မီးကြွင်းမီးကျန်မှတဆင့် ကြက်ခြံနှင့် ခြံစောင့်တဲတစ်လုံးမီးလောင်

0
429

ထားဝယ်ံမြို့နယ်၊ ရှမ္မတွင်းကျေး ရွာတွင် ဖေဖော်ဝါရီလ ၂၉ ရက် နေ့လည်က မီးကြွင်းမီးကျန်မှတဆင့် ကြက်ခြံနှင့် ခြံစောင့်တဲ တစ်လုံးမီးလောင် ကျွမ်းခဲ့ကြောင်း မီးလောင်ရာတွင် ရောက်ရှိနေသည့် မီးသတ်တပ်ဖွဲ့ဝင်များထံမှ သိရသည်။

ကြက်ခြံစောင့်တဲ၏မီးကြွင်း မီးကျန်မှတဆင့် နေ့လယ် ၂ နာရီ ၁၀ မီနစ်ခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး တဲအနီးရှိ ကြက်ခြံတစ်ခြံကိုပါ လောင်ကျွမ်းခဲ့ကာ နေ့လယ် ၂ နာရီ ၅၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ ဝင်များနှင့် ဒေသခံများထံမှ သိရသည်။
” ကြက်ခြံတခါးကို အချိန်မီ ဖွင့်လိုက်နိုင်လို့ ကြက်လေးငါးကောင် လောက်ပဲ သေတယ်” ဟု ရှမ္မတွင်းကျေးရွာနေ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းမီးလောင်ကျွမ်းမှုကြောင့် ကျပ်တစ်သိန်းခွဲခန့် ဆုံးရှုံးခဲ့ကြောင်း အခင်းဖြစ် ရာ ရောက်ရှိနေသည့် မီးသတ်အရာရှိနှင့် ထားဝယ်မြို့နယ်အုပ်ချုပ်ရေးမှူးတို့ထံမှ သိရသည်။ မီးလောင်ကျွမ်းမှုကြောင့် ကြက်ခြံပိုင်ရှင်ကို အမှုဖွင့်ရန်စီစဉ်လျက် ရှိကြောင်း ထားဝယ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။