဲ့သည်။

တိုင်းရဲတပ်ဖွဲ့မှူးသည် အဆိုပါ ငါးအအေးခန်းစက်ရုံရှိ အလုပ်သမားများ နှင့် မတ်လ ၁၀ ရက်နေ့ ညနေပိုင်းတွင် စက်ရုံ၌ တွေ့ဆုံကာ ဖြစ်စဉ်ဖြစ်ပွားပြီး လူသေဆုံးမှုအပေါ် ညီအစ်ကို တစ်ဦးဆုံး ရှုံးရသလို ဝမ်းနည်းရပြီး ရဲတပ်ဖွဲ့တာဝန် ရှိသူတစ်ဦးအနေနှင့် တောင်းပန်ပါကြောင်း စက်ရုံမန်နေဂျာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် သတင်းထောက်အချို့ ရှေ့မှောက်တွင် ရဲမှူးကြီးက ပြောကြားခဲ့သည်။

မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့ရသည့် ယင်း အကြောင်းအရာအပေါ် ရဲတပ်ဖွဲ့ တာဝန်ရှိ သူများမှ လိုအပ်သည့် စစ်ဆေးအရေး ယူမှုများပြုလုပ်နေပြီး ပြည်သူများအပေါ် နောင်မဖြစ်စေရန် တာဝန်ယူ လုပ်ဆောင် သွားမည်ဟု တိုင်းရဲမှူးကြီး နေမျိုးကဆို သည်။
“ပြဿနာတစ်ခုအပေါ် ခေါင်းအေး အေးနဲ့ သေချာရှင်းပြပြီး ဖြေရှင်းသွားဖို့လို တယ်” ဟု အလုပ်သမားများနှင့်တွေ့ဆုံ ပွဲတွင် ရဲမှူးကြီး နေမျိုးက ပြောသည်။
အလုပ်သမားများအနေနှင့် ယင်း စက်ရုံတွင် အလုပ်ဆက်လက်လုပ်ကိုင် မည်ဆိုပါက ဆက်လုပ်နိုင်ပြီး ယင်း အပေါ် ရဲတပ်ဖွဲ့အပေါ် မည်သည့်သက် ရောက်မှုမျှမရှိကြောင်း၊ လိုအပ်သည့် အကြံဥာဏ်များလည်း တောင်းခံနိုင်ပြီး တစ်ဦးနှင့်တစ်ဦး အမြင်ရှင်းရန်လိုအပ် ကြောင်း ရဲမှူးကြီးက ဆက်ပြောသည်။

ရဲမှူးကြီးက ထိုကဲ့သို့ လာရောက် ရှင်းပြ ပြောဆိုသည့်အတွက် ကျေနပ် ကြောင်း စက်ရုံအလုပ်သမားတစ်ဦးက ဆိုသည်။
တိုင်းရဲတပ်ဖွဲ့မှူးက ယခုလို လာ ရောက်ပြောကြားခဲ့သည့်အတွက် မထင် မှတ်ဘဲ ဖြစ်သည့်ကိစ္စအပေါ်တွင် အလုပ် သမားများဘက်မှ အမြင်ရှင်းသွားနိုင် ကြောင်း စက်ရုံမန်နေဂျာ ကိုအောင်စိုးနိုင် ကပြောဆိုသည်။

မတ်လ ၇ ရက်နေ့ ညပိုင်းတွင် အလုပ်ရှင်နှင့် အလုပ်သမားအချို့ စကားများရန်ဖြစ်ရာမှ ရပ်ကွက်တာဝန်ရှိ သူများ သွားရောက်ဖျန်ဖြေရာ အဆင်မ ပြေဖြစ်ရာမှ ရဲတပ်ဖွဲ့ထံ ရပ်^ကျေး တာဝန် ရှိသူများက ဆက်သွယ်အကြောင်း ကြား သဖြင့် ရဲတပ်ဖွဲ့မှ သွားရောက်ညှိနှိုင်း ဖျန်ဖြေရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရဲတပ်ဖွဲ့ဝင်တစ်ဦးရိုက်နှက်မှုကြောင့် အလုပ်သမားတစ်ဦး သေဆုံးသွားခဲ့သည်။

ဖြစ်စဉ်တွင်ပါဝင်သည့် အလုပ်သမား၊ ရပ်ကွက်တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင် များအား တိုင်းရဲတပ်ဖွဲ့မှူးရုံးတွင် ခုံရုံးဖွဲ့ စစ်ဆေးနေပြီး ရိုက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် အား ပြစ်မှုပုဒ်မ၃၀၂ဖြင့် ထားဝယ်မြို့မ ရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီးထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ဖြစ်စဉ် ဖြစ်ပွားစဉ်တွင် တာဝန်ကျ တိုင်းရဲတပ်ဖွဲ့မှူးမရှိဘဲ ရဲမှူးကြီးနေ မျိုးမှာ မတ်လ ၁၀ နေ့တွင်မှ စတင်ပြောင်း ရွေ့တာဝန်ထမ်းဆောင်ခြင်း ဖြစ်သည်။
ယခင် ရဲမှူးကြီး ကြည်လင်းမှာ ဖေဖော်ဝါရီလ တတိယအပတ်ကတည်း က တာဝန်မှ ပြောင်းရွေ့သွားခဲ့သည်။