မဟာချိုင်တွင် စိတ်ပုံမှန်မဟုတ်သည့် ပလောက်သူတစ်ဦး နေရပ်ပြန်ရန် အကူအညီလိုနေ

0
377

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်မြို့တွင် စိတ်ကျန်းမာရေး ပုံမှန်မဟုတ်သည့် ပုလောမြို့နယ် ပလောက်ရွာ ဇာတိ အမျိုးသမီးတစ်ဦး နေရပ်ပြန်ရန် အကူအညီ လိုအပ်နေ သည်ဟု အဆိုပါ အမျိုးသမီးအား စောင့် ရှောက်ထားသည့် မြန်မာ့ဂုဏ် ဆောင် အခြေခံ မူလတန်းကျောင်းမှ သိရသည်။

အသက် ၂၈ နှစ်အရွယ်ရှိ မပြည့်ပြည့် ထွေးအား ဆွေမျိုးသားချင်းများထံ ပြန် လည် ပို့ဆောင်နိုင်ရေးအတွက် အကူ အညီ လိုအပ်နေကြောင်း ခေါ်ယူစောင့် ရှောက်ထားသော မဟာချိုင်မြို့၊ မြန်မာ့ ဂုဏ်ဆောင် အခြေခံပညာမူလတန်း ကျောင်းမှ ကျောင်းဆရာမ ဒေါ်ခင်သန္တာစိုး က ပြောသည်။ma_pyae_htwe

မပြည့်ပြည့်ထွေးမှာ အမျိုးသား ထောင်ကျနေစဉ်အတွင်း ကျန်းမာရေး ချို့တဲ့ရာမှ စိတ်ပုံမှန် မဟုတ်ဘဲ လျှောက် သွားနေသောကြောင့် မဟာချိုင် ငြါ ဃ ကုန်တိုက် အနီးတွင် နေထိုင်သော မြန်မာများက ခေါ်ယူစောင့်ရှောက် ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
မိန်းကလေးမှာ ထိုင်းနိုင်ငံတွင် နေထိုင်သည်မှာ ၇နှစ်ခန့်ရှိပြီး ထိုင်း လုံစီး ပင်လယ်စာ ထုတ်လုပ်သည့် စက်ရုံတွင် အလုပ်လုပ်ခဲ့ပြီး ထိုင်းနိုင်ငံ တွင် နေထိုင်သည့် အထောက်အထား အစုံအလင်ရှိသည်ဟု သိရသည်။

“ကောင်မလေးကို နေရပ်ပြန်ပို့ဖို့ ကုန်ကျစရိတ်ကို ကူညီမယ်လို့ ဆရာ တော်တစ်ပါးက ဖုန်းဆက်ထားပါတယ်”ဟု ကျောင်းဆရာမ ဒေါ်ခင်သန္တာစိုးက ပြောသည်။

အဆိုပါ မိန်းကလေးကို ဖေဖော် ဝါရီလ ၂၆ရက်က မဟာချိုင်မြို့ ၊ ဝေလ (၁လမ်း)ထိပ်ရှိ မြန်မာ့ဂုဏ်ဆောင် အခြေခံပညာ မူလတန်းကျောင်းသို့ ခေါ် ယူစောင့်ရှောက်ထားပြီး မြန်မာနိုင်ငံတွင် နေထိုင်သော ၎င်း၏မိဘများနှင့် အမြန် ဆုံး အဆက်အသွယ်ရကာ မိဘဆွေမျိုးထံ အပ်နှံလိုကြောင်း ၎င်းက ပြောသည်။

မိန်းကလေးနှင့် ပတ်သက်ပြီး သိရှိ လိုသူများအနေနှင့် ဦးစောမောင် -၀၈၃၇၃၆၅၂၀၈၇၊ ဒေါ်ခင်သန္တာစိုး -၀၈၇၇၀၃၀၈၁၃၊ မစု – ၀၈၅၉၀၁၂၂၂၆၂ တို့ကို ဆက်သွယ် နိုင်ကြောင်း မြန်မာ့ ဂုဏ်ဆောင် အခြေခံပညာ မူလတန်း ကျောင်းထံမှ သိရှိရသည်။