သတ်မှတ်လိုင်စင်နှင့် မကိုက်ညီသည့် အရက်ဖြူ ပါကင် ၄၀ ဖမ်းမိ

0
564

ကော့သောင်းမြို့နယ် ၊ (၇) မိုင် ပတ်လမ်းဆုံတွင်ယာဉ်များအား ပိတ်ဆို့ တားဆီးစစ်ဆေးရာတွင် ခရီးသည်တင် ယာဉ်ပေါ်တွင် သတ်မှတ်လိုင်စင်နှင့် မကိုက်ညီသည့် အရက်ဖြူ ပါကင် ၄၀ ကို တွေ့ရှိခဲ့သဖြင့် မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့သည်ဟု ကော့သောင်းမြို့မ ရဲစခန်းထံမှသိရသည်။

ခရီးသည်ကားတွင် တွေ့ရှိခဲ့သည့် ထန်၊ ဆတ်ချိုနု အမှတ်တံဆိပ်ပါ အရက်ဖြူ ပါကင်များကို သယ်ယူဖြန့် ဖြူးခွင့် ရှိ^မရှိ စစ်ဆေးရာတွင် အရက် ပိုင်ရှင်အမျိုးသမီးတွင် ယစ်မျိုးလိုင်စင် FL 12 သာ ရှိသောကြောင့် သိမ်းယူ ဖမ်းဆီးခဲ့သည်ဟု အထက်ပါ ရဲစခန်း ကဆိုသည်။
သတ်မှတ်ရစ်မျိုးလိုင်စင်မရှိပဲ အရက်သယ်ယူဖြန့်ဖြူးခွင့် မရှိသူများ ပြီးခဲ့ကို ဖေဖော်ဝါရီလက တစ်ကြိမ် ဖမ်း ဆီးခဲ့ပြီး ယခုဖမ်းဆီးမှုမှာ ဒုတိယအကြိမ် ဖြစ်ကြောင်း ကော့သောင်းမြို့နယ် ရဲတပ် ဖွဲ့ထံမှ သိရသည်။

” ထန်း၊ ဆတ်ချိုနု ပဲ အရောင်းသွက် တာဆိုတော့ ဖြန့်ဖြူး ခွင့်သယ်ယူခွင့်ပါ ရအောင် ယစ်မျိုးဌာနက လိုင်စင်လုပ် ပေးသင့်တယ် ၊ နားလည်မူနဲ့ ရောင်း လာပြီးမှ တိုင်လို့ဆိုပြီး ဖမ်းတာမျိုး မဖြစ်သင့်တော့ဘူး ” ဟု ကော့သောင်း မြို့ရှိ အရက်ဖြူအရောင်းဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။
သတ်မှတ်လိုင်စင်မရှိဘဲ အရက်ဖြူ ပါကင်များ သယ်ဆောင်လာသည့် အမျိုး သမီးဖြစ်သူကို မြို့မရဲစခန်းတွင် ဥပဒေ အရ အရေးယူဆောင်ရွက်ရန် စီစဉ်ထား သည်ဟု အဆိုပါ ရဲစခန်းထံမှ သိရ သည်။