မွန်အမျိုးသားနေ့ စစ်ရေးပြ အခမ်းအနားများဖြင့် ကျင်းပ

0
495

မွန်ပြည်သစ်ပါတီသည် တပို့တွဲ လဆုတ် ၁ ရက်တွင်ကျရောက်သည့် (၆၉) ကြိမ်မြောက်မွန်အမျိုးသားနေ့ကို နေရာ ၄ ခု၌ စစ်ရေးပြ အခမ်းအနားများဖြင့် စည်ကားစွာ ပြလုပ်ကျင်းပခဲ့သည်ဟု သိရသည်။

မွန်ပြည်သစ်ပါတီ၊ ရေးတောင်ပိုင်း ရှိ ဝယ်ဇင်စခန်းတွင် လည်းကောင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ် တောင် ဘောက်ရွာတွင် လည်းကောင်း၊ ကော့က ရိတ်မြို့နယ် ကော့ဂေရွာတွင် လည်း ကောင်း၊ မွန်ပြည်သစ်ပါတီဗဟိုအဆင့် အနေဖြင့် ရေးချောင်းဖျားဒေသရှိ ပနန်း ဘုံရွာတွင်လည်းကောင်း ပြုလုပ်ကျင်းပ ခဲ့သည်ဟု မွန်ပြည်သစ်ပါတီ၊ ထားဝယ် ခရိုင်ဥက္ကဌ နိုင်အောင်မငေးက ပြော သည်။
mon_solidert
“ကျွန်တော်တို့ပါတီအနေနဲ့ စစ် ရေးပြအခမ်းအနားနဲ့ အင်အားပြ ပြုလုပ် ခဲ့တယ်။ ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီအနေနဲ့လည်း မွန်အမျိုးသား နေ့ ထုတ်ပြန်ကြေညာချက်တစ်စောင် ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရဲ့ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီထွန်းကားရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးဖော်ဆောင်နိုင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဒီမိုကရေစီ အင်အားစုများ၊ ပြည်သူလူထုတစ်ရပ် လုံးနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက် တွန်းထားတာပါ” ဟု ၎င်းက ပြောသည်။

မွန်အမျိုးသားများအတွက် ယနေ့ ပြည်တွင်း နိုင်ငံရေးအလှည့် အပြောင်း ခေတ်ကာလ နိုင်ငံရေးရေစီကြောင်းထဲ သို့ ဘ၀တူတိုင်းရင်းသားများနှင့် ပူး ပေါင်း ပါဝင်နိုင်ရန်အတွက် အဓိက ထား အလျင်အမြန် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ မွန်တစ်မျိုးသားလုံး စုစု စည်း စည်း အချိတ်အဆက်မိမိဖြင့် မိမိတို့၏အမျိုးသားရေးကို လက်တွေ့ကျကျကြိုး ပမ်းဆောင်ရွက်ကြရန် အခြေအနေက လည်း တောင်းဆိုနေပြီဖြစ်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

“အစိုးရသစ်ဖွဲ့ပြီးတဲ့ နောက်ပိုင်းမှာ လက်တွေ့ကျတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အကောင်ထည်ဖော်နိုင်မှုကို လေ့လာ အကဲခတ်စောင့်ကြည့်ရဦးမှာဖြစ် ပါတယ်” ဟု နိုင်အောင်မငေးက ဆက် ပြောသည်။

ဝယ်ဇင်စခန်းတွင် ပြုလုပ်သည့် အဆိုပါအခမ်းအနားသို့ ဒေသနေပြည်သူ လူထု ၂၀၀၀ ခန့် တက်ရောက်ခဲ့ကြပြီး မွန်ပြည်သစ်ပါတီမှ အမျိုးသား၊ အမျိုး သမီးများပါဝင်သော စစ်ရေးပြစစ်ကြောင်း များက ပါဝင်ချီတက်ခဲ့ကြသည်။