တစ်နှစ်ကျော်ကြာ တက်ဈေးဖြင့် ငြိမ်နေသည့်ဘတ်ဈေးပြန်ကျ

0
462

ကော့သောင်းမြို့ ထိုင်းဘတ်ငွေ ဈေးကွက်တွင် တစ်နှစ်ကျော်ကြာ တက် ဈေးဖြင့် ငြိမ်နေသည့် ဘတ်ဈေးသည် ဖေဖော်ဝါရီလဆန်းမှစပြီး တရိပ်ရိပ် ပြန်ကျလာကြောင်း ကော့သောင်း ဘတ် ငွေ အရောင်းအဝယ် အသိုင်းအဝိုင်းမှ သိရသည်။


ဇန်နဝါရီလအတွင်း အမြင့်ဆုံး ဘတ်ဝယ်ဈေး တစ်ဘတ်လျှင် ၃၆ ကျပ်၊ ရောင်းဈေး ၃၆.၂ ကျပ်ဝန်းကျင် အထိ တက်ခဲ့ပြီး ယခု လက်ရှိတွင် ဝယ် ဈေး ၃၄.၅ ကျပ်နှင့် ရောင်းဈေး  ၃၄.၇ ကျပ်အထိ ကျလာသည်ဟု အထက်ပါ အသိုင်းအဝိုင်းမှ သိရသည်။
ကော့သောင်း ဘတ်အရောင်းအဝယ် ဈေးကွက်သည် ဒေါ်လာဈေး အပေါ်မူ တည်ပြီးအချိန် စက္ကန့်နှင့်အမျှ ပြောင်း လဲနေသည်ဟု ဘတ်အရောင်းအဝယ် ဆိုင်ရှင်တစ်ဦးက ဆိုသည်။
ဘတ်ဈေးကျလာသည်နှင့် တပြိုင် နက် ထိုင်းရွှေဈေး တက်လာသည်ဟု ရွှေဆိုင်အသိုင်းအဝိုင်းထံမှ သိရသည်။
ရွှေတစ်ကျပ်သားကို ဘတ်တစ် ထောင်ကျော် ( ကျပ် ၄၀၀၀၀ နီးပါး) တက်ခဲ့သည်ဟု ကော့သောင်း ဘုရင့် နောင် ဈေးရွှေဆိုင် အသိုင်းအဝိုင်းက ဆိုသည်။
“ေ ရွှဈေးတက်တော့ ဝယ်သူ၊ လဲသူ ထက် ရောင်းသူပေါင်သူက များလာတယ်” ဟု ရွှေပန်းတိမ် ပိုင်ရှင်ဒေါ်မွန်က ဆို သည်။
ထိုင်းဘတ်ဈေးမှာ ၂၀၁၄ ခုနှစ် ဧပြီလဈေးနှုန်း ၂၉.၉ ကျပ်ဝန်းကျင်မှ စတင်ကာ တရိပ်ရိပ်တက်ခဲ့ရာ ၂၀၁၆ ဖေဖော်ဝါရီလတွင် ပြန်လည်ကျဆင်း လာခြင်းဖြစ်သည်။