တက်သုတ်ရိုက် EIA များနှင့် ထားဝယ်စီမံကိန်း အကျပ်အတည်း

0
477

အစပြုစဉ်ကတည်းက ပြဿနာ ပေါင်းစုံဖြင့် လုံးချာလည်ခဲ့သော ထား ဝယ်စီမံကိန်းကို ယခင်နှစ်မှစ၍ ပြန်လည် အစပြုရန် ကြိုးပမ်းလာခဲ့သည်နှင့်အတူ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုစစ်တမ်း များ ကောက်ယူရန် ကိစ္စသည်လည်း ဆွေးနွေး ငြင်းခုန်စရာကိစ္စတစ်ခု ပြန်ဖြစ် လာခဲ့သည်။
စီမံကိန်းကို နားလည်မှုစာချွန်လွှာ ရေးထိုးသည့် ၂၀၀၈ ခုနှစ်မှ စတင်၍ ယနေ့အချိန်အထိ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုစစ်တမ်း တစ်ချို့ဆောင်ရွက်ခဲ့ သော်လည်း အငြင်းပွားစရာ ဖြစ်ခဲ့သည်။

မြေပြင် စီမံကိန်းလုပ်ငန်းများဆောင် ရွက်သည့် အကျိုးဆက်ကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု သိသိသာသာ ဖြစ်လာပြီးနောက်မှ ဆောင်ရွက်ခဲ့သော အဆိုပါစစ်တမ်းများကို လူထုနှင့်ပညာရှင် များမှ ဝေဖန်ကန့်ကွက်စရာ ဖြစ်ခဲ့သည်။ဥပမာဆိုရလျှင် ချူလာလောင်ကွန် တက္ကသိုလ် အခြေစိုက် သဘာဝ ပတ်ဝန်း ကျင် သုတေသနဌာနမှ ဆောင်ရွက်ခဲ့သော ထားဝယ် ကန်ချနဘူရီ လမ်းပိုင်းအတွက် စစ်တမ်းမှာ လမ်းဖောက်၍ ချောင်းမြောင်း တိမ်ကောပျက်စီးသွားခြင်းနှင့် ဥယျာဉ်ခြံ မြေများအတွင်း မြေစာများ ဝင်ရောက် ဖုံးလွှမ်းခြင်းတို့ ဖြစ်ပျက်ပြီးသည်အထိ လက်စမသတ်နိုင်သေး။
eia_article
နောက်ဆုံးတွင် လူသိရှင်ကြား ထုတ်ပြန်နိုင်သည် အဆင့် မရောက်ခဲ့ပဲ တစ်စခန်းရပ်သွားခဲ့သည်။အဆိုပါစစ်တမ်းပြီးဆုံးပါက သဘာဝပတ်ဝန်းကျင်မထိခိုက်စေရန် အစီ အမံများ ဆောင်ရွက်ထားပါသည်ဟု ပြယုဂ်တစ်ခုအနေဖြင့် သုံးကာ နိုင်ငံ တကာမှ ချေးငွေရယူနိုင်ပြီး အသက်ငင် နေသည့် စီမံကိန်းကိုနလန်ထူရန် ကြိုးစားမှုသည်လည်း အလဟသဖြစ်ခဲ့ သည်။ အဆိုပါ စစ်တမ်းကောက်ယူမှုကို တာဝန်ယူဆောင်ရွက်သူများ ကိုယ်တိုင်က အဆိုပါ စစ်တမ်းမှာ ကုမ္ပဏီမှ နိုင်ငံ ဘဏ်များထံတွင်ငွေ ချေးယူရန်အတွက် လိုအပ်ချက်တစ်ခုအနေနှင့် ဆောင် ရွက်ခြင်းဖြစ်ပြီး မိမိတို့အနေဖြင့် မည် သည့်စီမံကိန်း လုပ်ငန်းမှ မစတင်မီ ဆောင်ရွက်ရန်လိုကြာင်း သိရှိသော်လည်း ကုမ္ပဏီ တာဝန်ရှိသူများအနေဖြင့် မလိုက်နာပဲ ၎င်းတို့ ဆန္ဒအတိုင်းသာ ဆက်လက်အကောင် အထည်ဖော်နေ ကြောင်း ပြောခဲ့သည်။

