မူးယစ် လောင်းကစားပြုသူနှင့် သမီးရည်းစားများကြောင့် သတ္တုသန့်စင်စက်ရုံဝင်း ဝင်ခွင့်အချိန် ကန့်သတ်

0
391

မူးယစ်ဆေးသုံးသူ၊ လောင်းကစား ပြုသူနှင့် သမီးရည်းစား အတွဲများကြောင့် လောင်းလုံးမြို့နယ်၊ ကမြောကင်းတံတား အနီးရှိ သတ္တုသန့်စင်စက်ရုံဝင်ခွင့်အချိန် ကို ကန့်သတ်လိုက်ကြောင်း စက်ရုံမှူး ထံမှ သိရသည်။

ယခင်က ဝင်ခွင့်အချိန်ကတ်သန့် ထားခြင်းမရှိသော်လည်း လူမြင်ကွင်းတွင် သမီးရည်းစားအတွဲများ မဖွယ်မရာပြုလုပ် ခြင်း၊ မူးယစ်ဆေးသုံးစွဲသူများ၏နေရာ ဖြစ်လာခြင်းနှင့် လောင်းကစားပြု လုပ်သူ များရှိလာခြင်းကြောင့် ဖေဖော်ဝါရီလ ၂၈ရက်နေ့မှစ၍ ကဘူရပ်ကွက် အုပ်ချုပ် ရေးအဖွဲ့ဝင်များနှင့် ညှိုနိုင်းကာ နယ်မြေ လုံခြုံရေးအတွက် အချိန်ကန့်သတ်ထား ခြင်းဖြစ်ကြောင်း စက်ရုံမှူး ဦးမျိုးမင်းဟန် က ပြောသည်။
“မလိုလားအပ်တဲ့ ပြဿနာတွေဖြစ် လာမှာစိုးလို့ ဝင်ခွင့်ကန့်သတ်လိုက်တာ ပါ” ဟု ၎င်းကဆိုသည်။

သတိပေးတားမြစ်မှုများ ပြုလုပ်ခဲ့ သော်လည်း ဂရုစိုက်မှုမရှိဘဲသမီးရည်း စားအတွဲများလူမြင်ကွင်းတွင် မဖွယ်မရာ ပြုမှုနေထိုင်ခြင်း၊ မူးယစ်ဆေးသုံးစွဲသူ များ အချိန်မတော် သွားလာခြင်းတို့ ကြောင့် စက်ရုံဝင်းအတွင်းရှိဝန်ထမ်းများ စိတ်အနှောင့်ယှက်ဖြစ်ခြင်းနှင့် ပြဿ နာ ဖြစ်လာမည်ကိုစိုးရိမ်ပြီး ကြိုတင်ကာ ကွယ်သည့် အနေဖြင့်ယခုလိုဆောင်ရွက် ခြင်း ဖြစ်ကြောင်းသူကဆိုသည်။

စက်ရုံဝင်းအတွင်းသို့ ည ၇ နာရီ နောက်ပိုင်း ဝင်ခွင့်ကို ကန့်သတ်လိုက် ခြင်းဖြစ်ကြောင်း သိရသည်။
“အရင်နဲ့စာရင်အချိန်မတော်သွားလာနေတာကိုမတွေ့တော့ဘူး တစ်ခါ တစ်လေနယ်မြေရဲတွေက ကင်းလှည့် တာမျိုး လုပ်ပေးတယ်” ဟု ကဘူရာ အိမ်မှူးဦးစိုး သိန်းကပြောသည်။

ယင်းစက်ရုံဝင်း အတွင်းအဆောက် အအုံပျက်များရှိခြင်း၊ လူသွားလူလာနည်း ပါးခြင်းတို့ကြောင့် မူးယစ်ဆေးသုံးသူများ နှင့် လောင်းကစားသမားများမျက်စိကျ သည့်နေရာဖြစ်နေကြောင်း ဦးစိုးသိန်းက ဆိုသည်။

စက်ရုံဝင်ခွင့်အချိန်ကန့်သတ်ခြင်း အပေါ် လုံခြုံရေးအရ ပိုမိုတင်းကြပ်ခြင်း မရှိဘဲ လှည့်ကင်းကို ရဲလုပ်ငန်းအရ ပုံ မှန်အတိုင်းလုပ်ဆောင်လျက် ရှိကြောင်း စက်ရုံဝင်းအနီးရှိ ကမြောကင်းတံတားလုံခြုံရေးရဲတပ်ဖွဲ့ထံမှ သိရသည်။