ထားဝယ်ဖားအောက်တောရတွင် ရွှေစည်းခုံပုံတူစေတီ တည်မည်

0
386

ထားဝယ်မြို့၊ ဇဟာကျေးရွာအုပ်စု၊ ကဒွန်းရှောင်ရွာရှိ ဖားအောက်တောရ ဗုဒ္ဒသာသနာ့ရိပ်သာခွဲတွင် ရွှေစည်းခုံ ပုံတူစေတီ တည်မည်ဖြစ်ကြောင်း ဖားအောက်တောရ ဗုဒ္ဒသာသနာ့နဂ္ဂဟ အဖွဲ့ရုံးထံမှ သိရသည်။

ထားဝယ်ဖားအောက်တောရ၏ သာသနာ့မြေအဖြစ် လျှောက်ထားဆဲ နေရာတွင် အောက်ခြေ ၆၃ ပေ ပတ် လည်၊ ဥာဏ်တော် ၅၄ ပေ ရှိ ရွှေစည်း ခုံပုံတူ အကာလိကစေတီပုထိုးကို တည် ထား ကိုးကွယ်မည်ဖြစ်ကြောင်း အထက် ပါ အဖွဲ့ရုံးထံမှ သိရသည်။

“လက်ရှိကတော့ အောက်ခြေဖောင် ဒေးရှင်းချနေတယ်” ဟု ဖားအောက်တောရ ဗုဒ္ဒသာသနာ့နုဂ္ဂဟအဖွဲ့ရုံးထံမှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။
စေတီတွင် လှိုဏ်ဂူများ ပါဝင်မည် ဖြစ်ပြီး ယင်းလှိုဏ်ဂူများအတွင်း တရား အားထုတ်နိုင်ရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် စေတီပုံစံကို ရေးဆွဲ လျက်ရှိပြီး စေတီပြီးစီးမည့်အချိန်မှာ အလှူ ငွေ ရရှိသည့်အပေါ်မူတည်၍ အချိန်ကန့် သတ် မရှိကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။