ထားဝယ်တွင် ကျပ် ၁၀ သိန်းဝန်းကျင်တန် တစ်ပတ်ရစ်ဆိုင်ကယ်များ အရောင်းသွက်

0
564

ထားဝယ်တွင် ဖေဖော်ဝါရီလမှစ၍ ကျပ် ၁၀သိန်းဝန်းကျင် တန်ဖိုးရှိ တစ် ပတ်ရစ် ဆိုင်ကယ်များ ပိုမိုအရောင်း သွက်လာကြောင်း ဆိုင်ကယ်ဈေးကွက် အတွင်းမှ သိရသည်။

တစ်စီးလျှင်ကျပ် ၁၂ သိန်းခန့် တန်ဖိုး ရှိသည့် ၂၀၀၈ ၊၂၀၀၉ နှင့် ၂၀၁၀ခုနှစ် တို့က ထုတ်ခဲ့သည့် ထိုင်းနိုင်ငံထုတ် Wave I အမျိုးအစား တစ်ပတ်ရစ် ဆိုင်ကယ်များနှုင့် နှင့်ကျပ် ၉သိန်းခန့် တန်ဖိုး ရှိသည့် ထိုင်း-ဗီယက်နမ်ဖက်စပ် ထုတ် Wave 110 (ကနုတ်)အမျိုးအစား တစ် ပတ်ရစ်ဆိုင်ကယ်များ အဓိက အရောင်း အဝယ်ဖြစ်လာသည်ဟု ထားဝယ် မြို့ရှိ ကိုသက်နိုင်ဆိုင်ကယ် ရောင်းဝယ် ရေးမှ ကိုစုကမ်းက ဆိုသည်။
cycle_kamyawgin
“လူလတ်တန်းစားတွေ ဝယ်စီးကြ တာများတယ်”ဟု ကိုသက်နိုင်ဆိုင်ကယ် ရောင်းဝယ်ရေးမှ ကိုစုကမ်းက ပြောသည်။
ယခင်က တစ်ပတ်လျှင် ၄စီး၊ ၅ စီး ခန့်သာရောင်းရသည့် ယင်းဆိုင်ကယ် များသည် ဖေဖော်ဝါရီလလယ်ပိုင်းမှ စ၍ ဝယ်သူပိုများလာပြီး တစ်ပတ်လျှင် ၉ စီးအထိ ရောင်းရသည်ဟု ယင်းဆိုင်ကယ် ရောင်းဝယ်ရေးထံမှ သိရသည်။

ယင်း တစ်ပတ်ရစ်ဆိုင်ကယ်များမှာ ရောင်းသူနည်းပါးပြီး ဝယ်ယူလိုသူများ နေသည်ဟု ဆိုင်ကယ်အရောင်းအဝယ်ပြု လုပ်သူတစ်ဦးက ဆိုသည်။
” ၉ သိန်းဝန်းကျင်တန် ဆိုင်ကယ် တွေက ကောင်းကောင်းစီးရလို့(မဟောင်း သေးသည့်အတွက်) ဝယ်ကြတာဖြစ် တယ်” ဟု ကိုခေါင်းဖြူက ဆိုသည်။
ထားဝယ်ဒေသတွင် တစ်ပတ်ရစ် ဆိုင်ကယ်ဈေးနှုန်းမှာ ဆိုင်ကယ် အမျိုး အစားနှင့် ထုတ်လုပ်သည့် ခုနှစ်အပေါ် မူတည်ကာ ဈေးနှုန်းကွာခြားမှုရှိသည်။
ဝယ်တွင် ကျပ် ၁၀ သိန်းဝန်းကျင်တန် တစ်ပတ်ရစ်ဆိုင်ကယ်များ အရောင်းသွက်