Johson & Johson တံဆိပ် ကလေးပေါင်ဒါသုံးပြီး အသားနီသည်ဟု ပြန်ပြောသူများရှိလာ

0
375

ထားဝယ်တွင် Johson & Johson တံဆိပ် ကလေး ပေါင်ဒါအသုံးပြုပြီး အသားနီလာသည်ဟု သုံးစွဲသူများက ပြန်လာပြောဆိုမှုများရှိသည်ဟု ထား ဝယ်မြို့ရှိ အလှသစ် ရှော့ပင်းစင်တာရှိ ကလေးအသုံးအဆောင်ကောင်တာထံမှ သိရသည်။

Johson & Johson ကုမ္ပဏီသည် ကလေးပေါင်ဒါတွင်ပါဝင်သည့် တယ် လ်ကမ် ဓာတ်ပစ္စည်းပါဝင်ခြင်းကြောင့် ရေရှည်အသုံးပြုခဲ့သည့်အမေရိကန် အမျိုးသမီးတစ်ဦး သားဥအိမ်ကင်ဆာဖြင့် သေဆုံးခဲ့သည်ဆိုသည့် တရားစွဲဆိုမှု အပေါ် ကုမ္ပဏီက ဒေါ်လာ ၇၂ သန်း လျော်ကြေးပေးခဲ့ရပြီးနောက် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ယင်းကုမ္ပဏီ၏ ထုတ်ကုန် များကို စောင့်ကြည့်နေသည့် ကုမ္ပဏီဖြစ် သည်။
” Johson & Johson ထုတ်ကုန်သုံး ပြီး အသားနီလာတယ်လို့လာပြောတဲ့ သူသုံးလေးယောက်လောက်ရှိပြီ” ဟု ထားဝယ်မြို့အလှသစ်စင်တာရှိ ကလေး အသုံးဆောင်ကောင်တာမှ အရောင်းဝန် ထမ်းက ပြောသည်။

ယင်းပေါင်ဒါကို ယခင်က တစ် ပတ်လျှင် ဘူး ၂၀ ခန့်မှာယူရပြီး ယခု တစ်ပတ်အတွင်းတွင်မူ ပစ္စည်းမကုန် သေးခြင်းကြောင့် မမှာရသေးဘဲ ဝယ်ယူ သူနည်းလာသည်ကို သတိထားမိ ကြောင်း ၎င်းကဆိုသည်။

“ရောဂါဖြစ်လို့ လာပြောတာမျိုး တော့မရှိပါဘူး” ဟု တော်ဝင်ဦး ဘေဘီ စတိုးမှ တာဝန်ရှိသူက ပြောသည်။ Johson & Johson ထုတ်ကုန် ကလေး ပေါင်ဒါ (BabyPowder) ကို ရေရှည်သုံးစွဲ ခဲ့သောအသက် (၆၂) နှစ် အရွယ်အမေရိ ကန် အမျိုးသမီးတစ်ဦးသည်ယင်းပေါင် ဒါတွင်တယ်လ်ကမ်ပါဝင်သော ဓာတ်ပစ္စည်း ကြောင့်သားဥအိမ် ကင်ဆာဖြစ်ကာ သေဆုံးခဲ့ရသဖြင့်အဆို ပါအမျိုးသမီး၏မိသားစုဝင်များကို ကုမ္ပဏီက လျော်ကြေး ငွေဒေါ်လာ၇၂ သန်း ပေးဆောင်ရန် အမေရိကန် တရား ရုံးက ဖေဖော်ဝါရီ ၂၄ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း နိုင်ငံတကာသတင်းဌာနများအရ သိရ သည်။