နွေရာသီ သောက်သုံးရေ အတွက် ကြိုတင်ပြင်ဆင်ရန် နည်းလမ်း မရှိတော့ပြီလော

0
444

အယ်နီညိုကြောင့် ယခင်နှစ်တွေထက် ရေရှား ပါးနိုင်သည့် လာမည့်နွေရာသီတွင် သောက်သုံးရေ ကို ချွေတာရန်နှင့် မျှဝေပေးရန်မှတပါး ကြိုတင် ပြင်ဆင်ရမည့် အခြားနည်းလမ်းမရှိတော့ကြောင်း ထားဝယ်သား ရေပညာရှင်တစ်ဦးဖြစ်သူဦးကျော် ဦးက ပြောကြားသည်။

ရေရှာရမည့်အချိန် နီးကပ်လွန်းပြီဖြစ်သည့် အတွက် ယခုနှစ်အတွက်အထူးတလည်ကြို ပြင် ဆင်ရန်အချိန်မရတော့ဘဲ ရေတိုနည်းလမ်း အဖြစ် သောက်သုံးရေသုံးစွဲမှုကိုချွေတာရန်နှင့် ရေပေါ သည့်နေရာမှ ရေရှားပါးသည့်နေရာကို သယ်ယူပို့ ဆောင်ရန်တို့ကိုသာ လုပ်ဆောင်ရတော့မည် ဖြစ်ကြောင်း ထားဝယ်ဒေသတွင် ရေအရင်း အမြစ် အခြေအနေအစီရင်ခံစာကိုပြုစုရန် စီစဉ်နေသူ ဦးကျော်ဦးကဆိုသည်။
“ဒီနှစ်အတွက်ဆိုရင် အခုမှစပြင်ဖို့ မလွယ် တော့ဘူး။ အချိန်ကအရမ်းကပ်လွန်းနေပြီ။ ရေတို နည်းနဲ့ပဲဖြေရှင်းလို့ရမယ်။ ရေတွင်းထဲမှာ ရေ ၃ ပေ ကျန်မယ်ဆိုရင်အခုကတည်းကချွေ တာသုံးပေါ့။ ဒီနည်း တစ်နည်းပဲရှိတယ်။ နောက်တစ်နည်းက ရေပေါတဲ့နေရာက ရေပြတ်တဲ့နေရာတွေကိုရေတွေ သယ်ပေး။ အဲဒီနည်းလောက်ပဲရှိတော့တယ်” ဟု ၎င်းကဆိုသည်။

ရေအခက်အခဲဖြစ်ပါကတိုင်း/ခရိုင်/မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနများတွင် အကူအညီ တောင်းခံနိုင်ကြောင်း တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။ “လောလောဆယ်အစီအစဉ်က မြို့နယ် ၁၀ မြို့နယ် က ကျေးလက်ဦးစီးမှူးတွေကနေပြီး တော့မနှစ်က ရေခမ်းတဲ့ရေခမ်း တဲ့ရွာတွေကို စာရင်းကောက်တယ်။ အသေးစိတ် အချက်အလက်တွေကို ယူ ထားတယ်”ဟု အထက်ပါဦးစီးဌာနမှတိုင်း ဦးစီးမှူး ဦးသက်ပိုင် ကပြောသည်။

လိုအပ်သည့်ရေပမာဏနှင့် ရေရနိုင်မည့် အနီးစပ်ဆုံးကျေးရွာ စသည်တို့ကို စာရင်း ကောက်ယူထားပြီးသယ်ယူပို့ ဆောင်ရေး အတွက် အရေးပေါ်အသုံးပြုနိုင်ရန် ခန့် မှန်းကုန်ကျနိုင်ခြေစရိတ်ကိုလည်း တောင်း ခံထားကြောင်း ဦးသက်ပိုင်က ဆိုသည်။
မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီး ဌာနတို့နှင့် ပူးပေါင်းကာလိုအပ်သည့် နေရာများကို သောက်သုံးရေများလှူဒါန်း မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

၎င်းအပြင် ရွေးကောက်ပွဲ အနိုင်ရ ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ရေရှားပါးမှုနှင့်ပတ်သက် ၍ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိ ကြောင်း ယင်းပါတီထံမှသိရသည်။

