တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်တန်း စာစစ်ဌာန ၅ ခုတိုး

0
415

တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၁၆ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားများအတွက် စာစစ်ဌာန ၅ခု တိုးချဲ့ဖွင့်လှစ်ထား ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပညာရေးမှူး ရုံးမှ သိရသည်။


ယခင်နှစ်က တိုင်းအတွင်း တက္ကသိုလ် ဝင်တန်း စာစစ်ဌာန ၃၃ ခုရှိရာမှ ၂၀၁၆ ခုနှစ်တွင် ထားဝယ်ခရိုင်အတွင်းရှိ မေတ္တာ မြို့နယ်ခွဲ၊ လောင်းလုံးမြို့နယ် မောင်းမကန် ရွာ၊ မြိတ်ခရိုင် အုန်းတောရွာ၊ ကော့သောင်း ခရိုင် ခမောက်ကြီးမြို့နယ်ခွဲနှင့် ပြည်ကြီး မဏ္ဍိုင် မြို့နယ်ခွဲတို့တွင် တစ်ခုစီ တိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်ပြီး စုစုပေါင်း စာစစ် ဌာန ၃၈ခုအထိ ရှိလာမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
“စာဖြေကျောင်းသားတွေ အဆင် ပြေအောင် စာစစ်ဌာနတွေ တိုးချဲ့ဖွင့်လှစ် ပေးတာပါ”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ယင်းကဲ့သို့ စာစစ်ဌာန တိုးချဲ့ဖွင့် လှစ်ပေးသည့်အတွက် ဒေသအနီး တစ်ဝိုက်မှ ကျောင်းသားများ ပိုမို အဆင် ပြေနိုင်မည်ဖြစ်ကြောင်း မေတ္တာမြို့နယ်ခွဲ ဖောင်းတောရွာမှ ကျောင်းသားမိဘ တစ်ဦ က ဆိုသည်။
“အခုလိုဖွင့်ပေးလိုက်တော့ ကျောင်း သားတွေ ထားဝယ်မြို့ပေါ်အထိ လာဖြေ စရာ မလိုတော့ဘူးပေါ့”ဟု အဆိုပါ ကျောင်းသားမိဘက ပြောသည်။
တိုင်းအတွင်း၂၀၁၆ခုနှစ် တက္ကသိုလ် ဝင်တန်း ဖြေဆိုမည့်ကျောင်းသားမှာ ယခင်နှစ်ထက် ၃၀၀၀ကျော်တိုးလာပြီး ထားဝယ်ခရိုင်တွင် ၅၇၈၅ဦး၊ မြိတ်ခရိုင် တွင် ၉၃၀၀ ဦးနှင့် ကော့သောင်းခရိုင်တွင် ၁၄၇၅ ဦး စုစုပေါင်း ၁၆၅၆၀ ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း တိုင်းပညာရေး မှူးရုံးမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီး အတွင်း ၂၀၁၃-၂၀၁၄ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်မှာ ၄၀.၉၂ ရာခိုင် နှုန်းနှင့် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် အောင် ချက် ၃၄.၈၉ ရာခိုင်နှုန်းရှိခဲ့ကြောင်း တိုင်းပညာရေးမှူးရုံး၏ မှတ်တမ်းများ အရ သိရသည်။