တရားမဝင် စားသောက်ကုန်ပစ္စည်းအကောက်ခွန်ဦးစီးဌာန ထိရောက်စွာ မစစ်ဆေးနိုင်ဟုဆို

0
357

ပြည်ပမှ ဒေသအတွင်းသို့ ကုန်းလမ်း နှင့် ရေလမ်းမှတစ်ဆင့် တရားမဝင် ဝင်ရောက်နေသည့် စားသောက်ကုန် ပစ္စည်းများကို စစ်ဆေးခွင့်ရှိသည့် အကောက်ခွန်ဦးစီးဌာနတွင် တာဝန်ရှိ ပြီးထိရောက်စွာ မစစ်ဆေးနိုင်ကြောင်းတနင်္သာရီတိုင်းဒေသကြီး ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ပြောကြား သည်။

ကုန်တင်သင်္ဘောများနှင့် ကုန် တင်လှေ များသည် နယ်စပ်ကုန်သွယ်ရေး ဝင်ပေါက်ဖြစ်သည့် ကော့သောင်းမြို့ နယ်စပ် (Check Point) စစ် ဆေးရေး ဂိတ်သို့ ဝင်ရောက်အစစ်ဆေးခံခဲ့သော် လည်း ထိရောက်စွာ စစ်ဆေးနိုင်ခြင်းမရှိခဲ့သည့်အပြင် ယင်းကုန်ပစ္စည်းများချရာ မြိတ်မြို့နှင့် ထားဝယ်မြို့ ဆိပ်ကမ်းများ သို့ ရောက်ရှိချိန်တွင်လည်းအကောက်ခွန်ဦးစီးဌာနက ထိရောက်စွာစစ်ဆေး နိုင်ခြင်းမရှိကြောင်း တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်စွာဝင်းက ဆိုသည်။
“တရားမဝင် စားသောက်ကုန် ပစ္စည်းတွေ မဝင်ရောက်နိုင်အောင် သက် ဆိုင်ရာဌာနအားလုံးရေရှည်အကျိုးအတွက် ပူးပေါင်းဆောင်ရွက်သင့်တယ်” ဟု တိုင်းဦးစီးမှူး ဦးကျော်စွာဝင်းက ပြော သည်။
unlegal_food
မစားသုံးသင့်သည့် စားသောက် ကုန်များအကြောင်းကို စားသုံး သူကာကွယ်ရေးမှ လိုက်လံဟော ပြောနေသော်လည်း တရားမဝင် တင်သွင်းလာသည့် စားသောက်ကုန် များ တင်သွင်းခွင့်ပြု နေပါက ဒေသကို အများဆုံး ထိခိုက်နိုင် သကဲ့သို့ စားသုံးသူကာကွယ်ရေး အသင်း၏ လုပ်ဆောင်ချက်များမှာလည်း ထိရောက်မှုမရှိနိုင်ကြောင်း ဦးကျော်စွာ ဝင်းက ဆိုသည်။သက်ဆိုင်ရာဌာနများအနေဖြင့် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နိုင်ပါက စားသုံးသူကာကွယ်ရေးအတွက် ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်လိမ့်မည်ဟု ၎င်းက ပြောသည်။

ကော့သောင်းဖက်မှ ထားဝယ်ဆိပ် ကမ်းသို့ ထိုင်းနိုင်ငံထုတ် လိုင်စင်မဲ့ ဘီယာပါကင်သောင်းချီ တင်ဆောင်လာ သည့် သင်္ဘောများတစ်လလျှင် နှစ်စီး နှုန်းဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီအထိ ပုံမှန်ဝင် ရောက်လျှက်ရှိကြောင်း ထားဝယ် မြို့မှ ယမကာ လက်လီ လက်ကား ရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ယင်းသို့ တရားမဝင်လိုင်စင်မဲ့ ဘီယာ များ ထားဝယ်ဆိပ်ကမ်းသို့ ဝင်ရောက် နေခြင်းမှာ ဌာနအချို့ ပါဝင်ပတ်သက် နေမှုကြောင့် ဝင်ရောက်လာနိုင်ခြင်း ဖြစ် ကြောင်း အထက်ပါလုပ်ငန်းရှင်က ဆို သည်။

