မြေသယ်ယာဉ်အချို့ အရှိန်ပြင်းစွာ မောင်းနှင်နေသည့်အပေါ် ဝေဖန်မှုမြင့်တက်

0
416

ထားဝယ်ဒေသတွင် မြေသယ်ယာဉ် ကားကြီးအချို့ မြို့အတွင်းနှင့်မြို့ အနီး တစ်ဝိုက်မြေ၊သဲနှင့်ကျောက်များ သယ်ယူပို့ဆောင်ရာတွင် တင်နိုင်သည့် ဝန်အားထက် ပိုမိုတင်ဆောင်ခြင်းနှင့် အရှိန်ပြင်းစွာ စည်းကမ်းမဲ့မောင်းနှင်မှု များအပေါ် ဒေသခံပြည်သူများမှ ဝေဖန် မှုမြင့်တက်လျက်ရှိသည်။

တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် စီမံကိန်းကာလတွင် မြေသယ်ကားကြီးများ မြို့အတွင်းဝင်ရောက် မောင်းနှင်မှုအား နားလည်လက်ခံနိုင် သော်လည်း စည်းကမ်းမဲ့ မြေသယ် ဆောင်ခြင်းနှင့် အရှိန်ပြင်းစွာမောင်းနှင် မှုများကြောင့် ယာဉ်တိုက်မှုအန္တရာယ် ဖြစ်ပွားမည်ကို စိုးရိမ်မိကြောင်း ဒေသ ခံများက ပြောသည်။
truck_carry_soil
“မြေသယ်ယာဉ်မောင်း အများစုက သတ်မှတ်လိုင်စင်လည်း မရှိကြဘူးထင် တယ်”ဟု ထားဝယ်မြို့ခံ တစ်ဦးဖြစ်သူ ကိုသူရက ပြောသည်။
သက်ဆိုင်ရာဌာနများက ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း ကြပ်မတ် ဆောင်ရွက်ရာတွင် ဆိုင်ကယ်စီးနင်း မောင်းနှင်မှုများကိုသာ စစ်ဆေးအရေးယူမှုများပြုလုပ်ခဲ့ကြပြီး လုပ်ငန်းသုံး မြေသယ်ယာဉ်များအား စစ်ဆေးကြပ် မတ်မှုမရှိကြောင်း ကိုသူရက ဆက်ပြော သည်။
မြေသယ်ကားပေါ် တင်ဆောင် လာသည့် မြေများလမ်းမပေါ် ဖိတ်စင် ရာမှ ဆိုင်ကယ်စီးနင်းသူများ မျက်လုံး ထဲဝင်ကာ ယာဉ်တိုက်မှု ဖြစ်ပွားနိုင် သဖြင့် တာလပတ်အုပ်ပြီးမှ သယ်ယူ သင့်သည်ဟု ထားဝယ်မြို့ ဇရစ်ရပ်ကွက် မှ ကိုဖြိုးဖြိုးက ဆိုသည်။

ထားဝယ်မြို့အတွင်း နိုင်လွန် ကတ္တရာခင်းထားသည့်အတွက် မြေသယ် ယာဉ်များ မြို့အတွင်း မဝင်သင့်ဘဲ ဝင် ရောက်မည်ဆိုပါက သက်ဆိုင်ရာဌာန ခွင့်ပြုချက်ရပြီးမှသာ ဝင်ရောက်သင့် ကြောင်း အမှတ်(၈) ယာဉ်ထိန်းရဲဒုတိယ တပ်ဖွဲ့ခွဲမှူးရုံးမှ ရဲမှူးစိုးဝင်းက ဆိုသည်။
“မြေသယ်ကားတွေ မြို့ထဲဝင်ခွင့် ပြုမယ်ဆိုရင်လည်း ကန့်သတ်အချိန်နဲ့ ကန့်သတ်ချက်တွေ ထားသင့်တယ်” ဟု ရဲမှူးစိုးဝင်း ကပြောသည်။
မြို့ထဲဝင်သည့် မြေသယ်ကား များအား ယာဉ်ထိန်းရဲတပ်ဖွဲ့က တွေ့ ရှိပါက သတ်မှတ်စည်းကမ်းချက်များနှင့် ညီ/မညီ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း ၎င်းက ပြောသည်။

မြေသယ်ကားများသည် မြို့ထဲ ဝင်မည်ဆိုပါက တစ်နာရီလျှင် မိုင် ၂၀ နှုန်းထက်ပို၍ မောင်းနှင်ခွင့်မရှိကြောင်း သိရသည်။