မြိတ်ပင်လယ်ပြင်သည် အာဆီယံတွင် ခရီးသွားလာရေး အဓိကကျလာမည်ဟု ထိုင်းဝန်ကြီးဆို

0
438

မြိတ်ပင်လယ်ပြင်သည် အာဆီယံ တွင် ခရီးသွားလာရေး အဓိကကျလာမည့် နေရာတစ်ခုဟု ထိုင်းခရီးသွားလာရေးနှင့် အားကစားဝန်ကြီး H.E. Mrs. kobkarn Wattanavrangkul က ပြောကြားခဲ့သည်။

မြိတ်မြို့ Grand Jade Hotel တွင် ဖေဖော်ဝါရီလ ၂၆ ရက်က ပြုလုပ်သည့် ထိုင်းနိုင်ငံခရီးသွားလာရေးနှင့် အားကစား ဝန်ကြီးဌာန ဝန်ကြီး ဦးဆောင်သော အဖွဲ့နှင့် မြန်မာနိုင်ငံဟိုတယ်နှင့် ခရီး သွားညွှန်ကြားမှုဦးစီးဌာန ဒုညွှန်ချုပ် ဦးအောင်အေးဟန် ဦးဆောင်သော အဖွဲ့ တို့ ခရီးသွားလာမှု မြှင့်တင်နိုင်ရေးနှင့် ခရီးသွားလာရေးလုပ်ငန်းကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေး ညှိနှိုင်း အစည်းအဝေးတွင် ထိုင်းဝန်ကြီးက ယင်း ကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အစည်းအဝေးက တင်ပြမယ့် မြိတ်မြို့ရဲ့ ခရီးသွားလာရေးနှင့် ပတ် သက်တဲ့ အားသာချက်များနှင့် ထင်ရှား ချက် အခြေအနေများကို နားထောင်ပြီး ကျွန်းများကို ကိုယ်တိုင်လိုက်လံကြည့် ရှုမယ်။ အဲသည်နောက်ပိုင်း ပူးပေါင်း ဆောင်ရွက် လက်တွဲနိုင်မယ့်ကဏ္ဍ အစီ အစဉ်များကို စဉ်းစားသုံးသပ်ပြီးမှ အ ကောင်အထည်ဖော်သွားမယ်” ဟု ထိုင်း ခရီးသွားဝန်ကြီးက ပြောပြသည်။

ထိုင်းနိုင်ငံသို့ ပြီးခဲ့သည့်နှစ်က နိုင်ငံခြားသားခရီးသွား ၂၉.၈ သန်း ဝင် ရောက်ခဲ့ရာတွင် ၇.၈ သန်းမှာ အာဆီယံ နိုင်ငံများက ဖြစ်ကြောင်း ထိုင်းခရီးသွား ဝန်ကြီးက ပြောသည်။

မြိတ်ပင်လယ်ပြင်ရှိ နေ့ချင်းပြန် လည်ပတ်နိုင်သည့်နေရာများမှာ လေးကျွန်း၊ ရေပြည့်အော်ကျွန်း၊ ဒုံကျွန်း (ဒုံးရေတံခွန်၊ ဆလုံတိုင်းရင်းသားများ နေထိုင်ကြသည့် ဒုံးညောင်မှိုင်းရွာ၊ ဒဟွန်အော်)၊ နတ်သမီး ရေတွင်းကျွန်း၊ ပိန္နဲကျွန်း၊ မလိငှက်သိုက်၊ လိပ်ဥတောင်၊ ပန်းဇင်ရွာ လေ့လာရေး ခရီးစဉ်၊ သဘာဝဒီရေတောများ ဖြစ်ကြ သည့် လမု၊ လမဲ့တောများ လေ့လာခြင်း တို့ ပါဝင်ကြောင်း မြိတ်ခရိုင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဋ္ဌာနမှ သိရသည်။
တနင်္သာရီတိုင်းဒေသသည် ထိုင်း နိုင်ငံနှင့်ဆက်စပ်နေပြီး ခရီးသွားမှု မြှင့် တင်လာနိုင်မည့်ဒေသတစ်ခု ဖြစ်မည်ဟု မျှော်လင့်ကြောင်း မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုညွှန်ချုပ် ဦးအောင်အေးဟန်က ယင်းအခမ်းအနား တွင် ပြောကြားခဲ့သည်။