ထားဝယ်ဒေသတွင် အုတ်ဖုတ် လုပ်ငန်းများ တွင်ကျယ်လာ

0
434

ဆောက်လုပ်ရေးလုပ်ငန်းများ များ ပြားလာသည့် ထားဝယ်ခရိုင်တွင် အုတ် ဖုတ်လုပ်ငန်းများ ယခင်နှစ်ထက် များ လာကြောင်း အုတ်လုပ်ငန်းဈေးကွက် နှင့် ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန စာရင်းများအရ သိရသည်။

ထားဝယ်ခရိုင် လေးမြို့နယ်တွင် ၂၀၁၄-၂၀၁၅ အတွင်း အုတ်ဖုတ်လုပ်ငန်း ၁၈ခု ရှိရာမှ ၂၀၁၅-၂၀၁၆ ခုနစ်တွင် လောင်းလုံး၊ သရက်ချောင်းနှင့် ရေဖြူမြို့ နယ်တို့မှ စာရင်းရောက်မလာသေးဘဲ ထားဝယ်မြို့နယ်စာရင်း တစ်ခုတည်း မှာပင် အုတ်ဖုတ်လုပ်ငန်း ၁၈ခုရှိ ကြောင်း ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှ သိရသည်။

“အုတ်ဖို တော်တော်များ လာတယ်။ ၅၀ လောက်တောင် ရှိမယ်” ဟု ထားဝယ် မြို့မှ ဆောက်လုပ်ရေး ကန်ထရိုက် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အဆောက်အအုံများ ဆောက်လုပ် ရန်အတွက် အုတ်လိုအပ်ချက်အရ ယခင် နှစ်များထက် ဝယ်လိုအား ပိုမိုများပြား လာကာ အုတ်မှာယူသည့် ဆောက်လုပ် ရေးလုပ်ငန်းရှင်များပင် စောင့်ဆိုင်းနေရ ကြောင်း တောင်မင်းပြောင်ရွာရှိ အုတ်ဖိုမှ မန်နေဂျာ ဒေါ်ခင်မာချိုက ပြောသည်။
လောင်းလုံးမြို့နယ် ထိန်တွင်း ကျေးရွာအုပ်စုနှင့် တောင်မင်းပြောင်ရွာ အနီးတစ်ဝိုက်တွင် ယခင်နှစ်က အုတ်ဖို လုပ်ငန်း ၈ခုခန့် သာ ရှိရာမှ ယခုနှစ်တွင် အုတ်ဖို၁၅ခုအထိ များပြားလာသည်ဟု အုတ်ဖိုများတွင် ဈေးလိုက်ရောင်းချ နေသည့် ဈေးသည်တစ်ဦးက ဆိုသည်။

ထားဝယ်ဒေသတွင် အုတ်ဖို၌ ဝယ်ယူပါက အုတ်တစ်လုံးတန်ဖိုးမှာ ၄၅ ကျပ်ခန့် ပေါက်ဈေးရှိပြီး မြို့ပေါ် အိမ် အရောက်မှာယူပါက ၆၀ ကျပ် ခန့် ပေါက်ဈေးရှိကြောင်း အုတ်ဖုတ်လုပ်ငန်း အချို့ထံမှ သိရသည်။