ပါတီ၏ ရပ်^ကျေးကော်မတီများ ကို ရေကြို တင်သိုလှောင်ထားရန်လိုအပ် ပါက မြို့နယ်ကို အကြောင်းကြားရန် ညွှန်ကြားထားပြီး မြို့နယ်မှလိုအပ်သည့် နေရာများကိုလိုက်လံ လှူဒါန်းပေးမည်ဖြစ် ကြောင်း ယင်းပါတီ၏ ထားဝယ်မြို့နယ် အတွင်းရေးမှူးက ပြောဆိုထားသည်။
ရေတိုဖြေရှင်းရန်အတွက်တိုင်းဒေသကြီးအစိုးရကလည်း ရေသုံးစွဲမှုနှင့်ပတ် သက်သည့်ပညာပေးမှုများ ပြုလုပ်သင့် သည်ဟု ရေပညာရှင်ဦးကျော်ဦးက ပြော သည်။
ရေတိုအတွက်ပြင်ဆင်သည့်နည်းတူနောင်နှစ်များတွင် ရေရှားပါးမှုမရှိစေ ရေး ရေရှည် ကြိုတင်ပြင်ဆင်မှုများကိုလာမည့်မိုးရာသီကတည်းက လုပ်ဆောင် သင့်ဟု ၎င်းကပြောသည်။

သောက်ရေအတွက်ကွန်ကရစ်ရေ ကန်များတည်ဆောက်ခြင်း၊ သုံးရေ အတွက် ရေအလွယ် တကူမြေကြီးအတွင်း စိမ့်မဝင်နိုင်သည့်နေရာများတွင်ရေကန်များ တူးဖော်ခြင်းတို့ကို ဆောင်ရွက်သင့် သည့်အပြင် တစ်နှစ်ထက်တစ်နှစ်ပိုခမ်း လာသည့်မြေအောက်ရေကိုလည်း ပြန်လည်ဖြည့်ဆည်းရန်လိုအပ်သည်ဟု ဦးကျော်ဦးကဆိုသည်။

“မြေကြီးအောက်ကရေခိုနိုင်တဲ့မြေလွှာတွေနဲ့မြေကြီးပေါ်က ရေစိမ့်ဝင်နိုင်တဲ့ နေရာတွေနဲ့ အဆက်အစပ်တွေရှိတယ်။ အဆက်အစပ်တွေရှိတဲ့နေရာတွေမှာရေကန်တွေဆောက်ပြီး မိုးရေတွေကိုသို လှောင် လိုက်မယ်ဆိုရင်သူ့ဟာသူအလိုလို မြေအောက်စိမ့်ဝင်လိမ့်မယ်” ဟု ၎င်းက ပြောသည်။

ထားဝယ်ဒေသတွင် မြေအောက်ရေ တူးဖော်ရမှုမှာ တစ်နှစ်ထက်တစ်နှစ် နက်လာကြောင်း လုပ်သက်နှစ် ၂၀ ကျော် ရှိသည့် ထားဝယ်မြို့ခံ စက်ရေတွင်း တူး သူတစ်ဦးက ပြောသည်။

ရပ်ကွက်အပေါ် မူတည်၍စက် ရေတွင်း အတိမ်အနက်ကွာခြားပြီး ပျမ်းမျှ အားဖြင့် ထားဝယ်တွင် ၂၀၀၆ ခုနှစ်ဝန်း ကျင်က စက်ရေတွင်းကိုအနက် ပေ ၂၀ သာ တူးဖော်ရသော်လည်း ၂၀၁၄ ခုနစ် တွင်မူမြေအောက်ရေရှိရန် ပေ ၅၀၊ ပေ ၆၀ ခန့်တူးဖော်လာရကြောင်း ၎င်းကဆို သည်။
ယခုနှစ်တွင်မူ ပေ ၁၅၀၊ ၂၀၀ အနက်အထိတူးဖော်မှသာ မြေအောက် ရေရှိတော့သည်ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနစ်နွေရာသီက မြန်မာနိုင်ငံတစ်ဝန်းတွင် ကျေးရွာပေါင်း ၄၅၀ကျော်တွင် ရေလုံးဝပြတ်လပ်ခဲ့ပြီး ယခုနှစ်တွင်အယ်နီညိုကြောင့် ရေရှားပါး မှု ပိုမိုဆိုးရွားစေနိုင်သောကြောင့် ရေကို ချွေတာသုံးစွဲကြရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ်က တိုက်တွန်းပြော ဆိုထား သည်။
ယခုနှစ်အယ်နီညိုသည်သမိုင်းတစ် လျှောက်အပြင်းထန်ဆုံးဖြစ်ပြီး မြန်မာ နိုင်ငံတွင်လည်း အယ်နီညိုကြောင့်အပူချိန် မြင့်ကာသောက်သုံးရေ ပြတ်လပ်နိုင် ကြောင်း ကျွမ်းကျင်ပညာရှင်များက သတိပေး ပြောဆိုထားသည်။