ကျွန်းစုပင်လယ်ရေပြင်တွင် လေတပ်မှ ပစ်ခတ်လေ့ကျင့်ရန် ရေကြောင်း သတိပေးချက် ထုတ်ပြန်

0
394

မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်ရှိ ကုလားကျွန်းတွင် မြိတ်ခရိုင်လေတပ် စခန်းဌာနချုပ်မှ မတ်လ ၁ ရက်နေ့မှစပြီး စမ်းသပ် လေ့ကျင့်ပစ်ခတ်မှု ပြုလုပ် သဖြင့် ခရီးသွား ရေယာဉ်များ၊ ငါးဖမ်း လှေများ လေ့ကျင့်ဧရိယာအတွင်း ဖြတ် သန်းသွားလာခြင်း မပြုရန် ရေကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။

မြိတ်ခရိုင် လေတပ်စခန်းဌာနချုပ် ကွပ်ကဲမှုအောက် အမှတ်(၅၇) ရဟတ် ယာဉ်အုပ်စုရှိ အမ်အိုင်-၂ ရဟတ်ယာဉ် များဖြင့်ကုလားကျွန်း(ခေါ်)ကျွန်း ဆင်းရဲ၌ ဝေဟင်-မြေပြင် စမ်းသပ် လေ့ကျင့် ပစ်ခတ်ခြင်းများကို မတ်လ ၁ ရက်၊ မတ်လ ၃ ရက်နှင့် ၄ ရက်နေ့ တို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၉ ရက်စွဲဖြင့် ထုတ်ပြန်သည့် မြိတ်-ကျွန်းစု ခရီးသည်တင်အမြန် ရေယာဉ်များသို့ ပေးပို့ထားသော ရေ ကြောင်း အသိပေးချက်ကြို တင်ထုတ် ပြန်စာတွင် ရေးသားဖော်ပြထားသည်။

မြိတ်-ကျွန်းစု ခရီးသည်တင် အမြန် ရေယာဉ်များ ၃ ရက်တာ ပြေးဆွဲမှု ရပ်နားထားခဲ့ရကြောင်း မြိတ်-ကျွန်းစု အမြန်ရေယာဉ် အသိုင်းအဝိုင်းမှ သိရ သည်။
” ဒီနေ့တစ်ရက်နားထားရတယ်။ မ နက်ဖြန် ပြန်ဆွဲမယ် နောက်နှစ်ရက်မှာ ထပ်ပြီးနားရအုံးမယ်” ဟု ဂန္ဓမာ ၁ ခရီး သည်တင် အမြန်ရေယာဉ် ပိုင်ရှင်က ပြော သည်။

ထို့ပြင် ပစ်ခတ်မှုဧရိယာတစ်ဝိုက် သင်္ဘောကြီး/ငယ်များ၊ ကုန်တင်စက်လှေ များ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ် သမ္ဗာန်များတို့မှ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းဆီးခြင်း တို့ကို မပြုလုပ်ကြပါရန် အဆိုပါ ဧရိ ယာအနီးမှ လွတ်ကင်းစွာသတိပြု မောင်း နှင်သွားကြရန် အသိပေးနှိုးဆော် ထား သည်။

လိုက်နာမှုမရှိသော ရေယာဉ်များ အား တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယင်းကဲ့သို့ ခရီးသည်တင် အမြန် ရေယာဉ်များ ရပ်နားခဲ့ရသဖြင့် ကျွန်းစု မြို့သို့ ကုန်ပစ္စည်းတင်ပို့မှုများနှင့် ကျွန်း စုအပါအနီးအနားကျေးရွာများမှ ပြည်သူ များမှ ခရီးသွားလာမှုအခက်အခဲတစ်ချို့ ကြုံတွေ့ရနိုင်ကြောင်း အမြန်ရေယာဉ် အသိုင်းအဝိုင်းမှ သိရသည်။

မြိတ်-ကျွန်းစု ခရီးသည်တင်အမြန် ရေယာဉ်များမှ ဂန္ဓာမာ-၁၊ ကြံတိုင်း အောင်၊ ရွှေပင်ဂွင်း စသည့် အမြန်ရေ ယာဉ် ၃ စီးဖြင့် အလှည့်ကျစနစ်ဖြင့် နေချင်းပြန်ပြေးဆွဲနေကြောင်း အမြန်ရေ ယာဉ် အသိုင်းအဝိုင်းမှ သိရသည်။