ထို့အတူ ကလုံးထာရေကာတာ စီမံကိန်းအတွက်ဆောင်ရွက်ခဲ့သော စစ်တမ်းနှင့် အထူးစီးပွားရေးဇုန် (စက်မှု ဇုန်) အတွက် သဘာဝပတ်ဝန်းကျင် စစ်တမ်းများမှာလည်း အစအနပင် မတွေ့ ရဘဲ ပျောက်သွားခဲ့သည်။ အဆိုပါ စစ် တမ်းနှစ်ခုကို အခြားသော ထိုင်းအခြေ စိုက် ကုမ္ဗဏီနှစ်ခုမှ TEAM Consulting Engineering and Management နှင့် PANYA Consulting တို့မှ သီးခြားစီ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အီတာလျံထိုင်းကုမ္ပဏီ အကောင် အထည်ဖော်သော စီမံကိန်းအဖြစ်မှ မြန်မာနှင့် ထိုင်းအစိုးရနှစ်ရပ် ပူးတွဲ အကောင်အထည်ဖော်သော စီမံကိန်း အဖြစ် ပြောင်းလဲပြီးနောက် ယခင်နှစ် အတွင်း TEAM Consulting Engineering and Management ကုမ္ပဏီမှ သဘာဝပတ်ဝန်းကျင်ထိခိုက် မှုစစ်တမ်းသည် ဝေဖန်ကန့်ကွက်မှုများနှင့်ရင်ဆိုင်ရကာ မပြီးပြတ်ခဲ့ပေ။

ယခုလက်ရှိနောက်ဆုံးတွင် ဆက် သွယ်ရေးလမ်းကြောင်းခေါ် ယခု နှစ်လမ်းသွားလမ်း အဖြစ်မှ လေးလမ်း သွားလမ်းအဖြစ် တိုးချဲ့မည်ဟု အစိုး ရဘက်မှ သဘောတူညီချက်ရရှိပြီ ဟု ဆိုကာ TEAM Consulting Engineering and Management ကုမ္ပဏီနှင့် Total Bussiness Solution ကုမ္ပဏီမှ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု စစ်တမ်းအသစ် တစ်ဖန်ကောက်ယူရန် စီစဉ်လျှက်ရှိသည်။
လူထုဆွေးနွေးညှိနှိုင်းပွဲများကို လမ်းကြောင်းတစ်လျှောက်ရှိ ကလုံးထာ ကျေးရွာမှ ထီးခီးကျေးရွာအထိ ၁၀ ရွာ တွင် တစ်ရွာတစ်ရက်နှုန်းဖြင့်ဆောင် ရွက်ရန် စီမံထားသည်။

တစ်ပြိုက်နက် မတ်လ ၁၀ရက်မှ မတ်လ (၁၉ ) ရက်နေ့အတွင်း ကုန်း တွင်းပိုင်း ဂေဟဗေဒစနစ်နှင့် သဘာဝ တောရိုင်း တိရိစ္ဆာန်စစ်တမ်းကောက် ယူမှုကို ထားဝယ် ကန်ချနဘူရီ လမ်းပိုင်း တစ်လျှောက် (၈) နေရာခွဲ၍ ဆောင်ရွက် မည် ဖြစ်သည်။ထို့အတူ မြေအသုံးချမှု ၊ ရေအရည် အသွေးနှင့် ပင်လယ်ဂေဟဗေဒစနစ် ဆိုင်ရာ စစ်တမ်းကောက်ယူရန် မတ်လ ၁၂ ရက်နေ့ မှ မတ်လ ၁၉ ရက်အထိ စီစဉ်ထားသည်။ လမ်းပိုင်းတစ်လျှောက် နေရာ ၆ နေရာခွဲ၍ အပိုင်းလိုက် ဆောင် ရွက် မည်ဖြစ်သည်။

အဆိုပါ စီစဉ်ထားမှုများသည်လည်း ထားဝယ်စီမံကိန်းသည် မည်မျှ စံချိန် စံညွှန်းများနှင့်ကိုက်ညီပြီး စီမံကိန်းနှင့် ပက်သက်၍ဖြစ်လာသော သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘ၀ထိခိုက်နိုင် ခြေများကို မည်သို့ ထည့်သွင်းစဉ်းစားထား သည်ဆိုသည်နှင့် ပက်သက်၍ မေးခွန်း ထုတ်ဖွယ်ရာ ဖြစ်လာသည်။
အဘယ်ကြောင့်ဆိုသော် စီစဉ် ထားသကဲ့သို့ အကောင်အထည် ဖော် နိုင်မည်ဆိုပါက အရှေ့တောင်အာရှတွင် အကြီးဆုံးစက်မှုဇုန် ဖြစ်လာမည်ဆိုသော စီမံကိန်းတစ်ခုအတွက် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာစစ်တမ်းကောက်ယူမှု တစ်ခု လုံးကို ရက်ပေါင်း နှစ်ဆယ်ခန့်အတော အတွင်း အလျင်အမြန် ဆောင်ရွက်ခြင်း သည် အလုံးစုံ ပြည့်စုံသည်ဟု မဆို နိုင်ပေ။ စီမံကိန်းနှင့် ပက်သက်၍ ထိခိုက် နစ်နာမည့် ဒေသခံများနှင့် ဆွေးနွေးတိုင် ပင်ရန် တစ်ရွာတစ်ရက်ဆိုသည် အချိန် အတိုင်းအတာသည်လည်း အဓိပ္ပာယ်ရှိရှိ အားလုံးပါဝင် ဆွေးနွေးရန် မလုံလောက် ပေ။

