သာဂရမြို့ဟောင်း တူးဖော်မှုအခြေအနေ အစီရင်ခံစာပြုစု

0
412

လက်ရှိ ထားဝယ်မြို့နေရာသို့ မပြောင်းရွေ့မီ နောက်ဆုံးတည်ခဲ့သော သာဂရမြို့ဟောင်း တူးဖော်မှု အခြေ အနေကို အစီရင်ခံစာ ပြုစုလျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြ တိုက်ဦးစီးဌာန (ထားဝယ်ဌာနခွဲ)ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ဖေဖော် ဝါရီ ၁၈ ရက်နေ့အထိ သာဂရမြို့ဟောင်း တွင် ကုန်းအမှတ် SGR 3 နှင့် SGR 4 တို့အပြင် ရှေးလူနေထိုင်ခဲ့သည်ဟု ယူဆ ရသောHabitation Site တစ်ခုကို လည်း စမ်းသပ်တူးဖော်ခဲ့ကြောင်း၊ ယင်းသို့ တူးဖော်တွေ့ရှိချက်နှင့် ပတ်သက်၍ အစီရင်ခံစာပြုစုလျက်ရှိပြီး မတ်လအတွင်း ယဉ်ကျေးမှုဝန်ကြီးဌာနကို တင်ပြသွား မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသ နနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ထားဝယ် ဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
thargaya_old_city_find
“အခုက တူးပြီးလို့ အစီရင်ခံစာ ပြုစုနေပါတယ်။ နှစ်ပတ်သုံးပတ်ထဲမှာ ဝန်ကြီးဌာနကို တင်ဖို့ရှိပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
ကုန်းအမှတ် SGR ၃ တွင် မြေအိုး ခြမ်းကွဲများ၊ တိုင်ကျင်းများနှင့် ခဲဒင်္ဂါး တို့ကို တွေ့ရှိခဲ့ရပြီး ဒေသအခေါ် ပျူသင်္ချိုင်းဟု ခေါ်သည့် SGR 4 တွင် အရိုးအိုးအလုံး ၃၀ ကျော်ကို တွေ့ရှိခဲ့ ကြောင်း ၎င်းက ပြောသည်။

လူနေထိုင်ခဲ့သည်ဟု ယူဆရသည့် Habitation Site ကို စမ်းသပ်တူး ဖော်ရာတွင် မြေအိုးခြမ်းကွဲများနှင့် ပုတီး စေ့များကို တွေ့ရှိခဲ့ကြောင်း ယင်းဦးစီး ဌာန ထံမှ သိရသည်။

သာဂရမြို့ဟောင်း ဧရိယာ အတွင်း ရှိ ကုန်းအမှတ် SGR 1 ကို ၁၉၉၉-၂၀၀၀ ခုနှစ်တွင်လည်းကောင်း၊ ကုန်း အမှတ် SGR 2 ကို ၂၀၀၀-၂၀၀၁ ခုနစ် တွင်လည်းကောင်းတူးဖော်ခဲ့ပြီး အကြောင်း အမျိုးမျိုးကြောင့် နှစ်ပေါင်း ၁၅ နှစ်ကြာမှ ကုန်းအမှတ် SGR 3 ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ပြန်လည်တူးဖော်ခဲ့ ခြင်းဖြစ်ကြောင်း ရှေးဟောင်း သုတေ သနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန (ထားဝယ်ဌာနခွဲ)ထံမှ သိရသည်။
သာဂရမြို့ကို သမန္တမင်းက သက္က ရာဇ် ၁၁၃ ခုနှစ်တွင် တည်ခဲ့ပြီး မင်း ဆက် ၇ ဆက်ပြီးနောက် သက္ကရာဇ် ၂၇၀ တွင် မြို့ပျက်ခဲ့သည်။ ယင်းနောက် မြို့ကို ထပ်မံပြုပြင်ကာ ဇလွန်မြို့အဖြစ် ထပ်မံတည်ခဲ့ပြီး မင်းဆက် ၂၀ ကျော်ပြီး နောက် မင်းနဲလှက လက်ရှိထားဝယ်မြို့ နေရာတွင် ၁၁၁၆ ခုနှစ်တွင် မင်းနေပြည် တော်အသစ်တည်ခဲ့ကြောင်း ထားဝယ် ဆရာတော်တစ်ပါးဖြစ်သည့် အရှင် ဥာဏ၀ရ ပြုစုသော ထားဝယ်လူမျိုး၊ စကားနှင့် စာပေစာတမ်းအရ သိရသည်။