လမ်းချဲ့ရန် မလွယ်တော့သည့် ထားဝယ်မြို့ အနာဂတ် ယာဉ်ကြောပြဿ နာ

0
468

တနင်္သာရီတိုင်းဒေသကြီး မြို့တော် ဖြစ်သည့် ထားဝယ်မြို့၏လမ်းမများသည် ဆိုင်ကယ်၊ မော်တော်ကားများ တစ်နှစ်ထက်တစ်နှစ် များပြားလာခြင်းကြောင်း ယာဉ်ကြောကြပ်မှု အရသာ ကိုမြို့ခံများ စတင်ခံစားလာရပြီ ဖြစ် သည်။

နေရာအနှံ့၊ အချိန်အတော်များများ ကြပ်သိပ်နေသည့် ရန်ကုန်မြို့ကဲ့သို့ ယာဉ်ကြော ကြပ်ခြင်းမရှိသေးသော်လည်း သတိထားပါက ပြဿနာ၏ အချက်ပေးသံများကို ကြားနေရပြီဖြစ် သည်။
traffic_dawei
ဈေးချိန်တွင်ဈေးအနီး၊ ကျောင်းချိန်တွင် ကျောင်းအနီးစသဖြင့် လူစည်ကားသည့် နေရာ အနီးတစ်ဝိုက်နှင့် အချို့နေရာများတွင် ယာဉ် ကြောပိတ် ဆို့မှုများ ကြုံတွေ့နေရပြီး ယာဉ်ကြော ကြပ်သည့် ဧရိယာနှင့် အချိန်ပိုပိုများလာသည်။မြို့ပြဖွံ့ဖြိုးလာမှုနှင့်အတူ လူဦးရေထူထပ် လာပြီး ဆိုင်ကယ်နှင့် ကားအစီးရေ တစ်နှစ်ထက် တစ်နှစ် တိုးလာ ခြင်းကြောင့် ယာဉ်ကြောကြပ်မှုစကြုံ နေရပြီ ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာ ယာရေးအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

” မြို့အနေအထားအရလမ်းကချဲ့လို့မရ တော့ဘူး ” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ထားဝယ်ခရိုင်တွင် ၂၀၁၄-၂၀၁၅ ခုနှစ်က ဆိုင်ကယ်အစီးရေ ၉၀၀၀ ကျော် တိုးလာပြီး ၂၀၁၅-၂၀၁၆ ခုနစ်တွင်ပြီးခဲ့သည့် ဇန်နဝါရီ လအထိ ဆိုင်ကယ် အစီးရေ ၄၀၀၀ ကျော် တိုး လာခဲ့ကြောင်း တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က.ည.န) ၏ မှတ်တမ်းအရ သိရသည်။
သို့သော် ဒေသသို့ တရားမဝင် ဝင်ရောက် နေသည့် ဆိုင်ကယ်အရေအတွက်မှာ တစ်နှစ်လျှင် က.ည.နတွင် တရားဝင်လိုင်စင်ပြုလုပ်သည့်ဆိုင်ကယ်အရေအတွက်၏ နှစ်ဆခန့်ရှိနိုင်ကြောင်း ဆိုင်ကယ်အရောင်းအဝယ် ပြုလုပ်သူတစ်ဦးက ခန့်မှန်းပြောဆိုသည်။