ဖောင်းတောကျေးရွာက ဘုရားဝတ္တကမြေ ပြဿနာ ရှင်းပေးပါ

0
1503

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ ဖောင်းတောကျေးရွာ၏ အရှေ့ဘက် တောင်ရိုးတန်းကလေး ပေါ်တွင် ရှေးလူကြီးများမှ ရှေးဟောင်း ဘုရားစေတီ တစ်ဆူကို ရွာသားများ ကိုးကွယ်နိုင်ရန် တည်ထားခဲ့ရာတွင် ယခုအချိန်ထိ တောင်ရိုးတန်းကလေး ပေါ်တွင် တည်ရှိနေဆဲ ဖြစ်ပါသည်။

၎င်းတောင်ရိုးတန်းကလေးပေါ်တွင် တည်ထားသော စေတီ၏ အရှေ့ ဘက် တွင် လူနေအိမ်များနှင့် ဥယျာဉ်ခြံ မြေများ ရှိပါသည်။ တောင်ဘက်တွင် မော်ကြီးကျေးရွာ ရှိပါသည်။ မြောက် ဘက်တွင် နှစ်ပေါင်းများစွာ မြေခွန်ပြေစာ ထမ်းဆောင်လျက်ရှိသော ဦးအောင်လှ အမည်ပေါက် ဦးပိုင် အမှတ် ၅၆၁ မြေဧရိ ယာ (၂.၇၃) ဧကရှိသော ဥယျာဉ်ခြံမြေ တစ်ကွက်တည်ရှိပြီး အနောက်ဘက်တွင် ဖောင်းတောကျေးရွာ တည်ရှိပါသည်။
ရှေးဟောင်းစေတီတည်ထားသော တောင်ရိုးတန်းကလေး၏ အရှေ့ဘက် အောက်ခြေတွင် လူနေအိမ်များနှင့် ဥယျာဉ်ခြံမြေများ ရှိနေသည့်အတွက် ဥ ယျာဉ်ခြံမြေများနှင့် လူနေအိမ်များသို့ သွားရောက်ရန် ရှေးဟောင်းဘုရားစေတီ တည်ကတည်းက ဘုရားလမ်း၊ ရွာလမ်း၊ လူသွားလမ်းဟူ၍ ရှေးလူကြီးများ၏ လုပ်အားဖြင့် လမ်းတစ်လမ်း ဖောက်လုပ် ပေးခဲ့ပါသည်။ ယင်းလမ်းမှ ဘုရားစေတီ ကိုလည်း သွားနိုင်ပြီး ဥယျာဉ်ခြံမြေနှင့် လူနေအိမ်များကိုလည်း သွားနိုင်သည့် အပြင် အရေးပေါ်နေ့ည အချိန်အခါမရွေး ရွာသူ^ရွာသားများ၏ နာဖျားရေးအတွက် အားကိုးအားထား အသုံးပြုသော ပင်မ လမ်းကြောင်းလည်း ဖြစ်ပါသည်။
ဘုရားစေတီ တည်ထားစဉ် ကတည်းက ယခင်လူကြီးများ ဖောက် လုပ်ပေးထားခဲ့သော ဘုရားလမ်း၊ ရွာလမ်း၊ လူသွား လမ်း၏ လက်ယာဘက် တွင် ယခင်က လူနေအိမ်များရှိနေပါသည်။ ဘုရားလမ်း၊ ရွာလမ်း၊ လူသွားလမ်း၏ လက်ဝဲဘက်တွင် ယခင်တိုင် တည်ရှိ နေသော ဦးအောင်လှ အမည် ပေါက် နှစ်စဉ်မြေခွန်ပြေစာ ထမ်းဆောင်  နေသည့် (၂.၇၃) ဧက ဧရိယာရှိ သော ဥယျာဉ်ခြံမြေ ဖြစ်ပါသည်။ ၎င်းဥယျာဉ်ခြံ မြေကွက်ကို ခြံပိုင်ရှင် ဦးအောင်လှသည် ဖောင်းတောကျေးရွာတွင် ယခုတည်ရှိ နေသော ဇေယျသီတာရုံ ကျောင်းထိုင် ဆရာတော်အရှင်”သီလဝံသ” အား ဘုရားတည်ရန်အတွက် ၁၃၇၁ ခုနစ် နတ်တော်လဆန်း (၁၁) ရက်နေ့ တွင် (၁၂.၁၂.၂၀၀၉) တွင် ဘုရားဝတ္တက မြေ အဖြစ် စာချုပ်ဖြင့် ဂေါပကအဖွဲ့အား အသိ သက်သေထားပြီး လှူဒါန်းထား သော မြေဖြစ်ပါသည်။
