သံဃာတော်နှင့် သီလရှင်များအား ဘဏ်စုငွေ ပြန်ထုတ်ခိုင်းနေသည်ဟု ဆိုခြင်းမှာ မဟုတ်မှန်

0
457

သံဃာတော်များနှင့် သီလရှင်များ အား ဘဏ်စုငွေများ ပြန်လည်ထုတ်ယူ ခိုင်းနေသည်ဟု ပြောဆိုချက်မှာ မဟုတ် မှန်ဘဲ ပုဂ္ဂလိကအမည်မှ အသင်းအဖွဲ့အမည်ပြောင်းလဲဖွင့်လှစ်ရန် တိုက်တွန်း ခြင်းသာဖြစ်ကြောင်း မြန်မာ့စီးပွားရေး ဘဏ် (တိုင်းဒေသကြီးရုံး)မှ ဒုတိုင်း မန်နေဂျာ ဦးမြင့်သိန်းက ပြောကြား သည်။


သံဃာတော်များနှင့် သီလရှင်များ ၏ အကျိုးအတွက် ဘဏ်စုငွေများအား တစ်ပါးတည်းအမည်ဖြင့် စုဆောင်း ထားခြင်းမှ အသင်း အဖွဲ့အမည်သို့ ပြောင်းလဲစုဆောင်းရန် တိုက်တွန်းခြင်း သာဖြစ်ကြောင်း ဦးမြင့်သိန်းက ပြော သည်။
“ရဟန်း သီလရှင်နာမည်နဲ့ စာရင်း မဖွင့်ရဘူးဆိုတာ မဟုတ်ဘူး။ ရဟန်းနဲ့ သီလရှင်တွေ အကျိုးအတွက် နာမည် ပြောင်းဖွင့်ဖို့ ပြောတာပါ” ဟု ဒုတိုင်း မန်နေဂျာ ဦးမြင့်သိန်းက ဆိုသည်။

တစ်ပါးတည်းအမည်ဖြင့် ကျပ် နှစ်သောင်းအထက် ဘဏ်စုငွေစာရင်းဖွင့် ထားသည့် သံဃာတော်(သို့မဟုတ်) သီလရှင်ဆုံးပါး သွားလျှင်  ငွေထုတ်ယူ ခွင့်ရှိသူက အမွေဆက်ခံခွင့်(သို့)အမွေ ထိန်းလက်မှတ်အားသက်ဆိုင်ရာ တရား ရုံးတွင် သွားရောက်  လျှောက်ထားရပြီး စုငွေ၏ ၅ ရာခိုင်နှုန်းအား အခွန်ဦးစီးဌာန တွင် တံဆိပ်ခေါင်းအခွန် ပေးဆောင် ရသဖြင့် အသင်းအဖွဲ့ အမည်ဖြင့် ငွေစု ဘဏ်စာရင်း အမည်ပြောင်းလဲ ဖွင့် လှစ်ရန် တိုက်တွန်းခြင်းသာ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ယင်းသို့ မပြောင်းဘဲ ရဟန်း(သို့)သီလရှင် တစ်ပါးတည်း အမည်ဖြင့် ဆက်လက်ထားလိုပါက ဆက်ထားခွင့်ပြု ထားကြောင်း မြန်မာ့စီးပွားရေးဘဏ် (တိုင်းဒေသကြီးရုံး)ထံမှ သိရသည်။

၂၀၁၅ ဒီဇင်ဘာလ၂၂ရက်တွင် ပြည်ထောင်စုလွှတ်တော်မှ ပြင်ဆင်    ပြဋ္ဌာန်းလိုက်သည့် ငွေစုဘဏ် လုပ်ငန်း ဥပဒေ (၇၀၆ /၂၀၁၅) အရ  အသင်းအဖွဲ့ ရန်ပုံငွေစာရင်းဖြင့် ဘဏ်စုငွေစာရင်းအား ရဟန်း(သို့)သီလရှင် အပါအဝင် လူသုံး ဦးအမည်ဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် ဘဏ်စုငွေ စာရင်းဖွင့်ထားပါက ရဟန်း (သို့)သီလရှင် ဆုံးပါးသွားချိန်တွင် သက်ဆိုင်ရာ တရားရုံးတွင် အမွေဆက် ခံခွင့်လျှောက်ထားစရာ မလိုအပ်သည့် အပြင် အခွန်၅ ရာခိုင်နှုန်း ပေးဆောင် ရန်မလိုဘဲ ကျန်သည့်လူနှစ်ဦးမှ ထုတ် ယူခွင့်ရှိသည်။

မြန်မာ့စီးပွားရေး ဘဏ်မှ ငွေပြန်    ထုတ်ခိုင်းနေသည်ဟု သတင်းကြားသည့် အတွက် ဖေဖော်ဝါရီ ၁၈ ရက်တွင် သွား ရောက်ထုတ်ယူပြီး ကမ္ဘာ့ရတနာ ဘဏ် တွင် သွားရောက်အပ်နှံခဲ့သည်ဟု ထား ဝယ်မြို့မှ သက်တော်၅၄နှစ်အရွယ် ဆရာတော်ဦးစန္ဒိမာ ကမိန့်ကြားသည်။