လောင်းလုံး ကျောက်မီးသွေးစက်ရုံ စီမံကိန်းကိစ္စ လျှပ်စစ်ဒုဝန်ကြီး လိမ်လည်ပြောဆိုဟု စွပ်စွဲ

0
415

လောင်းလုံး ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်ခြင်း မရှိဟု လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးမော်သာထွေး၏ ပြောဆို ချက်မှာ ဒေသခံများ၏ ဆန္ဒကို မျက် ကွက်ပြုကာ လိမ်လည်သည့်သဘောဖြစ် နေကြောင်း ကျောက်မီးသွေးစက်ရုံ စီမံ ကိန်းကို ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့သည့် ဆန္ဒပြခေါင်းဆောင်များက ပြောကြား သည်။

ယင်း ကျောက်မီးသွေးစက်ရုံ စီမံ ကိန်း အကောင်အထည်ဖော်ရေးကို လူ ထုက ဆန့်ကျင်ကန့်ကွက်ခြင်းမရှိသည့် အပြင် ထောက်ခံကြောင်း ဆန္ဒထုတ်ဖော် မှုများပါပြုလုပ်ခဲ့သဖြင့် လူထုထောက် ခံမှုအပြည့်အဝရရှိခဲ့ကြောင်း ဒုတိယ ဝန်ကြီး ဦးမော်သာထွေး၏ ဖေဖော် ဝါရီလ ၂၇ ရက်နေ့ မြန်မာ့အသံနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့ကြောင်း 7 Day သတင်းစာတွင် ဖော်ပြပါရှိသည့် အပေါ် ဆန္ဒပြခေါင်းဆောင်များက အထက် ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
“လိမ်လည်မှု တစ်ခုအနေနဲ့ပဲ မြင် တယ်။ လိမ်ပြီးလုပ်တယ်လို့ပဲ ခံစားရ တယ်” ဟု ဒုဝန်ကြီး၏ ပြောဆိုချက်နှင့် ယင်းစီမံကိန်းအား ဩဗ ထိုးလိုက်သည့် အပေါ် သကျက်တောကျေးရွာမှ ဆန္ဒပြ ခေါင်းဆောင် ဦးစစ်ထွန်းက ပြောသည်။
no_coal_laung_lone
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက် နေ့ကလောင်းလုံး ကျောက်မီးသွေး သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံစီမံကိန်း အတွက် လက်ရှိအစိုးရနှင့် စီမံကိန်း အကောင်အထည်ဖော်မည့် ကုမ္ပဏီနှစ်ခု တို့က အကျိုးအမြတ်ခွဲဝေရေးသဘောတူ စာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရ သည်။
“ဒေသခံတွေက ဒီလောက်မလိုလို့ ဆန္ဒပြနေတာကို လူထုက သဘောတူ ပါတယ်ဆိုပြီး MOA ထိုးလိုက်တာ ကတော့ဒေသခံတွေရဲ့ဆန္ဒကို မျက်ကွယ် ပြုတာပဲ” ဟု ဆန္ဒပြခေါင်းဆောင် တစ်ဦးဖြစ်သူ ဒေါ်သီတာမိုးက ဆိုသည်။
စီမံကိန်းကို လက်မခံကြောင်း ဆန္ဒ ထုတ်ဖော်နေသည့်ကြားမှ သဘောတူညီ ချက် (MoA) လက် မှတ်ထိုးလိုက်ခြင်းကို ဆက်လက်၍ ကန့်ကွက်ကြောင်းဆန္ဒ ထုတ်ဖော်သွားရန် စီစဉ်နေကြောင်း ၎င်းတို့ က ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမော်သာထွေး၏ လက်ကိုင်ဖုန်းအား မတ်လ ၃ ရက်နေ့နေ့လယ်တွင် တနင်္သာရီ အပတ်စဉ်မှ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ သော်လည်း စက်ပိတ်ထားခြင်းကြောင့် မေးမြန်းခွင့် မရခဲ့ပေ။

လောင်းလုံးမြို့နယ်၊ ရမ္မဇူဒေသ တွင်တည်ဆောက်မည့် ၅၀၀ မဂ္ဂါဝပ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံစီမံကိန်းကို ကန့်ကွက်ကြောင်း ဒေသခံအင်အား ၅၀၀ ခန့်ဖြင့် ၂၀၁၄ ဒီဇင်ဘာလ ၁၄ ရက်နေ့က သကျက်တော ကျေးရွာတွင် ဆန္ဒထုတ်ဖော်ခဲ့ဖူးသည်။
ယင်းသို့ကန့်ကွက်ပြီးနောက် ၂၀၁၅ ခုနစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ က စီမံကိန်းကို ထောက်ခံကြောင်း လူအင် အား ၅၀၀ ခန့်ဖြင့် ဆန္ဒထုတ်ဖော် ခဲ့ရာ ကန့်ကွက်သည့်ဒေသခံများက ထောက်ခံ ဆန္ဒပြပွဲတွင် ပါဝင်သူများမှာ ဒေသခံ အနည်းငယ်သာရှိပြီး အခြားဒေသမှ လူထုနှင့် ရွှေ့ပြောင်းအလုပ်သမားများပါ ဝင်နေသည်ဟု ဝေဖန်ပြောဆိုခဲ့ဖူးသည်။