အိပ်မက်များကို စိစစ်ပါ

0
919

လူတိုင်းသည် ဘ၀တွင် ကွဲပြားသည့်အိပ်မက်များ ရှိကြသည်။ အထူးသဖြင့် လူငယ်ဘ၀ရောက်သည့်အခါ အိပ်မက်များသည်ပို၍ ရုပ်လုံး ပေါ် ပီပြင်လာတတ်သည်။ အဆိုတော်ဖြစ်ချင်ခြင်း၊ အင်ဂျင်နီယာဖြစ်ချင်ခြင်း၊ ရူပဗေဒ ပညာရှင် ဖြစ်ချင်ခြင်း၊ ရုပ်ရှင်မင်းသားဖြစ်ချင်ခြင်း စသဖြင့်အမျိုးမျိုး အဖုံဖုံ။


အိပ်မက်များကို အကောင်အထည်ဖော်ရန် မိမိမက်သည့်အိပ်မက်သည် မည်သို့သော အိပ်မက်ဖြစ်သည်ကို သိရန်လိုအပ်ပေသည်။
ဥပမာ – အဆိုတော်ဖြစ်ချင်သည်ဆိုပါက သက်မွေးဝမ်းကျောင်း ပြုလိုသည် အဆင့်လား၊ အပျော်တမ်းအဆင့်လား ကွဲပြားစွာသိရပါမည်။
အင်ဂျင်နီယာဖြစ်ချင်သည်ဆိုလျှင်လည်း မိမိပတ်ဝန်းကျင်၏ တွန်းအားကြောင့်ထင်ယောင်ထင်မှားဖြစ်မှုလား၊ အမှန်တကယ်နှစ်လိုလုပ်ကိုင်ခြင်းလာ။

ရူပဗေဒ ပညာရှင်ဖြစ်ချင်ဆိုလျှင်လည်း ကမ္ဘာကျော် ရူပဗေဒပညာရှင်များကို အားကျပြီး လိုက်လုပ်ကြည့်ချင်တာလား၊ ကိုယ်တိုင် ရူပဗေဒပညာရှင်ဖြစ် အောင်လုပ်ပြီး လူသားတွေအတွက်အကျိုးပြုချင်တာလား စသဖြင့်ကွဲကွဲပြားပြား ရှင်းရှင်းလင်းလင်း သိရပေမည်။ အိမ်မက်များကိုကွဲကွဲပြားပြား ရှင်းရှင်းလင်းလင်း သိအောင် လုပ်ရသည်မှာ လွယ်ကူသည့်အလုပ်တော့ မဟုတ်။
မိမိကိုယ်မိမိမညှာတမ်း မေးခွန်းမေးရမည်။ ထို့အပြင်မိမိကိုယ်မိမိ ရိုးသား ရမည်။ အိပ်မက်များနှင့်ပတ်သက်ပြီး မညှာတမ်း မေးခွန်းမမေးပါကအိပ်မက်များ ကို ကွဲကွဲပြားပြား မသိဘဲ စမ်းတစ်ဝါးဝါးနှင့် အချိန်ကုန်လူပမ်း ဖြစ်တတ်သည်။

မေးခွန်းမည်မျှပင်မေးပါစေမိမိကိုယ်မိမိ ရိုးသားမှု မရှိပါကအဖြေမှန် ရမည်မဟုတ်ပေ။ အဆိုပါအခြေအနေသည်အိပ်မက်တစ်ခုကို အကောင်အထည် ဖော်ပြီး လမ်းတစ်ဝက်ရောက်မှ ပြန်လည်ဆန်းစစ်မေးခွန်းမေးသူများ ပိုကြုံရ မည်ဖြစ်သည်။
အလုပ်တွင်လစာအဆင်ပြေနေသည့်အတွက်၊ လူအထင်ကြီးခံရသည့်အတွက် သာယာနေသည်ကိုကိုယ့်ကိုယ်ကိုယ် ဝန်မခံဘဲ ယင်းအလုပ်ကိုတကယ်လုပ် ချင်သည် ယင်းသို့တကယ်ဖြစ်ချင်သည်ဟု ကိုယ့်ကိုကိုယ်လိမ်နေတတ်သည်။

ထို့ကြောင့်ရိုးသားရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထို့အပြင်မိမိအိပ်မက်နှင့် ဆက်စပ်ပြီး ကြုံလာရသည့်အခက်အခဲများနှင့်ပတ်သက်ပြီး အခြားသူများကို လက်ညိုးထိုး အပြစ်ရှာသည်အကျင့်ကလည်း အိမ်မက်များကိုကွဲပြား ရှင်းလင်း စွာသိဖို့ရန် အဟန့်အတား ဖြစ်စေသည်။
အခြားသူများကို အပြစ်တင်နေသည့်အတွက်မိမိတော်အိရော်အိသာ ဖြစ်ချင် ၍ စွမ်းစွမ်းတမံမလုပ်သည်ကို သတိမမူမိဘဲတကယ်ဖြစ်ချင်သည်ဟု ထင်နေ တတ်ပြန်သည်။ ထို့ကြောင့်အိပ်မက်များကိုကွဲပြားစွာသိရန်အဆိုပါအချက်များ ကိုအလေးထား ရန်လိုပေသည်။
သို့မှသာ မိမိအိပ်မက်မှန်ကိုထင်းရှင်းစွာသိမည်ဖြစ်ပြီး အားကောင်းမောင်း သန်အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ သို့မှသာမိမိရောက်ချင်သည့်ခရီး ပန်းတိုင်အရောက် သွားနိုင်မည်ဖြစ်သည်။