ခရိုင်သုံးခုပါ တိုင်းကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များ အသင်းဖွဲ့မည်

0
352

ထားဝယ်၊ မြိတ်၊ ကော့သောင်း သုံးခရိုင်ပါဝင်သည့် တနင်္သာရီတိုင်း ကုန်သည်နှင့်စက်မှု လက်မှုလုပ်ငန်း ရှင်များအသင်း (အလုပ်အမှုဆောင်အဖွဲ့)ကို လာမည့်မတ်လတွင် ဖွဲ့စည်းမည် ဖြစ် ကြောင်း တိုင်းဒေသကြီး စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း၏ လက်ရှိ ဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်က ပြောသည်။
လက်ရှိ တနင်္သာရီတိုင်းဒေသကြီး ကုန်သည်နှင့်စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်း အလုပ်အမှုဆောင်အဖွဲ့ သည် တိုင်းအသင်းဟု ဆိုသော်လည်း မြိတ်နှင့်ကော့သောင်းမှ ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များ မပါဝင်ပေ။

ထို့ကြောင့် သုံးခရိုင်ပါသည့်အသင်း ပြန်ဖွဲ့ရန်စီစဉ်ခြင်းဖြစ်ပြီး လက်ရှိတွင် ထားဝယ်ခရိုင် အသင်းနှစ်သင်း ရှိနေ သည်ကို တစ်သင်းတည်း ဖြစ်အောင် ဖွဲ့စည်းရန်လိုနေကြောင်း ဦးရဲထွဋ်နိုင်က ဆိုသည်။

“ထားဝယ်ခရိုင်အသင်းက တစ်ဖွဲ့ တည်းရှိဖို့လိုတယ်။ ဒါမှ မြိတ်၊ကော့သောင်း တို့နဲ့ ပေါင်းပြီး တိုင်းအသင်း အသစ် ပြန်ဖွဲ့လို့ရမှာ” ဦးရဲထွဋ်နိုင်က ဆိုသည်။
လက်ရှိတွင် တိုင်းဒေသကြီး အစိုး ရ၏ ခွင့်ပြုချက်ဖြင့်ဖွဲ့စည်းထားသည်ဆိုသည့် ခရိုင်အသင်းနှင့် တိုင်းကုန် သည်နှင့် စက်မှုလုပ်ငန်းရှင်များ အသင်း က ဖွဲ့စည်းထားသည်ဆိုသည့် ခရိုင် အသင်းဟုဆိုကာ နှစ်သင်းရှိနေသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တိုင်းဒေသကြီး ကုန်သွယ် မှုမြှင့်တင်ရေး ဦးစီးဌာန၊ ထားဝယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့၏ အကူအညီရယူကာ ဖွဲ့စည်းခဲ့သည့် ထားဝယ်ခရိုင်ကုန်သည် နှင့်စက်မှု လုပ်ငန်းရှင်များအသင်းသည် ဒေသ၏ လိုအပ်ချက်ကြောင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ယင်းအသင်း၏အတွင်း ရေးမှူး ဒေါ်ခင်ညိုညိုက ပြောသည်။

“ထားဝယ်ခရိုင်အသင်း မရှိသေး လို့ လိုအပ်ချက်အရ ဖွဲ့ထားတာပါ။ တိုင်းအသင်းက ခရိုင်အသင်း ဖွဲ့ထား တယ်လို့တော့ ကြားမိပါတယ်။ ဒါပေ မယ့် တရားဝင်အကြောင်းကြားလာတာ မျိုးတော့ မရှိသေးဘူး”ဟု ဒေါ်ခင်ညိုညို က ဆိုသည်။
တိုင်းအသင်းဖွဲ့စည်းချိန်တွင် သင့် တော်သည့် ကိုယ်စားလှယ်များ ရွေးချယ် ပေးမည်ဖြစ်ပြီး လက်ရှိခရိုင်အလုပ်အမှုဆောင်အဖွဲ့ဝင်များမှာ ခရိုင်အသင်း တွင်ပင် ဆက်ရှိမည်ဟု ၎င်းက ဆိုသည်။

ခရိုင်အသင်း နှစ်သင်းရှိနေခြင်း ကြောင့် တစ်သင်းတည်းအဖြစ် ပြန်လည် ဖွဲ့စည်းရန် ကုန်သည်နှင့် စက်မှုလုပ်ငန်း အသင်းချုပ် (UMFCCI) ထံ တင်ပြ ထားပြီး ၎င်းတို့မှ လာရောက်၍ အသစ် ပြန်လည်ဖွဲ့စည်းပေးရန် တောင်းဆို ထားသည်ဟု ဦးရဲထွဋ်နိုင်က ပြောသည်။
“တိုင်းအသင်း မတ်လထဲမှာ ပြန် ဖွဲ့ရမှာ။ UMFCCI က လူတွေ ဆင်း လာပြီး ဖွဲ့ပေးလိမ့်မယ်။ ခရိုင်အသင်း ရော တိုင်းအသင်းရောအတွက် အသင်း အဖွဲ့ စည်းမျဉ်းတွေကို သူတို့ရေးပေး နေပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် တစ်ဖက် ထားဝယ်ခရိုင် အသင်းကမူ ခရိုင်အသင်း တစ်သင်း တည်း ပြန်ဖွဲ့မည့်ကိစ္စကို လက်ရှိအချိန် အထိ တိုင်းအသင်းမှ တရားဝင်အကြောင်း ကြားလာခြင်းမရှိသေးကြောင်း ဒေါ်ခင်ညိုညို က ဆိုသည်။ပြန်လည်ဖွဲ့စည်းမည်ဆိုပါက သက်ဆိုင်ရာ အဖွဲ့အစည်း(တိုင်းအစိုးရအဖွဲ့သို့မဟုတ် UMFCCI ) ၏ တရားဝင်အကြောင်းကြားစာ လိုအပ် သည်ဟု ၎င်းက ဆိုသည်။

တိုင်းကုန်သည်နှင့် စက်မှု လုပ်ငန်း ရှင်များ အသင်းက သုံးခရိုင်ပါဝင်သည့် တိုင်းအသင်းကိုဖွဲ့စည်းရန် စီစဉ်နေသကဲ့ သို့ ဒေါ်ခင်ညိုညို အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်သည့် ခရိုင်အသင်း ကလည်း မြိတ်ခရိုင်၊ ကော့သောင်းခရိုင် များနှင့် တွေ့ဆုံညှိနှိုင်းကာ တိုင်းကုန် သည်နှင့် စက်မှုလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်အဖွဲ့ကို ပြန်ရွေးရန် အစီအစဉ်ရှိကြောင်း သိရသည်။