မြိတ်မြို့ စည်းကမ်းမဲ့အမှိုက်ကိစ္စ သုံးပွင့်ဆိုင်အဖြေရှာ

0
469

မြိတ်မြို့နယ်အတွင်းရှိ စည်းကမ်းမဲ့ အမှိုက်ကိစ္စအတွက် လူမှုရေးအဖွဲ့အစည်း များ၊ မြို့ခံ စီးပွားရေးလုပ်ငန်းရှင်များ နှင့် လွှတ်တော်အမတ်များ ပါဝင်သည့် သုံးပွင့်ဆိုင်အဖြေရှာ ဆွေးနွေးမှုတစ်ခုကို ဖေဖော်ဝါရီလ ၂၇ ရက်က Grand Jade Hotel တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးပွဲတွင် လူမှု ရေးအဖွဲ့အစည်းများဖြစ်သည့် လမ်းစ ပရဟိတလူငယ်များအဖွဲ့နှင့် ပရဟိတ အဖွဲ့တစ်ချို့၊ မြို့ခံ စီးပွားရေးလုပ်ငန်းရှင် များနှင့် တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးဖြိုးဝင်းထွန်းနှင့် ဒေါ်ရီရီချိုတို့တွေ့ ဆုံကာ မြိတ်မြို့သန့်ရှင်းသာယာလှပ ရေးကော်မတီတစ်ခုကို ဖွဲ့စည်းခဲ့သည်။
ယင်းကော်မတီနှင့်အတူ စီးပွားရေး လုပ်ငန်းရှင်တစ်ချို့ ပူးပေါင်းပါဝင်ပြီး မတ်လ ၃ ရက်တွင် ကမ်းနားလမ်းတစ် လျှောက်ရှိ အမှိုက်များကို လူအင်းအား အလုံးအရင်းဖြင့် အပြောင်ရှင်း ကောက် သွားမည်ဖြစ်ကြောင်း ယင်းအခမ်းအနားမှ သိရသည်။
myeik_rubbish
“လိုအပ်တဲ့ အမှိုက်ပုံးတွေနဲ့ အမှိုက် ကားတွေကို ကူညီပေးမယ်” ဟု ရေလုပ် ငန်းရှင်တစ်ဦးဖြစ်သူ ဦးလှသန်းက ပြော သည်။
လက်ရှိ မြိတ်လူထုအခြေအနေသည် စည်းကမ်းမဲ့ အမှိုက်ပစ်သူများပြီး လူမှု ရေးအဖွဲ့များက စေတနာအလျှောက်ချ ထားသည့် အမှိုက်ပုံတချို့လည်း ပျောက် လေ့ရှိသည်ဟု လမ်းစပရဟိတလူငယ် များအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ ကော်မတီမှ မြိတ်မြို့ပေါ်ရှိ ရပ်ကွက်အသီးသီးတို့တွင် အမှိုက်များ ကင်းစင်ရေး၊ အမှိုက်ပုံးများနှင့် အမှိုက် ကားများ ထားရှိရေး၊ စည်းကမ်းတကျအမှိုက်ပစ်တတ်ရေးတို့ကို ဆက်လက်ပြု လုပ်သွားမည်ဖြစ်ပြီး ယင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် အုပ်ချုပ်ရေး၊ စည်ပင်သာယာရေးတို့နှင့် ညှိနှိုင်းပူး ပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြိတ်တွင် လမ်းစပရဟိတ လူငယ် များအဖွဲ့ အမှိုက်ပုံး ၅၂ လုံးနှင့် ကိုမြတ်ထွဋ် facebook သူငယ်ချင်းများမှ အမှိုက်ပုံး ၂၇ လုံးတို့ကို လူစည် ကားရာနေရာတို့တွင် ချပေးထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှိုက်များကို သိမ်းယူ နိုင်ရန်အတွက် တိုင်းစည်ပင်မှ အမှိုက် ကားတစ်စီးချထားပေးပြီးဖြစ်ကြောင်း မြို့နယ်စည်ပင်ရုံးမှ သိရသည်။