“ဒီလို တရားမဝင်ပစ္စည်းတွေဒေသမှာရောင်းချပြီး ဒေသခံကုန်သည်ငယ် တွေလက်ထဲမှာ မိရင်ဒေသခံကုန်သည် တွေပဲနစ်နာတယ်” ဟု ၎င်း ပြောသည်။
ယင်းကဲ့သို့ ဆိပ်ကမ်းသို့ ဝင်ရောက် ရန်အတွက် အကောက်ခွန် ဦးစီးဌာန ထံငွေကျပ် သိန်းဆယ်ချီပေးရပြီးတင်သွင်း လာသည့် ပစ္စည်းများမှာ ထိုင်းနိုင်ငံထုတ် ပစ္စည်းများဖြစ်သည့်အတွက် ထိုင်းလုပ် ငန်းရှင်များက မြန်မာနိုင်ငံဌာနဆိုင် ရာများအပေါ် အထင်သေးကာမြန်မာ လူမျိုးများအတွက် သိက္ခာကျစရာဖြစ်ခဲ့ရ သည်ဟု အဆိုပါလုပ်ငန်းရှင်က ဆို သည်။

ယင်းသို့ တရားမဝင်တင်သွင်းနေ ခြင်းကြောင့် နိုင်ငံတော်အခွန်ငွေများနစ် နာရသည့်အပြင် စားသုံးသူပြည်သူများ အတွက်လည်း ခိုးဝင်ပစ္စည်းဖြစ်သော ကြောင့် အရည်အသွေးပိုင်းယုံကြည်စိတ် ချရမှု မရှိသည့်အတွက် ကျန်းမာရေးအန္တ ရာယ် ရှိနိုင်ကြောင်း ထားဝယ်သို့ရေလမ်း ခရီးမှ ကုန်စည်ပုံမှန်တင်သွင်းနေသည့်ကုန်သည်ကြီးတစ်ဦးက ဆိုသည်။

“နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် အကျိုးမရှိဘဲ လူတစ်စုအတွက်သာ အကျိုး ရှိနေတယ်”ဟု အဆိုပါကုန်သည်က ပြောသည်။
လိုင်စင်မဲ့ ကုန်ပစ္စည်းများကို ကုန်းလမ်းမှ တင်သွင်းပါက သယ်ယူ စရိတ် ကြီးမြင့်သည့်အတွက် တွက်ခြေ မကိုက်ဘဲ ရေလမ်းကြောင်းကိုသာ အဓိ ကထား တင်သွင်းနေကြပြီး အများဆုံးဝင် ရောက်သည့် စားသောက်ကုန်ပစ္စည်းမှာ ကန့်သတ်ထားသည့်အရက်၊ဘီယာများဖြစ်ကာ ကျန်သည့်ကုန်ပစ္စည်း (ဘိလပ် မြေကဲ့သို့သော)များမှာ တရားဝင် တင် သွင်းနေသည့်ပမာဏထက် ပိုမိုတင်သွင်း နေကြသည်ဟု၎င်းက ဆိုသည်။

ထိုင်းနိုင်ငံမှ တရားမဝင်ဝင်ရောက် လာသည့် စားသောက်ကုန်ပစ္စည်းအချို့မှာ ပစ္စည်းအရည်အသွေးလျော့ကာ (ထိုင်း နိုင်ငံထက်သက်သာသည့်ဈေး) အနိမ့် ဈေးဖြင့် တင်ပို့ရောင်းချနေသည့်အတွက် စားသောက်ကုန် ဘေးအန္တရာယ်ကင်းရှင်း မှုအပေါ် စိတ်ချရမှုမရှိကြောင်း ၎င်းက ဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ တနင်္သာရီ အပတ်စဉ်မှ မတ်လ ၃ ရက်ညနေတွင် မြို့နယ်အကောက်ခွန်ဦးစီးဌာနရုံးသို့ သွား ရောက်မေးမြန်းခဲ့ရာ မြို့နယ် အကောက်ခွန် ဦးစီးမှူးက ၎င်းအနေဖြင့် ဖြေဆိုခွင့်မရှိသည့်အတွက် တိုင်းဒေသ ကြီး အကောက်ခွန်ဦးစီးမှူးအား မေးမြန်ရန် ပြန်လည်ပြောဆိုခဲ့သည်။
တိုင်းဒေသကြီး အကောက်ခွန်ဦးစီး မှူးအား မေးမြန်းရန် ကြိုးပမ်းခဲ့သော် လည်း မတ်လ ၃ ရက်နေ့ညနေက အပြင် သွားသည်ဟုဆိုကာ တွေ့ခွင့်မရခဲ့သော ကြောင့် မတ်လ ၄ ရက် နံနက်ပိုင်းတွင် ထပ်မံသွားရောက်၍ တိုင်းဦးစီးမှူးအား တွေ့ဆုံရန် ကြိုးပမ်းခဲ့သော်လည်းခရီးထွက်နေသည်ဟုဆိုခြင်းကြောင့် တွေ့ဆုံ မေးမြန်းခွင့်မရခဲ့ပေ။