လက်ရှိအခြေအနေအထိ စီမံကိန်း ကို ကန်ထရိုက်တာအဖြစ်လုပ်ပိုင်ခွင့် ရရှိထားသူ အီတာလျံထိုင်းကုမ္ပဏီ လမ်း ဖောက်လုပ်ရေး တာဝန်ရှိသူများအဆိုအရ မတ်လ (၁၂) ရက်နေ့ လူထုဆွေးနွေးပွဲများ ပြီးဆုံးသည်နှင့် တပြိုက်နက် (၄) လမ်း သွားလမ်းအတွက် မြေယာတိုင်းတာသတ် မှတ်ခြင်းများ စတင်ဆောင်ရွက်မည်ဖြစ်ရာ အဆိုပါ စစ်တမ်းကောက်ယူမှု တစ်ခု လုံးသည် စီမံကိန်းလုပ်ငန်းများ တရားဝင် ဆက်လက် အကောင်အထည်ဖော်ရန် သက်သက်သာ အပေါ်ယံရှပ်ဆောင်ရွက် မှုဖြစ်လာနိုင်ဖွယ်ရာ ရှိသည်။

သဘာဝပတ်ဝန်းကျင်ထိခိုက်မှုစစ် တမ်းတစ်ခုပြုလုပ်ရာတွင် စစ်တမ်း ကောက်ယူမှုပြီးဆုံးသည်နှင့် မပြီးဆုံးပဲ တွေ့ရှိချက်များကို ပြန်လည်သုံးသပ်ခြင်း၊ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင် ဖွယ်ရှိလာနိုင်သည်များကို မည်သို့ ကာ ကွယ်လျော့ချမည်ကို စီမံဆုံးဖြတ်ချက်ချ ခြင်း အစရှိသည့် အဆင့်များစွာကို ဖြတ်ကျော်ရဦးမည် ဖြစ်သည်။

ထိုသို့မဟုတ်ဘဲ ယခင် ဆောင်ရွက် ခဲ့သမျှ သဘာဝပတ်ဝန်းကျင် ထိခိုက် မှုစစ်တမ်းများကဲ့သို့ပင် စီမံကိန်းဆက်အကောင်အထည်ဖော်နိုင်ရန်သာ ရှေးရှုပြီး တက်သုတ်ရိုက်ဆောင်ရွက်မည် ဆိုပါက ဒေသခံများ၏ ပါဝင်ခွင့်နှင့် ဆွေးနွေးခွင့် ကို လျစ်လျူရှုသကဲ့သို့ဖြစ်ပြီး ယခင်ပြဿနာများသာ တကျော့ပြန်စရန် မီးမွှေးသကဲ့သို့သာ ဖြစ်လာနိုင်သည်။

ဒေသခံများအနေဖြင့် မိမိတို့ အသက်မွေးမှု၊ မှီတင်းအားထားနေရသော သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်ဖွယ် ရှိသည့် မည်သည့်ဆောင်ရွက်ချက်မျိုးကို မဆို သတင်းအချက်အလက်များသိရှိပိုင် ခွင့်၊ ပါဝင်ဆွေးနွေးခွင့်ရှိရမည်ဖြစ် သည်။ အဓိပ္ပာယ်ရှိသော ဆွေးနွေး တိုင် ပင်မှုဖြစ်လာရန် အစိုးရနှင့် စီမံကိန်း တာဝန်ရှိသူများမှ မဖန်တီးနိုင်သရွေ့ ယခင်ကျူးလွန်ခဲ့သော အမှားများမှ သင်ခန်းစာမယူနိုင်ပဲ ထပ်မံကျူးလွန် မိသလိုသာ ဖြစ်လာမည် ဖြစ်သည်။
အစက ဆိုခဲ့သလိုပင် ထားဝယ် စီမံကိန်းသည် ပွင့်လင်းမြင်သာမှု မရှိခြင်း နှင့် ဖြစ်ပျက်ခဲ့သမျှ ကိစ္စရပ်များအပေါ် တာဝန်ခံရန် ပျက်ကွက်ခြင်း တို့ကြောင့် ပြဿနာပေါင်းစုံနှင့် ရင်ဆိုင်ရကာ အသံတိတ်သွားပြီးနောက် ပြန်လည်စတင် ရန် ကြိုးပမ်းချက်များသည်လည်း ယခင်လမ်းဟောင်းအတိုင်းသာ ပြန်သွား ရန် ဦးတည်နေသဖြင့် ဒေသခံများအတွက်၊ နောင်လာမည့် အစိုးရသစ်အတွက် စိန်ခေါ်မှုများစွာ ရှေ့တွင်စောင့် ကြိုနေ သည်ဟု ဆိုရမည်ဖြစ်သည်။