ဖခင်က သမီးဖြစ်သူကို သားမယားပြုကျင့်ရန်ကြံစည်

0
432

ထားဝယ်မြို့နယ် မောင်မယ်ရှောင် ကျေးရွာအုပ်စု ရာဘာခြံတွင် ဖေဖော် ဝါရီလ ၂၅ရက်က ဖခင်ဖြစ်သူမှ သမီး ဖြစ်သူအား သားမယားပြုကျင့်ရန် အားထုတ်မှု ဖြစ်ပွားခဲ့ကြောင်း ထားဝယ် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရ သည်။


မောင်မယ်ရှောင် ကျေးရွာအုပ်စုနေ အသက် ၅၆ နှစ်အရွယ် ဖခင်ဖြစ်သူမှ အသက် ၁၅ နှစ်အရွယ်  သမီးဖြစ်သူအား ဖေဖော်ဝါရီလ ၂၅ရက် နံနက်ပိုင်းတွင် အရက်မူးပြီး  နေအိမ်မှ ဆိုင်ကယ်ဖြင့် ခေါ်သွားကာ အုတ်ဖိုတစ်ခုအနီး ရော်ဘာ တောထဲတွင်ထားကာ ယင်းနေ့ ညပိုင်း တွင် သမီးဖြစ်သူအား ခြိမ်းခြောက်၍ သားမယားပြုကျင့်ရန် အားထုတ်ခြင်း ဖြစ်ကြောင်း အထက်ပါ ရဲမှတ်တမ်းအရ သိရသည်။

ယင်းသို့ သားမယားပြုကျင့်ရန် အားထုတ်နေစဉ် အဆိုပါ မိန်းကလေး အား လိုက်ရှာနေသူများ၏ အသံနှင့် ဆိုင်ကယ်သံများ ကြားသဖြင့် ဆက် အားမထုတ်တော့ဘဲ ပြန်ပြောပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ သမီး ဖြစ်သူအား ရော်ဘာခြံထဲတွင် ထားကာ ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ မှတ် တမ်းတွင် ဖော်ပြသည်။

အဆိုပါ သားမယားပြုကျင့်မှုနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂၆ရက် တွင် မိခင်ဖြစ်သူနှင့်သမီးဖြစ်သူတို့မှ လာရောက်တိုင်ကြားသည့်အတွက် သွား ရောက်ရှာဖွေရာ ပြစ်မှုကျူးလွန် သူဟု ယူဆရသည့် ဖခင်ဖြစ်သူအား ၎င်းတို့ မိသားစုနေထိုင်ရာ ရာဘာခြံအတွင်းရှိ အိမ်၌ပင်တွေ့ရှိရပြီး ထားဝယ်ရဲစခန်း သို့ သွားရောက် အပ်နှံလိုက်သည်ဟု မောင်မယ်ရှောင် ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးမြင့်အောင်က ပြောသည်။
လက်ရှိတွင် သမီးဖြစ်သူအား သား မယားပြုကျင့်ရန် ကြံစည်အား ထုတ်ခဲ့ သည့် ဖခင်ဖြစ်သူအား မိခင်ဖြစ်သူမှ တရားလိုပြုလုပ်ကာ ထားဝယ်မြို့ မြို့မ ရဲစခန်းတွင် (ပ)၁၁၃/၂၀၁၆ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ /၅၁၁အရ အမှုဖွင့် အရေးယူထားကြောင်း ထားဝယ် ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးမှတ်တမ်းအရ သိရသည်။