ဘုရာလမ်း၊ ရွာလမ်း၊ လူသွားလမ်း ၏ လက်ယာဘက်တွင် ယခင်ကရှိနေ သော လူနေအိမ်ခြံမြေများဝယ်ယူ၍ တည်ထားသည့် အခြားဘုန်းတော်ကြီး ကျောင်း တစ်ကျောင်းရှိရာ ယင်းကျောင်းမှ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ သည့်အခါ ဆရာတော်၏ ရုပ်ကလာပ် တော်ကို ဦးအောင်လှ လှူဒါန်းထားသော ဘုရားဝတ္တက မြေကွက်ထဲတွင် ဝင် ရောက် ဂူသွင်းခဲ့ထားခဲ့သည်။
မပြုလုပ်ရန် အကြိမ်ကြိမ် တားမြစ် သော်လည်း လုံးဝ ဂရုမစိုက်ဘဲ ယနေ့ ထက်တိုင်ထားရှိ နေဆဲဖြစ်ပါသည်။
ထို့အပြင် နောက်ထပ် ဇရပ် ၂ ဆောင်၊ အုတ်ရေကန် ၁ ခုကိုလည်း ထပ်မံဆောက်လုပ်ပါသည်။
ထို့အပြင် ဇေယျသီတာရုံကျောင်းမှ နှစ်စဉ် သီတင်းကျွတ်လဆန်းတွင် ပြုလုပ်ကျင်းပလျက်ရှိသော ဝင်္ဂဘာ ဘုရား လှည့်လည်သော လမ်းဖြစ်သည့် ဦးအောင်လှ လှူဒါန်းထားသော ၂.၇၃ ဧက မြေထဲမှ ဘုရာလှည့် လမ်းကြောင်း ကိုလည်း အဆိုပါကျောင်းမှ ဂေါပက အဖွဲ့နှင့် တကာ၊ တကာမများ ပါဝင်ပြီး လမ်းပိတ်လိုက်တဲ့အတွက် ယနေ့ အချိန်ထိ ဝင်္ကဘာဘုရားလှည့်လည် ခွင့် မရရှိဘဲ ဖြစ်နေပါသည်။
အဆိုပါကျောင်း ဂေါပကအဖွဲ့မှ ပြုလုပ်သည့်အခါတိုင်းတွင် ဇေယျာသီ တာရုံ ကျောင်းဂေါပကအဖွဲ့မှ အချိန်နှင့် တပြေးညီ တိုင်း၊ ခရိုင်၊ မြို့နယ် မှ သက်ဆိုင်ရာ အာဏာ ပိုင်များအား တိုင်ကြားခဲ့ပါသည်။
သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့များ မှလည်း ကွင်းဆင်း စစ်ဆေးခြင်း များ ပြုလုပ်ပြီး မကျူးကျော်ရန်နှင့် ဝင်္ဂဘာ လှည့်လမ်းကိုလည်း ပြန်လည်ဖွင့်  လှစ်ပေးရန် အမိန့်စာများကိုလည်း လုပ်ပေးခဲ့ပါသည်။သို့သော်လည်း အမိန့်စာပါအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိသည့် အတွက် သက်ဆိုင်ရာ အာဏာပိုင်များသို့ ပြန်လည်တိုင်ကြားသည့်အခါတွင် ရေဖြူ မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကျောင်းတစ်ကျောင်းလျှင် ကျောင်းတစ် ကျောင်းလျှင် ဂေါပက သုံးဦးစီခေါ်ယူပြီး ဆက်လက် ပြုလုပ် ဆောင်ရွက်ခြင်း မပြုလုပ်ကြရန် သဘော တူလက်မှတ်များ ရေးထိုးကြ သော်လည်း ထူးမခြားနားသာ ဖြစ်ဆဲဖြစ်သည်။
ထို့ကြောင့် သက်ဆိုင်ရာ တာဝန် ရှိသူများအနေဖြင့် အဆိုပါ မြေပြဿနာ အား ပြတ်ပြတ်သားသား ထိထိ ရောက် ရောက် မြန်မြန်ဆန်ဆန် ဖြေရှင်း ပေးပါ ရန် အယ်ဒီတာ့ထံ ပေးစာ ကဏ္ဍမှ တဆင့် ဖော်ပြလိုက်ရပါည်။

ဂေါပကအဖွဲ့
ဇေယျသီတာရုံ ဘုန်းတော်ကြီး ကျောင်း
ဖောင်းတောကျေးရွာ၊ ရေဖြူမြို့နယ်။