ပုလောတွင် ယခုနှစ် ရှပ်အရနည်း

0
418

မြိတ်ခရိုင် ပုလောမြို့နယ်မှ ရေ ထွက် ထွက်ကုန်တစ်မျိုးဖြစ်သည့် ခရု (ဒေသ အခေါ် ရှပ်လုံး)များ ယခုနှစ်အရ နည်း သည်ဟု ပုလောမြို့ခံများထံမှ သိရသည်။
ယင်းကဲ့သို့ ရှပ်လုံး အရနည်းသဖြင့် ရှပ်အချဉ် ပြုလုပ်သူ နည်းပါးသွားပြီး ရှပ်သီဈေးနှုန်းသည်လည်း ယခင်နှစ် ထက် တစ်စည်း ကို ၂၀၀ ကျပ်ခန့် မြင့် တက်ခဲ့ကြောင်း ကြဲကျေးရွာမှ ရှပ်သီ အရောင်းဆိုင်တချို့က ပြောပြသည်။

“မနှစ်တုန်းကဆိုရင် လူတစ်ယောက် ရှပ်ကောက်ရင် ငါးပြည်လောက်ရတယ်၊ ဒီနှစ်ကျတော့ သုံးပြည်လောက်ပဲ ရတယ် ” ဟု ပုလောမြို့ ကြဲကျေးရွာသားတစ်ဦး ဖြစ်သူ ဦးကျော်တင်က ပြောသည်။

လက်ရှိ ရှပ်သီဈေးနှုန်းများမှာ ရှပ် ကောင်အကြီးကင် ၅၀ ချောင်းပါ တစ် စည်းကို ငွေ ၂၀၀၀ ကျပ်၊ ရှပ်အကောင် ငယ် ၅၀ချောင်းပါ တစ်စည်းကို ငွေ ၁၀၀၀ ကျပ် ပေါက်ဈေးရှိကြောင်း ရှပ်သီ အရောင်းဆိုင်များမှ သိရသည်။

ရှပ်လုံးများသည် ရာသီတစ်နှစ်ပတ် လုံးထွက်ရှိပြီး မိုးရာသီတွင် မြစ်ရေတက် မှုကြောင့်လုပ်ကိုင်ခြင်း မရှိကြဘဲ ဆောင်း တွင်းနှင့်နွေရာသီတွင်သာ အဓိက လုပ် ကိုင်သည့်လုပ်ငန်း တစ်ခုဖြစ်ကာ ပုလောမြို့နယ်အပါကြဲ၊ ကျောက်ကမ်း ဖဲကျေးရွာနှင့် အခြားကျေးရွာတစ်ချို့ တို့တွင် ရှပ်လုံးများ ထွက်ရှိလေ့ရှိကြောင်း သိရသည်။