ပရဟိတမိတ်ဆွေများအဖွဲ့မှ အလှူခံရရှိငွေ ကျပ်သိန်း ၁၀၀ ကျော်ကို ကျောက္ကာသို့ သွားရောက် လှူဒါန်းမည်

0
392

ပရဟိတ မိတ်ဆွေများအဖွဲ့မှ ကော့သောင်းမြို့တွင်း အလှူခံရရှိငွေ ကျပ်သိန်း ၁၀၀ ကျော်နှင့် ပစ္စည်းများကို ဖေဖော်ဝါရီလကုန်တွင် ကျေက္ကာ ကျေးရွာသို့ ကိုယ်တိုင် သွားရောက် လှူဒါန်းမည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၀နှင့် ၂၁ ရက် များတွင် ကျောက္ကာမီးဘေးအတွက် ဂီတဖြင့်ဖျော်ဖြေကာစုပေါင်း အလှူခံ ကြပြီးနောက် အဖွဲ့များကို ပေါင်း လိုက်ကာ ပရဟိတမိတ်ဆွေများအဖွဲ့ဟု အမည်ပေးလိုက်ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ပထမ စလုပ်တုန်း က ကမ်းနီးပရဟိတ မိသားစုခေါင်းစဉ် နဲ့ပဲ၊ လုပ်တဲ့နေ့တွေမှာ ကျန်အဖွဲ့တွေလဲ လာရောက်ပူးပေါင်းကြတော့ အင်အား ပိုကောင်းသွားတာပေါ့”ဟု ကမ်းနီးပရ ဟိတမိသားစုအဖွဲ့မှ ကိုမိုးတိမ်က ဆိုသည်။

ပရဟိတမိတ်ဆွေများအဖွဲ့အား လက်ရှိတွင် ကော့သောင်းမြို့ပေါ်ရှိ ပရ ဟိတလုပ်နေသည့် အဖွဲ့၎ ဖွဲ့ပူးပေါင်း ထားပြီး၊ မည်သည့်ပရဟိတ လူမှုရေး အဖွဲ့မဆို စိတ်ဝင်စားပါက လာရောက် ပူးပေါင်းနိုင်ကြောင်း သိရသည်။